Statement 987 Views

OCHA အကြီးအကဲ၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

August 22nd, 2023  •  Author:   514 Civil Society Organizations  •  7 minute read
Featured image

OCHA အကြီးအကဲ၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၂၂ ရက်

အလွန်ပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ၏ ကြိုးပမ်းမှုများသည် မှတ်သားဖွယ်ဖြစ်သော်လည်း Mr. Griffiths ၏ ခရီးစဉ်သည် သိသိသာသာ အောင်မြင်မှုများ ကင်းမဲ့နေပြီး၊ စစ်အုပ်စုက ယင်းခရီးစဉ်ကို ဝါဒဖြန့်ချိရေးအဖြစ် အသုံးချခဲ့ခြင်းအပေါ် အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၁၄ ဖွဲ့က အလွန်အမင်း စိုးရိမ်ပါသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ပါဝင်သက်ဆိုင်သူများ၊ ဝန်ဆောင်မှုများပေးနေသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တရားဝင် ထိတွေ့ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းသည်။

Mr. Griffiths ၏ ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်တွင် “အကူအညီများကို မြန်မာနိုင်ငံ တစ်ဝှမ်းသို့ လုံခြုံစွာနှင့် ရေရှည် ပေးပို့နိုင်ရန်မှာ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခင်းအကျင်း ရရှိရေးသည် အလွန်ပင်အရေးကြီးကြောင်း” အခိုင်အမာပြောဆိုသည်ကို တွေ့ရှိရသည်။ အခြေခံမူများအား လိုက်နာကျင့်သုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ဟုဆိုလျှင် OCHA နှင့် အခြားသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အေဂျင်စီများက အကူအညီများကို လက်နက်သဖွယ် အသုံးချနေသည့်အပြင် မြန်မာပြည်သူများ ခံစားနေရသော အတိဒုက္ခများ၏ မူလဇစ်မြစ်ဖြစ်သော ရာဇ၀တ်သား တရားမဝင် စစ်အုပ်စုနှင့် ချိတ်ဆက်လုပ်ကိုင်နေမှုများကို ဖြတ်တောက်ပစ်ရမည် ဖြစ်သည်။ အတိအကျဆိုရလျှင် OCHA သည် နိုင်ငံအနှံ့အပြားရှိ နယ်မြေများစွာကို ထိန်းချုပ်ထားပြီး ဒေသန္တရ ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် အကူအညီများ ပေးပို့နေသည့် တရားဝင်မှုရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ချက်ချင်းမိတ်ဖက်ဖွဲ့ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အပါအဝင် မြေပြင်တွင် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ထိရောက်စွာ ပံ့ပိုးပေးနေသည့် အရပ်ဘက်လူထု အဖွဲ့အစည်းများ ပါဝင်သည်။ ထိုသို့သော ပါဝင်သက်ဆိုင်သူများတွင် လက်လှမ်းမီ လုပ်ဆောင်နိုင်မှု၊ တရားဝင်မှုနှင့် လုပ်ဆောင်နိုင်စွမ်း ရှိကြသည့်အပြင် အရေးအကြီးဆုံး အချက်ဖြစ်သည့် စစ်အုပ်စုတွင် လုံးဝမရှိသော ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိထားသူများလည် ဖြစ်ကြသည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအပြင် အခြားဒေသများရှိ လူထုအသိုင်း အဝိုင်းများအား  ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သော မိုခါဆိုင်ကလုန်း တိုက်ခတ်မှုအပြီး သုံးလအကြာမှသာ သွားရောက်နိုင်ခဲ့သော ဤခရီးစဉ်ကို ထောက်ရှုလျှင် စစ်အုပ်စုသည် ထိခိုက်ခံစားနေရသည့် လူထုအသိုင်းအဝိုင်းများ၏ ကြီးမားသော လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းလိုသည့် စိတ်ဆန္ဒ လုံးဝ မရှိသည်ကို သက်သေပြနေသည်။ ထိုအစား OCHA ၏ ထိုခရီးစဉ်သည် နိုင်ငံတကာ အသိအမှတ်ပြုမှု နှင့် တရားဝင်မှု ရရှိရေး ကြိုးပမ်းနေသည့် စစ်အုပ်စုအတွက် ဝါဒဖြန့်ချိရေး လက်နက်တစ်ခု ဖြစ်လာသည်။ OCHA ၏ သတင်းထုတ်ပြန်ချက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အရှိန်အဟုန် မြင့်မားလာရခြင်း၏ အကြောင်းရင်းမှာ စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု များကြောင့်ဖြစ်ခြင်း သို့မဟုတ် မိုခါဆိုင်ကလုန်း ဘေးဒဏ်သင့်သူများကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လက်လှမ်းမီနိုင်မှုအား ပိတ်ဆို့ထားခြင်းအားဖြင့် စစ်အုပ်စုမှ လက်နက်သဖွယ် အသုံးချနေသည် ဆိုသည့်အချက်များကိုမူ ထိန်ချန်ထားသည်။

စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီ လက်လှမ်းမီရေးနှင့် ဝင်ရောက် လုပ်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး သဘာဝဘေးဒဏ် ခံစားနေရသည့် ထိခိုက်အလွယ်ဆုံးသော လူမှုအသိုင်းအဝိုင်းများထံသို့ အကူအညီများ မရောက်ရှိစေရန် ကန့်သတ်တားဆီးထားရုံမျှမက ၎င်းတို့သည် တစ်နိုင်ငံလုံး ပြည်သူများ ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်စေသည့် အဓိကတရားခံများလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ ဖော်ပြချက်အရ စစ်အုပ်စု၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်သော မီးရှို့မှု၊ စစ်ကြောင်းထိုးမှု၊ တရားလက်လွတ် သတ်ဖြတ်မှုများ၊ အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုများက “ပို၍များပြားလာနေပြီး မျက်နှာပြောင်တိုက် မထီမဲ့မြင် ကျူးလွန်သော  စစ်ရာဇ၀တ်မှုများ” ၏ ခိုင်မာသော သက်သေအထောက်အထားပင် ဖြစ်သည်။ ဤဆိုးရွားပြင်းထန်သော ရာဇ၀တ်မှုများအပြင် အကူအညီပေးရေး လုပ်သားများကို ပစ်မှတ်ထားခြင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးပို့ခြင်းအပေါ် ဆိုးရွားသော ကန့်သတ်ချက်များက လက်ရှိစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းရေးကြိုးပမ်းမှုကို ငြင်းပယ်နေသည့် ပြည်သူလူထုအပေါ် စုပေါင်းဒဏ်ခတ်ခြင်းလည်း ဖြစ်သည်။ ၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေး၌ တင်ပြခဲ့သော အစီရင်ခံစာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က “စစ်တပ်သည် ၎င်း၏ ထိန်းချုပ်မှုကို အခိုင်အမာရရှိရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် ဥပဒေ၊ ဘဏ္ဍာရေးနှင့် ဗျူရိုကရေစီဆိုင်ရာ လိုအပ်ချက်များစွာကို ချမှတ်လာသောကြောင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ လှုပ်ရှားလုပ်ဆောင်နိုင်သော နေရာနှင့် အသက်ကယ်ဆယ်ရေး အကူအညီ ပေးအပ်ခြင်းများအပေါ် ဆိုးရွားသော လျှော့ချမှုများ ဖြစ်ပေါ်ကြောင်း” ထောက်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များတွင် အသုံးပြုသည့် ဝေါဟာရ အသုံးအနှုန်းများနှင့် ကိုက်ညီမှု မရှိသည့်အပြင် မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသော “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုသည့် အသုံးအနှုန်းကို OCHA ၏  သတင်းထုတ်ပြန်ချက်တွင် ပါဝင်နေသည်ကို မိမိတို့မှ ထပ်မံသတိပြုမိပါသည်။ မင်းအောင်လှိုင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဌအဖြစ် ရည်ညွှန်းသုံးနှုန်းခြင်းသည် ၎င်းကိုယ်၎င်း အစိုးရ၏ အကြီးအကဲဖြစ်သည်ဆိုသော မင်းအောင်လှိုင်၏ ပြောဆိုချက်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သည်။ OCHA ၏ လက်ရှိချဉ်းကပ်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျူးလွန်နေသော စစ်အုပ်စု၏ အကြမ်းဖက်ရေးလှုပ်ရှားမှုအား ပိုမိုအတင့်ရဲလာစေမည်ကို မိမိတို့မှ စိုးရိမ်ပူပန်ပါသည်။ ထိုသို့သော OCHA ၏ လုပ်ရပ်များသည် ၎င်း၏ တာဝန်ဖြစ်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးနှင့် သက်သာလျော့ပါးစေရေး လုပ်ဆောင်ရမည့်အစား လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကျပ်အတည်းကို ပို၍ ဆိုးရွားလာစေမည် ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ဤကဲ့သို့သော ခရီးစဉ်မျိုးမှတစ်ဆင့် သံတမန်ရေး တရားဝင် အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေချိန်တွင် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှု များကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလိုအပ်ဆုံးသော သန်းနှင့်ချီသည့် ပြည်သူများအတွက် အနှစ်သာရရှိသော အကျိုးခံစားခွင့်များ ရရှိစေရေးကို OCHA မှ  သေချာစွာ လုပ်ဆောင်ပေးရမည် ဖြစ်သည်။ OCHA ဝန်ထမ်းများအတွက် ရခိုင်ပြည်နယ်၏ အချို့သော ဒေသများသို့ သွားရောက်ခွင့် ရရှိရေးမှာ အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်နေသကဲ့သို့ စစ်အုပ်စုမှ အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့တောင်နှင့် အနောက်မြောက်ပိုင်းရှိ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများထံ သွားရောက်နိုင်ရေးမှာလည်း  အလားတူပင် အရေးကြီးသည်။ စစ်အုပ်စုသည် ထိုကဲ့သို့သော ဒေသများကို ထိရောက်စွာ ထိန်းချုပ်မှု မရှိသကဲ့သို့ ထိခိုက်ခံစားနေရသော ပြည်သူများထံ လက်လှမ်းမီရောက်ရှိနိုင်ခွင့်ကိုလည်း ပေးနိုင်မည် မဟုတ်ပေ။ တစ်ဘက်တွင် ဒေသန္တရအုပ်ချုပ်ရေးနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လှုပ်ရှားလုပ်ဆောင်သူများသည် ထိခိုက်ခံစားနေရသည့် လူမှုအသိုင်းအဝိုင်းများထံ အကူအညီများကို ထိရောက်စွာ ပေးအပ်နိုင်ကြပြီး ၎င်းတို့အတွက် အရင်းအမြစ်များ ပိုမိုပံ့ပိုးပေးရမည် ဖြစ်သည်။

OCHA သည် လက်ရှိ ၎င်း၏ ကျရှုံးနေသော ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ပြီး အကူအညီ အလွန်လိုအပ်နေသော မြန်မာပြည်သူများအား အမှန်တကယ် ဝန်ဆောင်မှုပေးနိုင်မည့် ခိုင်မာ အားကောင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည် ဖြစ်သည်။ OCHA ၏ လုပ်ပိုင်ခွင့် အာဏာနှင့် မည်သူမျှထိခိုက်နစ်နာမှု မရှိစေရေး အခြေခံမူများကို လိုက်နာရန် ၎င်းသည် အကူအညီများ ပေးအပ်ရာတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးပို့ခြင်းအပါအဝင် မြေပြင်တွင် အသက်ကယ်ရေး ဝန်ဆောင်မှုများကို ထိရောက်စွာ ပံ့ပိုးပေးနေသည့် ဒေသန္တရ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုများပေးနေသော တိုင်းရင်းသား အဖွဲ့အစည်းများ၊ နေရာအနှံ့တွင် ရောက်ရှိနေသော မြန်မာပြည်သူများ၊ နွေဦးတော်လှန်ရေး၏ ဒေသန္တရအုပ်ချုပ်ရေး အင်အားစုများ၊ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်သူများ၊ ERO များ၊ NUG တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် မိတ်ဖက်အဖြစ် ပူးတွဲလုပ်ဆောင်ခြင်းများကို ချက်ချင်းလုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာစစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးချနေခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကုလသမဂ္ဂ အေဂျင်စီများသည် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါအဖြစ် ပါ၀င်နေကြောင်း ဝေဖန်ပြစ်တင် ခံနေရသော်ငြား ယင်းလုပ်ဆောင်မှုများမှာ လက်လှမ်းမီရေးဆိုသည့် ခေါင်းစဥ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ OCHA သည် မအောင်မြင်နေသော လူသားချင်းစာနာထောက်ထားမှု ပုံစံများကို ပြန်လည်အသက်သွင်းရန် မတတ်နိုင်တော့သဖြင့် တရားမ၀င် စစ်အုပ်စုအား ယုံကြည်လက်ခံမှုနှင့် အဆင့်အတန်း တစ်ခုကို တိတ်တဆိတ် ပေးအပ်လာခြင်း ဖြစ်သည်။ ယင်းအစား OCHA သည် ဆန်းသစ်တီထွင်မှုရှိရှိဖြင့် ဒေသန္တရ ဝန်ဆောင်မှု ပေးသူများကို ပံ့ပိုးကူညီပေးရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ပါဝင်သက်ဆိုင်သူများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းကသာ တရားမဝင် စစ်အုပ်စုက ကျူးလွန်ထားသော ရက်စက်ကြမ်းကြုတ်လှသည့် နိုင်ငံတကာရာဇ၀တ်မှုများ၏ ဒဏ်ကို ခံရသည့် ထိခိုက်နစ်နာသော လူထုအသိုင်းအဝိုင်းများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အထိရောက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ပေးအပ်နိုင်ရေးကို သေချာစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • မော်ဖရေမြာ၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ [email protected]
  • နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ [email protected]
  • Salai Za Uk Ling၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ [email protected]

 ဤထုတ်ပြန်ကြေညာချက်ကို အမည်မဖော်လိုသော အဖွဲ့အစည်း ၂၆၀ ဖွဲ့အပါအဝင် မြန်မာ၊ ဒေသတွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင် ၅၁၄ ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။

  1. 5/ of Zaya State Strike
  2. 8888 Generation (New Zealand)
  3. Action Against Myanmar Military Coup (AAMMC)
  4. Action Committee for Democracy Development (Coalition of 14 grassroots networks)
  5. Action Committee of Basic Education Students
  6. Active Youths Kalaymyo
  7. Ah Nah Podcast – Conversation with Myanmar
  8. All Aung Myay Thar San Schools Strike Force
  9. All Burma Democratic Front in New Zealand
  10. All Burma Indigenous People Alliance (ABIPA)
  11. All Burma Student Democratic Front (ABSDF) – Australia Branch
  12. All Young Burmese League (AYBL)
  13. Alliance of Students’ Union – Yangon (ASU-Yangon)
  14. ALTSEAN-Burma
  15. Anti Dictatorship in Burma – DC Metropolitan Area
  16. Anti-coup Forces Coordination Committee (ACFCC -Mandalay)
  17. Anti – Junta Alliance Yangon – AJAY
  18. Anti – Myanmar Military Dictatorship Network (Australia)
  19. ASEAN Parliamentarians for Human Rights (APHR)
  20. Asia Pacific Solidarity Coalition (APSOC)
  21. Asian Cultural Forum on Development (ACFOD)
  22. Association of Human Rights Defenders and Promoters
  23. Association Suisse-Birmanie
  24. Associazione per l’Amicizia Italia Birmania “Giuseppe Malpeli”
  25. Athan – Freedom of Expression Activist Organization
  26. Auckland Kachin Community NZ
  27. Auckland Zomi Community
  28. Aung San Suu Kyi Park Norway
  29. Australian Karen Organisation (AKO)
  30. A-Yar -Taw People Strike
  31. Ayeyarwaddy West Development Organisation AWDO (Magway)
  32. Ayeyarwaddy West Development Organisation AWDO (Nagphe)
  33. Back Pack Health Worker Team
  34. Better Burma
  35. Blood Money Campaign
  36. Blooming Padauk
  37. Boat People SOS
  38. Burma Action Ireland
  39. Burma Advocacy Group
  40. Burma Campaign UK
  41. Burma Civil War Museum (BCM)
  42. Burma Lawyer Council (BLC)
  43. Burma Medical Association
  44. Burma Support
  45. Burmese Canadian Network
  46. Burmese Community Development Collaboration (BCDC)
  47. Burmese Community Group (Manawatu, NZ)
  48. Burmese Community Support Group (BCSG)
  49. Burmese Medical Association Australia (BMAA)
  50. Burmese Rohingya Welfare Organisation New Zealand
  51. Burmese Women’s Union
  52. CAN – Myanmar
  53. CDM Medical Network (CDMMN)
  54. CDM Support Organisation Mae Sot
  55. Center For Action Point (CAP)
  56. Chaung Oo Township Youth Strike Committee
  57. Chin Community in Norway
  58. Chin Community of Auckland
  59. Chin Human Rights Organization
  60. Civil Information Network (CIN)
  61. Coalition for Democracy
  62. Coalition Strike Committee – Dawei
  63. Commission for Missing Persons and Victims of Violence (KontraS)
  64. Community Association Development
  65. Creative Home
  66. CRPH & NUG Supporters Ireland
  67. CRPH Funding Ireland
  68. CRPH Support Group
  69. CRPH, NUG Support Team Germany – Deutschland
  70. Dahnu Youth Organization
  71. Dawei Youths Revolutionary Movement Strike Committee
  72. Democracy for Ethnic Minorities Organization
  73. Democracy, Peace and Women’s Organization
  74. Democratic Party for a New Society, Norway
  75. Democratic Youth Council
  76. Depayin Township Revolution Steering Committee
  77. Doh Atu – Ensemble pour le Myanmar (France)
  78. Earthrights International
  79. Educational Initiatives Prague
  80. Equality Myanmar
  81. Ethnic Youth General Strike Committee (Mandalay)
  82. Federal Corner
  83. Federal Myanmar Benevolence Group (NZ)
  84. Feminist Equality Justice and Peace (Myanmar)
  85. Finland Myanmar Society Ry
  86. Food Not Bombs
  87. Free Burma Campaign (South Africa) (FBC(SA)
  88. Free Rohingya Coalition
  89. Freedom and Labor Action Group (FLAG)
  90. Future Light Center
  91. Future Thanlwin
  92. Gender Equality Network
  93. General Strike Collaboration Committee (GSCC)
  94. General Strike Committee of Basic and Higher Education
    • Basic Education Worker Unions – Steering Committee
    • Representative Committee of University Teacher Associations
    • Basic Education General Strike Committee
  1. General Strikes Committee of Nationalities – GSCN
  2. Generation Wave
  3. Global Movement for Myanmar Democracy (GM4MD)
  4. Global Myanmar Spring Revolution
  5. Global Myanmar Spring Revolution (Japan)
  6. Global Myanmar Spring Revolution (Korea)
  7. Grass-root People
  8. Human Rights Educators Network
  9. Human Rights Foundation of Monland
  10. Industrial Training Centre (ITC) Family Sydney
  11. Info Birmanie
  12. Initiatives for International Dialogue
  13. Insight Myanmar Podcast
  14. Institute for Asian Democracy
  15. Integria, z.u.
  16. International Association, Myanmar – Switzerland (IAMS)
  17. JMC Inn Lay
  18. Justice For Myanmar
  19. Kachin Association Australia (KAA)
  20. Kachin Association Norway
  21. Kachin Student Union
  22. Kachin Women’s Association Thailand (KWAT)
  23. Kalay Township Strike Force
  24. Kanpetlat Land Development Association
  25. Karen Environment and Social Action Network
  26. Karen Human Rights Group
  27. Karen Office Relief Development (KORD)
  28. Karen Peace Support Network (KPSN)
  29. Karen Swedish Community (KSC)
  30. Karen Women’s Organization (KWO)
  31. Karenni Association – Norway
  32. Karenni Civil Society Network
  33. Karenni National Women’s Organization (KNWO)
  34. Karenni Society New Zealand
  35. Kayan Women’s Organization (KyWO)
  36. K’cho Ethnic Association
  37. Keng Tung Youth
  38. Kyain Seikgyi Spring Revolution Leading Committee
  39. La Communauté Birmane de France
  40. Latpadaung Region Strike Committee
  41. Legal Aid for Human Rights
  42. Let’s Help Each Other
  43. LGBT Alliance
    • LGBT Community Yangon
    • LGBT Alliance Myanmar (Kalay Region)
    • LGBT Alliance Myanmar (Kyaukse Region)
    • LGBT Union – Mandalay
    • Monywa LGBT Strike
  1. MAGGA Initiative
  2. Magway People’s Revolution Committee
  3. Mandalay-Based University Students’ Unions
  4. Mandalay Medical Family (MFM)
  5. Mandalay Regional Youth Association Revolution Core Group
  6. Mandalay Strike Force (MSF)
    • Chanmyatharzi Township People’s Strike
    • Co-operative University Mandalay Students’ Strike
    • Daung Sitthe Strike
    • Industries Strike
    • Maharaungmyay Township People’s Strike
    • Mandalay-based People’s Strike
    • Mandalay Alliance Coalition Strike
    • Mandalar University Students’ Strike
    • Mandalay Youth Strike
    • Multi-Religions Strike
    • Mya Taung Strike
    • Myanmar Institute of Information Technology Students’ Strike
    • No.12 Basic Education Branch High School (Maharaungmyay) Students’ Union
    • Samgha Sammaga – Mandalay
    • Seinpann Strike
  1. Matu Chin Community – NSW/UPU Chin Association
  2. MayMyo Strike Force
  3. Metta Campaign Mandalay
  4. Min Hla farmers Group
  5. Minbu farmers Group
  6. Mindat Chin Community NSW
  7. Mon National Council (MNC)
  8. Monywa-Amyint Road Strike Leading Committee
  9. Monywa People’s Strike Steering Committee
    • All Burma Federation of Student Unions (Monywa District)
    • Civil Society Organizations Coordination Committee (Monywa)
    • Former Political Prisoners and New Generation Group – Monywa
    • National League for Democracy (Monywa Township)
    • Network of University Student Unions – Monywa
    • Thakhin Kodaw Mhine Peace Network (Monywa)
    • The 88 Generation Peace and Open Society (Monywa)
  1. Myanmar Accountability Project
  2. Myanmar Action Group Denmark
  3. Myanmar anti-military coup movement in New Zealand
  4. Myanmar Campaign Network
  5. Myanmar Catholic Community In Norway
  6. Myanmar Community Coffs Harbour (MCC)
  7. Myanmar Community Group Christchurch New Zealand
  8. Myanmar Community Group Dunedin New Zealand
  9. Myanmar Community in Norway
  10. Myanmar Cultural Research Society (MCRS)
  11. Myanmar Democratic Force in Denmark
  12. Myanmar Diaspora Group Finland
  13. Myanmar Engineers – New Zealand
  14. Myanmar Gonye (New Zealand)
  15. Myanmar Hindu Community – Norway
  16. Myanmar Labor Alliance (MLA)
  17. Myanmar People Alliance (Shan State)
  18. Myanmar Students’ Union in New Zealand
  19. Myanmar Teachers’ Federation
  20. Myaung Education Network
  21. Myaung Medical Team
  22. Myaung Youth Network
  23. Myingyan Civilian Movement Committee
  24. Nelson Myanmar Community Group New Zealand
  25. Network for Human Rights Documentation Burma (ND-Burma)
  26. New Zealand Doctors for NUG
  27. New Zealand Karen Association
  28. New Zealand Zo Community Inc.
  29. NLD Organization Committee (International) Norway
  30. NLD Solidarity Association (NSW Chapter)
  31. Norway Falam Community
  32. Norway Matu Community
  33. Norway Rvwang Community
  34. NSW Karenni (Kayah) Communities
  35. Nyan Lynn Thit Analytica
  36. Olive Organization
  37. Open Development Foundation
  38. Overseas Mon Association. New Zealand
  39. Padauk Finland – Myanmar Association
  40. Pale Township People’s Strike Steering Committee
  41. ParChan River Conservation and Development
  42. PFLAG – Myanmar
  43. Progressive Voice
  44. Pwintphyu Development Organisation
  45. Pyi Gyi Tagon Strike Force
  46. Pyithu Gonye (New Zealand)
  47. Rohingya Community in Norway
  48. Rural Community Development Society
  49. Rvwang Community Association New Zealand
  50. Save and Care Organization for Women at Border Areas
  51. Save Myanmar – USA
  52. Save Myanmar Fundraising Group (New Zealand)
  53. Shan Community (New Zealand)
  54. Shan MATA
  55. Shwe Pan Kone People`s Strike Steering Committee
  56. Social Garden
  57. Southern Dragon Myanmar
  58. Southern Youth Development Organization
  59. Spring Friends
  60. Spring Traveller
  61. Student Voice
  62. Sydney Friends For Myanmar Unity
  63. Synergy – Social Harmony Organization
  64. Ta Mar Institute of Development
  65. Ta’ang Women’s Organization (TWO)
  66. Tanintharyi MATA
  67. Taze Strike Committee
  68. Thai Action Committee for Democracy in Burma (TACDB)
  69. The Ladies
  70. The Mindanao Peacebuilding Institute Foundation, Inc. (MPI)
  71. TRF – Myanmar
  72. TRIPNET
  73. Twel Let Myar
  74. Twitter Team for Revolution
  75. S. Campaign for Burma (USCB)
  76. Unitarian Universalist Service Committee (UUSC)
  77. University Students’ Unions Alumni Force
  78. We Pledge CDM (Australia)
  79. Wetlet Revolution Leading Committee
  80. White Coat Society Yangon (WCSY)
  81. Women Activists Myanmar
  82. Women Advocacy Coalition
  83. Women Alliance Burma (WAB)
    • Chindwin (West) Villages Women Strike
    • Dawei ( Ashaetaw) Women Strike
    • Depayin Women Strike
    • Gangaw Women Strike
    • Kalay Women Strike
    • Mandalay Women Strike
    • Monywa-Amyint Road Women Strike
    • Monywa Women Strike
    • Taze Women Strike
    • Thayat Chaung Women Strike
    • Wetlet Township Women Strike
    • Yangon Women Strike
  1. Women’s League of Burma
  2. Yadanabon University Students’ Union
  3. Yasakyo Township People`s Strike Steering Committee
  4. Yinmarpin and Salingyi All Villages Strike Committee
  5. Youth for Democratization of Myanmar (UDM)
  6. Youth Heart Beams
  7. Youths for Community – Myaung
  8. Zomi Association Australia Inc.
  9. Zomi Christian Fellowship of Norway
  10. Zomi Community Norway
  11. ကမ်းလက်ကူ
  12. ခုနစ်စဥ်ကြယ် အဖွဲ့
  13. ဒို့မြေကွန်ရက် – LIOH
  14. ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
  15. နားဆင်သူများ
  16. ပဉ္စမမဏ္ဏိုင်
  17. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  18. ယောဒေသစစ်ဘေးရှောင်ကူညီရေးအဖွဲ့
  19. သောင်ရင်း သတင်းလွှာ

Additional list (Organization who has signed on following publication)

  1. General Strike Committee (GSC)
  2. Justice For All
  3. SEA Junction

ထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ