05 August 2023
“She encourages dialogue.”
The above message was conveyed by Thai Foreign Minister Mr. Don Pramudwinai, who said he met with Daw Aung San Suu Kyi. He revealed it to the media after the ASEAN Foreign Ministers’ Meeting. But it is still difficult to confirm whether Daw Aung San Suu Kyi actually said it.
The military group which is facing increasing pressures on all fronts such as military, political, economic and international, is putting out feelers for the so-called dialogue among the forces of Spring Revolution using the image of jailed Daw Aung San Suu Kyi. Because the word “dialogue” conveyed through Mr. Don is questionable as to who will sponsor between whom and who. The Spring Revolutionary forces are to make a cautious approach to the military group’s sponsored dialogue even if the junta has a burning desire to seek the solution to the military, political and general crisis which are the results of the military coup, through the dialogue. The military group’s sponsored dialogue shall attempt to destroy the unity and strong cooperation of the Spring Revolution forces.
This week, our BNI-Myanmar Peace Monitor’s weekly news review approaches the military-sponsored dialogue and the direction of the Spring Revolution.
သတိပြုရတော့မည့် စစ်အုပ်စုစပွန်ဆာ ဒိုင်ယာလော့
“သူမ ဒိုင်ယာလော့ကို အားပေးပါတယ်”
အထက်ပါပြောစကားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) ၏ တဆင့်စကားဖြစ်သည်။ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောဆိုခဲ့သလား ဟူသည်က အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာရေးရာကအစ ဘက်ပေါင်းစုံမှ ဖိအားပေးခံနေရသော အာဏာသိမ်းစစ်အုပ်စုအနေဖြင့် အကျဉ်းထောင်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချကာ နွေဦးတော်လှန်ရေး အင်အားစုများအကြား ဒိုင်ယာလော့အမည်ခံ လေသံပစ်၊ သွေးတိုးစမ်းခြင်းသာ ဖြစ်နိုင်သည်။ အကြောင်းမူ မစ္စတာဒွန်မှ တဆင့် ပြောဆိုလာသော “ဒိုင်ယာလော့” ဟူသည်ပင် မည်သူနှင့် မည်သူအကြား မည်သူက ကမကထပြု စီမံဆောင်ရွက်မလဲဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် စစ်ရေး၊ နိုင်ငံရေး၊ အထွေထွေအကျပ်အတည်းအား တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် အမှန်တကယ်စိတ်ဆန္ဒပြင်းပြလာသည့်တိုင် နွေဦးတော်လှန်ရေးအင်အားစုများအတွက် စစ်အုပ်စု၏ “စပွန်ဆာဒိုင်ယာလော့”ကို သတိပြုချဉ်းကပ် ရပေလိမ့်မည်။ စစ်အုပ်စု၏ စပွန်ဆာဒိုင်ယာလော့သည် နွေဦးတော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဖြိုခွင်းဖျက်ဆီးရန် ကြိုးပမ်းအားထုတ် ပေလိမ့်မည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.