02 August 2023
ရက်စွဲ။ ။ ဩဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ယနေ့ ဝါဆိုလပြည့်နေ့တွင် အာဏာသိမ်းစစ်အုပ်စုမှ အကျဉ်းကျခံ အကျဉ်းသားများနှင့် အမှုရင်ဆိုင်ဆဲ အကျဉ်းသားများအပေါ် ပြစ်ဒဏ်လျော့ပေါ့ပေးမှုနှင့် ပတ်သက်၍ ကြေညာချက် ၇ စောင်ခွဲ၍ ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်များမှာ
၁) နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်
၂) နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
၃) တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများမှ ထောင်ဒဏ်ကျခံနေရသူ ၂၂ ဦး
၄) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်ဆက်စပ်ပြီး အမှုရင်ဆိုင်နေရသူ ၇၂ ဦး
၅) ထောင်ဒဏ်ကျခံနေရသူ ၇၇၄၉ ဦး
၆) ထောင်ဒဏ်ကျခံနေရသူ နိုင်ငံခြားသား ၁၂၅ ဦး
၇) သေဒဏ်ကျ အကျဉ်းသားတချို့ နှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်အား ချမှတ်ထားသော အမှု ၅ မှ အမှု ၂ ခုနှင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၁၉ ခုမှ အမှု ၅ ခု တို့အား ထောင်ဒဏ်လျော့ပေါ့လိုက်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် သမ္မတကြီး ဦးဝင်းမြင့်သည် အမှု ၂ ခုအတွက် ၂ နှစ်သာ လျော့ပေါ့ခံရကာ ထောင်ဒဏ် (၁၀) နှစ် ဆက်လက်ကျခံရ မည်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၅ ခုအတွက် ၆ နှစ်သာ လျော့ပေါ့ခံရကာ ထောင်ဒဏ် (၂၇) နှစ် ဆက်လက်ကျခံရ မည်ဖြစ်သည်
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနက်မှ MNDAA၊ TNLA၊ SSPP/SSA၊ AA အဖွဲ့အစည်း ၄ ဖွဲ့ နှင့် ဆက်စပ်၍ ထောင်ဒဏ်ကျခံနေရသော ၂၂ ဦးအား ပြန်လည်လွှတ်ပေးခဲ့သည်။
ထောင်ဒဏ်ကျခံရသူ ၇၇၄၉ ဦးအနက် နိုင်ငံရေးအကျဉ်းသားအနည်းစုသာ လွတ်မြောက်လာခဲ့သည်။ အေအေပီပီသည် ယနေ့ နံနက် ၁၀ နာရီအထိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား (၁၂၀) ကျော်အား အတည်ပြုထားပြီး ဆက် လက်အတည်ပြုနေဆဲဖြစ်သည်။
စစ်အုပ်စုသည် အာဏာသိမ်းချိန်မှ စတင်၍ အပြစ်မဲ့ပြည်သူပေါင်း (၂၄၁၃၀) ကို မတရားဖမ်းဆီးခဲ့ခြင်းကို ငြင်းဆိုဆဲဖြစ်သည်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က အခုလို မဖမ်းသင့်တဲ့လူတွေကို အဓမ္မဖမ်းဆီးထားပြီး ပြန်လွတ်ပေးတယ်ဆိုတဲ့ကိစ္စ က နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖြေလျော့လိုက်တယ်ဆိုတဲ့သဘောမဆောင်ပါဘူး။ စစ်အုပ်စုက ဒီလို ကြေညာချက်တွေ ထုတ်ပြန်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့အမြင်ကို လှည့်ဖျားဖို့ လုပ်ဆောင်နေကျဖြစ်ပြီး သူတို့အနေနဲ့ သဘောထားပျော့ပြောင်းတယ်လို့ ပြင်ပကမ္ဘာကို မြင်စေချင်နေတာပါ။ ဒါပေမယ့် တကယ်တမ်းမှာ စစ်အုပ်စုဟာ ဘယ်လို တွေ့ဆုံဆွေးနွေးမှုမျိုးကိုမှ စိတ်ဝင်စားမှုမရှိဘူးဆိုတာ ၂၀၂၁ ခုနှစ် မတရားအာဏာလုယူခြင်း၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် တရားမျှတမှုကင်းမဲ့စွာနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရနိုင်ပါတယ် ဟု ဆိုသည်။
ထို့အပြင် အေအေပီပီ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း အကြမ်းဖက် စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားတွေကို သံတမန်ရေးရာအလျော့အတင်းတွေအတွက် ဓားစာခံတွေအဖြစ် အသုံးချနေတာသာဖြစ်ပြီး အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတဲ့ဟာတွေကလည်း စိတ်ရင်းစေတနာကောင်းရှိရှိနဲ့ လုပ်နေတာမဟုတ်ဘူး။ ဒီနေ့ စစ်အုပ်စုက အခုလို မည်ကာမတ္တ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေတယ်ဆိုပေမဲ့လည်း တချိန်ထဲမှာ ဖိနှိပ်အကြမ်းဖက်မှုတွေကို နိုင်ငံအနှံ့ ဆက်လက်လုပ်ဆောင် နေတာ တွေ့နေရပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လူ (၁၄၄) ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး လူ (၁၀၁) ဦးကို သတ်ဖြတ် ခဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုတပ်သားတွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေဟာ ပြည်သူလူထုကို အကြမ်းဖက်ခြောက်လှန့် နေဆဲပဲဆိုတာ အထင်အရှားပါပဲ ဟု ထပ်လောင်းပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဆက်သွယ်ရန်- [email protected]
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.