18 June 2023
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ပါဝင်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံပွဲကိုဖျက်သိမ်းဖို့ အရပ်ဘက်အဖွဲ့အစည်း သုံးရာကျော်က ထိုင်းယာယီအစိုးရကို ဇွန်လ ၁၈ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ဇွန်လ ၁၈ ရက်ဒီနေ့မှာ စလုပ်ဖို့ ထိုင်းအိမ်စောင့်အစိုးရက စီစဉ်ထားတာဖြစ်ပြီး တွေ့ဆုံပွဲ ဖြစ်၊ မဖြစ်ကိုတော့ ထိုင်းဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီဘက်ကလည်း ဒီနေ့ တွေ့ဆုံပွဲအခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ထိုင်းအိမ်စောင့်အစိုးရရဲ့ လုပ်ရပ်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒကို မျက်ကွယ်ပြုနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရ မဟုတ်တဲ့အပြင် နိုင်ငံရဲ့နယ်မြေတွေကိုလည်း ထိထိရောက်ရောက် ချုပ်ကိုင်နိုင်တာမရှိဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံကို လာရောက်ပြီး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံဝန်ကြီးတွေနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုပါ ထိုင်းအစိုးရက ဖိတ်ကြားထားတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ အဲဒီဆွေးနွေးပွဲကို အချိန်မီဖျက်သိမ်းဖို့ ဇွန်လ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကတော့ မြန်မာပြည်ရဲ့အခြေအနေက တစ်စုံတစ်ရာ တိုးတက်မှုမရှိတဲ့အတွက် အခုအချိန်မှာ အာဆီယံထိပ်သီးအဆင့် အစည်းအဝေးဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်စေ မြန်မာစစ်ကောင်စီပါဝင်ဖို့ အချိန်မတန်သေးဘူးလို့ ဇွန်လ ၁၆ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီကို အလည်အပတ်ရောက်ချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.