လူထုအခြေပြုအဖွဲ့ ၁၉ ဖွဲ့ပူးပေါင်းပြီး CDM တွေကို ပံ့ပိုးကူညီဖို့ ထုတ်ပြန်

25 May 2023

BVJ၊ မေ ၂၅၊ ၂၀၂၃

ဒီနေ့ (မေ၂၅) ရက် နေ့လည်ပိုင်းမှာ “မြန်မာနိုင်ငံ၏ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုကို ထောက်ခံပံ့ပိုးပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို မြန်မာအရပ်ဖက်လူထုအခြေပြုအဖွဲ့ ၁၉ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာထုတ်ပြန်ပွဲမှာ CDM အထက်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဆရာမစု က လက်ရှိ CDM တွေ တွေ့ကြုံနေ ရတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
“ဒီနေ့ မျှဝေမှာက ကျွန်မတစ်ယောက်တည်းရဲ့ အခက်အခဲမဟုတ့်ဘဲ CDM အသိုက်အဝန်းတစ်ခုလုံး တွေ့ကြုံနေရတဲ့ အခက်အခဲဖြစ်ပါ တယ်။ ၂၀၂၁၊ ၇ လပိုင်း ၈ လပိုင်းလောက်မှာ CDM မလုပ်ဘဲ အလုပ်ပြန်ဝင်ဖို့ခေါ်ခဲ့တယ်၊ အဲဒီအချိန်မှာ ပြန်ဝင်ရင် အရေးမယူဘူးလို့ပြောတယ်၊ ဒါပေမဲ့ ပြန်မဝင်တဲ့သူတွေကိုနောက်ပိုင်းမှာ ဖမ်းဆီးတာ အရေးယူတာများလာတဲ့အတွက် CDM တွေက ထွက်ပြေးကြရတယ်။ စစ်ကောင်စီက အလုပ်လုပ်လို့မရအောင် လိုက်လံ တားဆီးခဲ့လို့ ဈေးဆိုင်မှာ ဈေးရောင်းအကူအဖြစ်တောင်မခန့်ကျတော့တဲ့ အခြေအနေကို တွေ့ကြုံခဲ့ရတယ်။ CDM တွေကို Boycott အလုပ်ခံရတဲ့အခြေအနေ ဖြစ်လာတယ်” လို့ပြောပါတယ်။
ဆရာမစုက ဆက်လက်ပြီး စားဝတ်နေရေးနဲ့ လုံခြုံရေးပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ လွတ်မြောက်နယ်မြေတွေဆီကို ထွက်လာကြတဲ့သူတွေအနေနဲ့ တရားဝင်နေထိုင်ခွင့်ရမယ်ဆိုပြီး လိမ်လည်ခံခဲ့ကြရတယ်လို့လည်း ဆက်ပြောပါတယ်။
“လွတ်မြောက်နယ်မြေမှာ အလုပ်လုပ်ဖို့အတွက်နေထိုင်ခွင့်တွေ အလုပ်လုပ်ခွင့်တွေ ရမယ်၊ ပိုက်ဆံပေးရမယ်ဆိုတော့ ပေးလိုက်တာပေါ့လေ။ ဒါပေမဲ့ တကယ် မရခဲ့ဘူး၊ ဒါကြောင့် တရားဝင်နေထိုင်ခွင့်မရှိတဲ့အတွက် လုပ်ခလစာတွေအနှိမ်ခံကြရတယ်” လို့ လည်း ပြောပါတယ်။
ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဒေါ်ခင်ဥမ္မာကတော့ CDM တွေဟာ ကြမ်းတမ်းရက်စက်တဲ့ စစ်အုပ်စုကို ဖြုတ်ချတဲ့နေရာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ မေ့လျော့ခံနေရတယ်လို့ ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်း တွေအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို မမေ့လျော့ဖို့ တိုက်တွန်းထားပါတယ်။

View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia