19 May 2023
[English]
Cyclone Mocha, which originated in the Bay of Bengal, made landfall in Arakan State at 12:30 pm on 14 May, accompanied by powerful winds ranging from 120 to 155 mph. The cyclonic storm with wind speeds exceeding 120 mph was felt in Chin State and Magway Region around 6:30 pm on the same day and persisted until 6:30 pm on 15 May. Subsequently, the storm gradually moved towards Sagaing Region and Kachin State, albeit with reduced wind speeds. Mocha also impacted various regions, including Ayeyarwady Region, Yangon, Bago, Mandalay, and northern Shan State, albeit to varying degrees. The greatest damage and loss of life caused by Cyclone Mocha occurred in Myanmar’s western state of Arakan, followed to varying extents by Chin, Magway, and Sagaing.
Our BNI – Myanmar Peace Monitor (MPM) Weekly News Review takes a look at the inhumane response or true colors of the Myanmar’s military council amidst the catastrophic Cyclone Mocha.
[Myanmar]
ဘင်္ဂလားပင်လယ်အော်မှ အခြေတည်ဖြစ်ပေါ်လာသည့် မိုခါ(Mocha)ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် တစ်နာရီလျှင် မိုင် ၁၂၀ မှ ၁၅၅ နှုန်းအထိ အပြင်းထန်ဆုံး တိုက်ခတ်ကာ ရခိုင်ပြည်နယ်အတွင်း စတင်ဝင်ရောက်ခဲ့သည်။ ထိုနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းကျော်ဖြင့် မေလ ၁၅ ရက် ညနေ ၆ နာရီ ၃၀မိနစ်အချိန်အထိ တိုက်ခိုက်ခဲ့သည်။ ထိုမှတဆင့် လေတိုက်နှုန်းအရှိန်လျော့ကျကာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ခဲ့သည်။ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများကိုလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းက အဖျားရိုက်ခတ်ခဲ့သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်သည် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုနှင့် အသက်သေဆုံးမှု အများဆုံးဖြစ်ခဲ့သည်။ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်တို့သည်လည်း မုန်တိုင်းကြောင့် ထိ ခိုက်ပျက်ဆီးဆုံးရှုံးမှု များပြားခဲ့သည်ကို တွေ့ရပါသည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor အပတ်စဉ်သတင်းသုံးသပ်ချက်အတွက် ဆိုးရွားပြင်းထန်လှသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့်အတူ တွေ့ရှိခဲ့ရသော အာဏာသိမ်းစစ်အုပ်စု၏ လူသားမဆန်သော ပြုမူလုပ်ဆောင်ချက်များ၊ တနည်းအားဖြင့် စစ်အုပ်စု၏ ဥပဓိရုပ်ကို လေ့လာဖော်ထုတ်တင်ပြထားပါသည်။
Download full report in English | Myanmar
View the original
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.