19 May 2023
၂၀၂၃ ခုနှစ် မေလ ၁၉ ရက်
မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၉ ဖွဲ့သည် “အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု – မြန်မာ့နွေဦးတော်လှန်ရေး၏ အုတ်မြစ်တစ်ခု၊ စစ်အုပ်စု အာဏာသိမ်းရန်ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက်ကွယ်မှ အင်အားစု” ဟု အမည်ရသော အစီရင်ခံစာကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲပြုလုပ်၍ မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်လာခဲ့သော အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) ၏ ဆင့်ကဲတိုးတက်ပြောင်းလဲမှုကို အနှစ်ချုပ်တင်ပြထားပြီး CDM တွင်ပါဝင်သူများ ရင်ဆိုင်နေရသည့် အဓိကခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုအချို့ အထူးသဖြင့် လုံခြုံရေး၊ အသက်အိုးအိမ်နှင့် ဆက်စပ်သည့် အခြေအနေများကို မီးမောင်းထိုးတင်ပြထားပါသည်။
နွေဦးတော်လှန်ရေးအစောပိုင်းကာလများတွင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများမှ သိန်းနှင့်ချီသော ပြည်သူ့ဝန်ထမ်းများသည် စစ်အုပ်စုအတွက် တာဝန်မထမ်းဆောင်ပေးကြသည့်အပြင် စစ်အုပ်စု၏ အမိန့်များကိုလည်း မနာခံဘဲ ဆန့်ကျင်ခဲ့ကြသည်။ ထို့နောက် ယင်းလှုပ်ရှားမှုသည် အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍမှ အခြားဝန်ထမ်းများပါ စစ်အုပ်စုနှင့် မပူးပေါင်းမဆောင်ရွက်သော၊ စျေးဝယ်ယူသူများ ကလည်း စစ်တပ်နှင့်ဆက်နွှယ်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်သော ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် အလျင်အမြန် အသွင်ပြောင်းလဲလာခဲ့သည်။ CDM တွင်ပါဝင်သူများသည် စစ်အုပ်စုလက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆိုခဲ့ကြပြီး ဆိုးရွားသော အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်ပင် မြန်မာစစ်အုပ်စု၏ တိုက်ခိုက်မှုများ မြင့်တက်လာနေသည့် ကြားက မြန်မာပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အခြား မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးနေကြဆဲ ဖြစ်သည်။
ယခုပြုလုပ်မည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများမှ CDM သည် ကနဦးတွင် စစ်အုပ်စု၏ လုပ်ရပ်အပေါ် တုံ့ပြန်ခြင်း သို့မဟုတ် တာဝန်မထမ်းဆောင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုလုပ်ခြင်းတို့မှနေ၍ မြန်မာနိုင်ငံတွင် ယခင်ကရှိခဲ့ဖူးသည့် လူထုလှုပ်ရှားမှုများထက် ပို၍ခိုင်မာအားကောင်းပြီး မတူကွဲပြားသော ပါဝင်မှု ပိုမိုစုံလင်သည့် လူထုအင်အားမှတစ်ဆင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်တစ်ရပ် တည်ဆောက်ရေး လှုပ်ရှားမှုတစ်ရပ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲလာမှုကို ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့အပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဆိုသည့်အပေါ် နားလည်လက်ခံထားသည့် သမားရိုးကျအမြင်များကိုလည်း တန်ပြန်ဆွေးနွေးမည် ဖြစ်သကဲ့သို့ နိုင်ငံတကာ မဟာမိတ်များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံအသစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေသည့် မြန်မာပြည်သူများနှင့် မည်သို့သွေးစည်းညီညွတ်စွာ ရပ်တည်နိုင်သည်ဆိုသည့် အကြံပြုတိုက်တွန်းချက်များ နှင့် အခွင့်အလမ်းများကိုလည်း ပါဝင်ဆွေးနွေးမည့်သူများမှ တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။
ဤဆွေးနွေးပွဲကို မြန်မာနှင့် အင်္ဂလိပ် ဘာသာစကား နှစ်မျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဘာသာ စကားနှစ်မျိုးလုံးအတွက် တိုက်ရိုက်ဘာသာပြန်ဝန်ဆောင်မှုလည်း ရှိပါသည်။
နေ့ရက်။ ။ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက် (ကြာသပတေးနေ့)
အချိန်။ ။ နေ့လည် ၁၂း၃၀ – ၁၃း၃၀ (မြန်မာစံတော်ချိန်)
မှတ်ပုံတင်ရန်။ ။ https://bit.ly/3WllSI8
ပါဝင်ဆွေးနွေးမည့်သူများ
တင်ဆက်ဆွေးနွေးသူ (Moderator)
ပါဝင်ဆွေးနွေးသူများကို အွန်လိုင်းဆွေးနွေးပွဲ မတိုင်မီနှင့် အပြီးတွင် အင်တာဗျူး ပြုလုပ်နိုင်ပါသည်။ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးစလုံးဖြင့် မေးမြန်းနိုင်ပါသည်။
အချက်အလက်များ ပိုမိုသိရှိလိုပါက နှင့်/သို့မဟုတ် ထုတ်ဝေမည့်အစီရင်ခံစာကို ကြိုတင်ရယူလိုပါက [email protected] သို့ဆက်သွယ်၍ ရယူနိုင်ပါသည်။
အစီရင်ခံစာကို အောက်ပါအဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၁၉ ဖွဲ့မှ ပူးတွဲထုတ်ပြန်ထားပါသည်။
ကျန်ရှိသော လေးဖွဲ့သည် လုံခြုံရေးကြောင့် အမည်ဖော်ပြနိုင်ခြင်း မရှိပေ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.