U.S. Embassy Statement on Cyclone Mocha Response Efforts

17 May 2023

U.S. Embassy Statement on Cyclone Mocha Response Efforts

[English]

As the widespread devastation caused by Cyclone Mocha becomes known, we join the people of Myanmar in mourning those lost and are taking immediate action to support humanitarian response efforts. Through the U.S. Agency for International Development (USAID), the United States is providing an initial $200,000 to supplement ongoing relief activities. This additional funding will provide for critical shelter, water, sanitation, and hygiene assistance in Rakhine and Chin States.

In the days prior to Cyclone Mocha’s landfall, U.S. government partners mobilized humanitarian response operations, including prepositioning emergency food, shelter materials, core relief items, and medical supplies.

The U.S. government is working with partners on the ground to evaluate impact and priority needs. It is critical that humanitarian organizations be able to access and serve those communities most in need. The United States is committed to continuing to help those affected in the days, weeks, and months ahead.

[Burmese]
ဆိုက်ကလုန်းမိုခါ တုံ့ပြန်ရေးအားထုတ်မှုများအပေါ် အမေရိကန်သံရုံးထုတ်ပြန်ချက်
ဆိုက်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိကြောင်းကို ကြားသိရသည်နှင့် ဤသို့ပျက်စီးဆုံးရှုံးမှုများနှင့်တွေ့ကြုံခဲ့ရသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြပါသည်။ ဆောင်ရွက်လျက်ရှိသည့် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားပါမည်။ ဤ အသစ်ထပ်မံထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် ဖြစ်ပါသည်။
ဆိုက်ကလုန်းမိုခါ ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ​ ရက်ပိုင်းအတွင်းကပင် အမေရိကန်အစိုးရ၏ မိတ်ဖက်များသည် အရေးပေါ်စားနပ်ရိက္ခာများ၊ အမိုးအကာပစ္စည်းများ၊ အဓိကကျသောကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကြိုတင်နေရာရွှေ့ပြောင်းခြင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အသင့်ပြင်ဆင်ထားခဲ့ကြပါသည်။

ထိခိုက်မှုနှင့် ဦးစားပေးလိုအပ်ချက်များကို သုံးသပ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည် မြေပြင်မှ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးပါသည်။ ရှေ့လာမည့် ရက်များ၊ သီတင်းပတ်များနှင့် လများအတွင်း ဘေးသင့်သူများကို ဆက်လက်၍ ကူညီသွားရန် အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန်ချထားပါသည်။


Download statement

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia