03 May 2023
တင်အောင်ခိုင် (ဘန်ကောက်) | 2023.05.03
ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို သတင်းယူနေသည့် သတင်းသမားအချို့အား တွေ့ရစဉ်။ Photo: RFA
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမားများ ရင်ဆိုင်ရတဲ့ ခြိမ်းခြောက်ခံရမှုနဲ့ အခြေအနေတွေကြောင့် မူလနေထိုင်ရာနေရာတွေကနေ ရွှေ့ပြောင်း ကြရပြီး လွတ်မြောက်နယ်မြေတွေကို ရောက်ရှိလာကြသလို အိမ်နီးချင်းနိုင်ငံတွေက တစ်ဆင့်လည်း တတိယနိုင်ငံတွေကို ရောက်သွားကြတာတွေ ရှိပါတယ်။ တချို့ကျ တော့လည်း နေမြဲအတိုင်း လှုပ်ရှားနေကြတာတွေလည်း ရှိကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှာ မိမိလုပ်ရမယ့်တာဝန်ကိုလုပ်လို့ ဖမ်းဆီးခံရသူတွေထဲမှာ သတင်းမီဒီယာတွေပါဝင်နေပါတယ်။ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ကို တာဝန်ယူသူတွေလို့ တင်စားခံထားရသူတွေဟာ ဆန္ဒပြပွဲ တွေမှာ စစ်ကောင်စီရဲ့ ကြမ်းတမ်းရက်စက်မှုတွေကို ဖော်ထုတ်မှုနဲ့ အရေးယူခံကြရပါတယ်။
“မြန်မာမီဒီယာ ရုန်းကန်ကြိုးစားနေချိန်မှာ အာဏာသိမ်းပြီး ထောင်ချတာတွေ လုပ်လိုက်တော့ ကျွန်တော်တို့က ဘယ်အခြေအနေ ပြန်ရောက်သွားသလဲဆိုတော့ ၁၉၉၅ ပတ်ဝန်းကျင် ထောက်လှမ်းရေးခေတ်ကို ပြန်ရောက်သွားတယ်”
အရေးယူခံရပြီး ပြန်လွှတ်ပေးလိုက်သူတွေဟာလည်း အချိန်မရွေးပြန်ဖမ်းလို့ရတဲ့ ခံဝန်ချက် တွေ အမျိုးမျိုးထိုးပြီးမှ ဘယ်အချိန် ပြန်လာဖမ်းမယ်ဆိုတာကို စိုးရိမ်ပြီးနေကြရပါတယ်။ ဒီအခြေအနေမှာ ကိုယ်နေထိုင်ရာအရပ်တွေက ရွှေ့ပြောင်းရပါတော့တယ်။ အိမ်နီးချင်းနိုင်ငံ ကို သွားရောက်ခဲ့သူ ဘီဘီစီ သတင်းထောက်ဟောင်းတစ်ဦးပြောပြတာက –
“ဖမ်းတဲ့အခါ အရမ်းဆိုးတာပေါ့လေ။ ဒီနေ့ဖမ်းသွားပြီး မနက်ဖြန်သေသွားနိုင်တယ် အဲ့လိုအခြေအနေဖြစ်တဲ့ အခါကျ၊ တိမ်းရှောင်ကြရတယ်ပေါ့ အများစုက။ လွတ်မြောက်နယ်မြေ ဥပမာ- ကရင်နဲ့နီးတဲ့သူဆို ကရင်၊ ကယားနဲ့ အဲ့ဒီကတစ်ဆင့် တခြားတတိယနိုင်ငံတွေကို သွားကြတာတွေရှိကြောင့် မြန်မာမီဒီယာကတော့ တော်တော်လေး ကို စိတ်မကောင်းစရာတွေ ဖြစ်ရတာပေါ့”
တချို့မီဒီယာတွေကျတော့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်အောင် အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်လိုက်ပြီး ဆက်လက်လှုပ်ရှားနိုင်မယ့်နည်းလမ်းကိုရှာဖွေရတယ်လို့ လုပ်ငန်းလိုင်စင် များပိတ်သိမ်းခံရတဲ့ မီဒီယာ ၁၃ ခုမှာပါတဲ့ မဇ္ဈိမ သတင်းဌာနက အယ်ဒီတာချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးဦးစိုးမြင့်က ပြောပါတယ်။
“မဇ္ဈိမအနေနဲ့ကတော့ စီစဉ်ထားတဲ့အတိုင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရုံးတွေကို စွန့်လွှတ်လိုက်ပါတယ်။ စစ်တပ်အုပ်ချုပ်နေတဲ့ ဒေသတွေမှာပဲ ရှောင်ပုန်းပြီးတော့ အခုအချိန်အထိ အလုပ်လုပ်နေ ပါတယ်။ ဒါပေမဲ့ အဲဒီဟာနဲ့လည်း မလုံလောက်ပါ ဘူး၊ ဒီထက်ပိုပြီး လုံခြုံတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအုပ်ချုပ်တဲ့ ဒေသတွေ မှာလည်း အခြေစိုက်ရွှေ့ပြောင်းပြီး လုပ်ဆောင်ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ လုပ်ဆောင်လို့ မရတဲ့သူ တချို့ဆိုရင် နယ်စပ်ဒေသ အိန္ဒိယ၊ ထိုင်း စတဲ့ဒေသတွေကို သွားရပါတယ်။ မရရတဲ့နေရမှာ ဆက်လုပ်မယ်ဆိုပြီး လုပ်ကြတာပါ”
ဒီအခြေအနေဟာ အရင် စစ်အာဏာရှင် နဝတ၊ နအဖ လက်ထက်အခြေအနေကို နောက်ပြန်ဆုတ်သွားတဲ့ အခြေအနေလို့ ဘီဘီစီ သတင်းထောက်ဟောင်းတစ်ဦးက ပြောပါတယ်။
မုံရွာအခြေစိုက် သတင်းသမားများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ပါဝင်ဆန္ဒပြကြစဉ်။ (Photo: Citizen Journalist)
မုံရွာအခြေစိုက် သတင်းသမားများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ပါဝင်ဆန္ဒပြကြစဉ်။ (Photo: Citizen Journalist)
“သမ္မတဦးသိန်းစိန်တက်လာပြီး ၂၀၁၀-၁၁ အချိန်ပိုင်းတွေမှာ စာပေစိစစ်ရေး ပြုလုပ် ပြီးနောက်ပိုင်း မြန်မာမီဒီယာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်လာပြီး အာဏာ မသိမ်းခင်မှာ ကိုဗစ်လှိုင်း ရိုက်ခတ်ခံရတယ်။ ဒီဂျစ်တယ်လှိုင်း ရိုက်ခတ်ခံရတယ်ပေါ့၊ ဒီအချိန် မြန်မာမီဒီယာ ရုန်းကန်ကြိုးစားနေချိန်မှာ အာဏာသိမ်းပြီး ထောင်ချတာတွေ လုပ်လိုက်တော့ ကျွန်တော်တို့က ဘယ်အခြေအနေ ပြန်ရောက်သွားသလဲဆိုတော့ ၁၉၉၅ ပတ်ဝန်းကျင် ထောက်လှမ်းရေးခေတ်ကို ပြန်ရောက်သွားတယ်”
အခုလို ဆုတ်ကပ်ဖြစ်နေတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ အခက်အခဲတွေကြား ထဲကပဲ ပြည်သူကို သတင်းတွေ တင်ပြနိုင်ခဲ့ပြီး ကြည့်ရှုသူ၊ ဖတ်ရှုသူ ပိုများလာတဲ့ အခြေ အနေဟာ ပြည်သူ့အားပေးမှုကို သက်သေထူနိုင်ခဲ့တယ်လို့ ဦးစိုးမြင့် က ပြောပါတယ်။
“အခုကြည့်ရှုသူတွေဟာ ၁၀၀% တချို့ ၃၀၀% ကြည့်သူ ဖတ်သူတွေပိုများလာတာကို ထောက်ခြင်းအားဖြင့် လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ သတင်းသမားတွေက သူတို့ အလုပ်ကို သူတို့ ကျေပွန်စွာ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ သက်သေထူနိုင်ခဲ့ပါတယ်။ ပြည်သူကလည်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို မရရအောင် ဖတ်မယ်ဆိုတာကို ညွှန်းဆိုပြနေပါတယ် ခင်ဗျာ”
ဒါကတော့ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အချိန်အတွင်း ကျရောက်လာတဲ့ အန္တရာယ်များ ကြောင့် ရှောင်ပုန်းပြေးလွှားရင်း သတင်းလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေကို ရှိတဲ့အခြေ အနေဖြစ်အောင် ပြည်သူရဲ့နား၊ မျက်စိတွေဖြစ်တဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ကြိုးပမ်းမှုတွေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.