ကျရှုံး အလုပ်မဖြစ်သည့် မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ကို ပြင်ဆင်ရန် အချိန်ကျပြီ

17 April 2023

ကျရှုံး အလုပ်မဖြစ်သည့် မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက်  ၅ ချက်ကို ပြင်ဆင်ရန် အချိန်ကျပြီ

ကျရှုံး အလုပ်မဖြစ်သည့် မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ကို ပြင်ဆင်ရန် အချိန်ကျပြီ

By ခင်ဥမ္မာ၊ Adelina Kamal

အာဆီယံခေါင်းဆောင်များနှင့် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပြီး အာဆီယံမူ(၅)ချက်ကို ထုတ်ပြန်ခဲ့သည်မှာ ဧပြီလ ၂၄ ရက်နေ့ တွင် ၂ နှစ်တင်းတင်း ရှိပြီဖြစ်သည်။

၂ နှစ်တာ ကာလအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်တွင် ပါ၀င် သည့် မည်သည့် အချက်ကိုမျှ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ အာဆီယံ မူ ၅ ချက်ကို အကောင် အထည်ဖော်ရာတွင် တိုးတက်မှု အနည်းငယ်သာရှိကြောင်း ခေါင်းဆောင်များ ကိုယ်တိုင်ကလည်း ၀န်ခံသည်။

မြန်မာစစ်အုပ်စုသည် အာဆီယံမူ ၅ ချက်ကို အရှက်တရားကင်းမဲ့စွာ ပြောင် ပြောင် တင်းတင်း လျစ်လျူရှုထားသည်။ ထင်ရှားသည့် သာဓကတခုအနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ထိုအချိန်က အာဆီယံဥက္ကဌအဖြစ် တာ၀န် ယူခဲ့သူ)က အာဆီယံမူ ၅ ချက်ကို အကောင် အထည်ဖော်ရန် မြန်မာ စစ်အုပ်စုကို မေတ္တာရပ်ခံခဲ့သည်။ သို့သော် စစ်အုပ်စုက နိုင်ငံရေးအကျဉ်း သား တချို့ကို သေဒဏ်စီရင်ခဲ့သည်။

ဤသို့ဆိုလျှင် အာဆီယံမူ(၅)ချက်က ကျရှုံးနေပြီလား။ သေချာပေါက် မှန်ပေ သည်။ မြေပြင် အကျပ်အတည်းများက ဆက်လက် ပြင်းထန်နေသည်အတွက် အားလုံးနည်းတူ ကျရှုံးနေသည်။ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုနှင့် ပဋိပက္ ခများကြောင့် သေဆုံးမှု အပြင်းထန်ဆုံးအဆင့်ရှိ နိုင်ငံများစာရင်းတွင် ပါ၀င်ပြီး ယူကရိန်းနောက်တွင် တည်ရှိနေသည်။ ထို့အပြင် လူသားချင်း စာနာမှုဆိုင်ရာ ကန့်သတ်ချက်များကလည်း ဆက်လက် ရှိနေဆဲဖြစ်သည်။

အာဆီယံဘက်မှ ကြည့်မည်ဆိုလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် နှစ်ပေါင်း (၇၀)ကျော်အတွင်း မြန်မာနိုင်ငံ အပေါ် ပထမဦးဆုံးသော ဆုံးဖြတ် ချက်ကို ဒီဇင်ဘာလတွင် ချမှတ်ခဲ့သည်။ အဆိုပါ အချိန်မတိုင်မီ မူ(၅)ချက်သည် အာဆီယံ စားပွဲ၀ိုင်းပေါ်တွင်ရှိသော တခုတည်းသော အရာဖြစ်သည်။

သို့သော် ဖြေရှင်းရေး တောင်းဆိုမှု ၂ ခုစလုံးသည် ရည်ရွယ်ချက်ကောင်းသော် လည်း ရှင်းလင်းတိကျသည့် ဒဏ်ခတ်အရေးယူမှုများ မရှိသောကြောင့် ထိရောက်မှု မရှိပေ။

အင်ဒိုနီးရှားသည် မြန်မာစစ်အုပ်စုနှင့် အာဆီယံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးပြီး မူ ၅ ချက်ကို ကြားဝင်စေ့စပ်ပေးခြင်းဖြင့်၊ အဆိုပါ မူ ၅ ချက်ကို အစီအစဥ်အသစ်ဖြင့် အစား ထိုး ရန် အလေးအနက်ထား တောင်းဆိုနေသည့်ကြားကအဆိုပါ မူ ၅ ချက်နှင့် အတူ ဆက်လက် ရပ်တည်သွားမည်ဟု ဆိုသည်။

အာဆီယံမူ ၅ ချက်ကို အစားမထိုးလျှင်လည်း ပြန်လည်ပြင်ဆင် ရေးဆွဲနိုင် သည်။ အကောင်အထည်ဖော်မှု အစီအစဉ် တရပ်ကို ဖော်ဆောင်ရန် တောင်း ဆိုထားသည့် လွန်ခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော အာဆီယံ ခေါင်း ဆောင်များ ၏ သုံးသပ်ချက်စာတမ်းတွင် အခွင့်အလမ်းတခု တည်ရှိနေသည်။

ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါ အစီအစဥ်တရပ်ကို စတင်ဖော်ဆောင်ရန် တာဝန်ရှိသည်။ အင်ဒိုနီးရှားအတွက် တာ၀န်ထမ်းဆောင်ရမည့် အချိန်က အလွန်တိုတောင်းလှသည်။

ယခုနှစ်အတွင်း မေလနှင့် စက်တင်ဘာလတွင် အာဆီယံ ထိပ်သီး အစည်း အဝေး ၂ ကြိမ် ကျင်းပရန် ရှိနေပြီး၊ လာမည့်လအတွင်း ပထမ အစည်း အဝေး ကျင်းပမည်ဖြစ်သည်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား၏ ချဥ်းကပ် ကိုင်တွယ်မှုက အခြေအနေ တခုအား အလေးအနက် သတိပေးနေပြီ ဖြစ်သည်။

အာဆီယံ အထူးသံတမန်ရုံးသည် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေး ဆွေးနွေး ပွဲတခု ဖော်ဆောင်ရန်အတွက် သက်ဆိုင် သူများအားလုံးနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုတခုကို မသိမသာ စတင်နေပြီဖြစ်သည်။ သို့သော် ဤနည်းလမ်း သည် အန္တရာယ်များသည်။

ကတိက၀တ်များကို အကြိမ်ကြိမ် ချိုးဖောက်ပြီး ဥပဒေအထက်တွင်ရှိသော အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံကို ကာလရှည်ကြာ ကြီးစိုးထားသည်။ ထိုအခြေအနေအောက်တွင် မြန်မာနိုင်ငံသည် “နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue)” များနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး ဖြစ် သည်။

ထို့ကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကြား၀င်စေ့စပ်ပေးသူများနှင့် အလှူရှင် များက ကျင့်သုံးခဲ့သော နည်းလမ်းဟောင်းကြီးကို ထပ်ခါတလဲလဲ အသုံး မပြု သင့်တော့ပေ။

သံတမန်ရေးရာ ဆွေးနွေးအဖြေရှာမှုများ ပိုမိုလုပ်ဆောင်ရန် တိတ်တဆိတ် သံခင်းတမန်ခင်း (Quiet diplomacy) နည်းလမ်းကို ရည်ရွယ်ခဲ့ဟန်တူ သော်လည်း ထင်ကြေးပေးခြင်း၊ နားလည်မှုလွဲခြင်းနှင့် ယုံမှားသံသယ ဖြစ်ခြင်း တို့ကို ဦးတည်စေနိုင်သည်။

အင်ဒိုနီးရှားအနေဖြင့် တာ၀န်ထမ်းဆောင်ရမည့် အချိန်တိုအတွင်း ယခုနှစ် အခြားမည်သည့် အရာများကို အဓိပ္ပာယ် ပြည့်၀စွာ ဆောင်ရွက်နိုင်မည်နည်း။

ပထမ အချက်အနေဖြင့် အခြေခံအကြောင်းအရင်းများကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ လွန်ခဲ့သော ၂ နှစ်က ဖြစ်ပျက်ခဲ့ သော စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုသည် တရား၀င်မှု မရှိသလို ဥပဒေနှင့်လည်း ဆန့်ကျင်နေသည်။

ထို့ပြင် အာဆီယံ ပဋိညာဉ်စာတမ်း ရေးဆွဲခဲ့သူများမှ အတည်ပြုထားသကဲ့သို့ ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်လည်း ကိုက်ညီမှု မရှိပေ။

မြန်မာစစ်အုပ်စုသည် ပဋိညာဉ်စာတမ်းပါ အပိုဒ်ခွဲ (၂), စာပိုဒ် (၂)(ဇ)ရှိ “တရား ဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ် ရေး၊ ဒီမိုကရေစီ စံချိန်စံနှုန်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစိုးရများကို လေးစားလိုက်နာရမည်” ဟူ သော အချက်ကို အထူးသဖြင့် ချိုးဖောက်ခဲ့သည်။

ထို့ကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှုသည် အာဆီယံ ပဋိဉာဉ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းရှိ၊မရှိ အာဆီယံခေါင်းဆောင်များက အရေးတကြီးဆုံးဖြတ်သင့်သည်။

စစ်အုပ်စု၏ လုပ်ရပ်များသည် အာဆီယံ အခြေခံမူများနှင့် ကိုက်ညီမှု မရှိဟု ယူဆပါက လာမည့်မေလတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်း အဝေး တွင် မြန်မာစစ်အုပ်စုအပေါ် နိုင်ငံရေးအရရော မူ၀ါဒအရပါ ပိုမိုခိုင်မာ ပြတ် သားသော ရပ်တည်ချက်တခုကို အာဆီယံ ခေါင်းဆောင်များအနေဖြင့် ထုတ် ဖော် ပြသသင့်သည်။

ဒုတိယ အချက်အနေဖြင့် မြန်မာစစ်အုပ်စုနှင့် လက်တွဲဖြုတ်ပါ။ အာဆီယံ ခေါင်းဆောင် ထိပ်သီးအစည်းအဝေးများနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများသို့ စစ်အုပ်စုအား တက်ရောက်ခွင့် ပိတ်ပင်ထားပြီး အခြား သော အာဆီယံ အစည်းအဝေးများတွင်လည်း ၎င်းတို့၏ ကိုယ်စားပြုမှုများကို ပြန်လည် သုံးသပ်ရမည်။

မြန်မာစစ်အုပ်စုအပေါ် ယခင်က မလုပ်ဆောင်ခဲ့ဖူးသော လှုပ်ရှားမှု တခု အနေနှင့် နည်းမှန်လမ်းမှန်ဖြင့် မူအရ ခိုင်မာ ပြတ်သားသော ခြေလှမ်း တရပ်ဖြစ်သည့် ပိတ်ဆို့အရေးယူမှု ပုံစံတခု ဖြစ်သည်။

သို့သော် ဤအချက်ကို အာဆီယံ ပုံမှန်အစည်းအဝေးများ အားလုံးတွင် ထည့်သွင်းစဥ်းစားခြင်း မပြုပါက ထိရောက်မှု မရှိနိုင်ပေ။ အာဆီယံအနေဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသော စစ်အုပ်စု၏ အပေါင်းအပါများကိုလည်း အာဆီယံ လူမှုအသိုင်းအဝိုင်း တည်ဆောက်ခြင်း လုပ်ငန်းစဉ်များတွင် ပါ၀င်ခွင့်မရရေး တားမြစ်ပိတ်ပင်သင့်သည်။

မြန်မာစစ်အုပ်စုနှင့် အာဆီယံအကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နိုင်သော်လည်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး (သို့မဟုတ်) အထူးအစီအစဉ်များမှတဆင့် သီးသန့်လုပ်ဆောင်နိုင်သည်။

သို့သော် စစ်အုပ်စုနှင့် ၎င်း၏ အပေါင်းအပါများအား မြန်မာနိုင်ငံ ကိုယ်စား ပြုမှုနှင့် အာဆီယံ၏ အနာဂတ်ရေးရာ ဆုံးဖြတ်ချက်များ ချမှတ်မှု တွင် အထူး အခွင့်အရေးများ မပေးသင့်ပေ။

အာဆီယံဆိုင်ရာ အဖွဲ့အစည်းများ၊ ဖိုရမ်များ၊ အခမ်းအနားများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများတွင်လည်း အခြေအနေအရပ်ရပ်က ပုံမှန်ဖြစ်နေသယောင်ဖြင့် ၎င်းတို့အား ပါဝင်ခွင့် မပြုသင့်ပေ။

အာဆီယံ၏ ဆွေးနွေးဖော် မိတ်ဖက်အဖွဲ့များဖြစ်သည့် ပူးတွဲသဘာပတိများ၊ အစည်းအ၀ေးများကို လက်ခံကျင်ပ ပေးသော ပူးတွဲ အိမ်ရှင်နိုင်ငံများ၊ ကိုယ် စား လှယ်များနှင့် ရံပုံငွေဆိုင်ရာ မိတ်ဖက်များကလည်း မြန်မာစစ်အုပ်စုနှင့် မပူးပေါင်း မဆောင်ရွက်ရေးမူဝါဒကို လက်ခံကျင့်သုံးသင့်သည်။ မြန်မာစစ် အုပ်စုနှင့် ၎င်းတို့၏ အပေါင်းအပါများအား အာဆီယံ အစည်းအဝေးများနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင် ပါ၀င်ခွင့် ဆိုင်းငံ့ထားခြင်းသည် မြန်မာ ပြည်သူများကို ပစ်ပယ်လိုက်ခြင်းဟု အဓိပ္ပာယ် မသက်ရောက်ပေ။

မြန်မာပြည်သူများသည် အာဆီယံ၏ အစိတ်အပိုင်းအဖြစ် အစဥ်ထာ၀ရ တည်ရှိ နေမည်။ အမှန်စင်စစ်အားဖြင့် ဤအချက်များကို မြန်မာပြည်သူများက တောင်း ဆိုထားပြီး ဖြစ်သည်။

တတိယ အချက်အနေဖြင့် ပန်းတိုင်တခုထားပြီး ပြီးပြည့်စုံသော ချဉ်းကပ်ကိုင် တွယ် နည်းတခုကို ချမှတ်ပါ။ မြန်မာ့ အကျပ်အတည်းအတွက် ရေရှည်တည်တံ့ သော အဖြေတစ်ခု ရရှိရန် အာဆီယံ အထူးသဖြင့် အင်ဒိုနီးရှားအတွက် စိန်ခေါ် မှု မှာ စစ်အုပ်စုအတွက် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေ ခြင်းကို အားကောင်းစေပြီး အကြမ်းဖက်မှု သံသရာ ဆက်လက်တည်ရှိစေမည့် အရာများကို လျော့ပါးသက်သာအောင် လုပ်ဆောင်ရင်း အလယ်အလတ် ပြောင်းလဲမှုနှင့် ရေရှည် ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်စေသော အခြေအနေများ ဖန်တီးပေးရန် ဖြစ်သည်။

ထို့ကြောင့် အကောင်အထည်ဖော်မည့် အစီအစဉ်တွင် ဆက်နွယ်ပတ်သက်သူ အားလုံး အထူးသဖြင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ ပါဝင်သည့် ဘက်စုံချဉ်းကပ်နည်း တခုကို အသုံးပြု သင့်သည်။ အင်ဒိုနီးရှားအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအား အမြန်ဆုံး ထိတွေ့ဆက် ဆံသင့်သည်။

အစီအစဥ်တွင် ရှင်းလင်းတိကျသော စံသတ်မှတ်ချက်များ၊ အချိန်ကာလ များ နှင့် အတူ ပြင်းထန်ထိရောက်သော ဒဏ်ခတ်အရေးယူမှုများကို ပါ၀င်ထည့် သွင်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆက်လက် လုပ်ဆောင်သွားသင့်သည်။ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူသားချင်း စာနာ ထောက်ထားမှု၊ လူမှုရေး (သို့မဟုတ်) စီးပွားရေး စသဖြင့် အကြောင်း တခုခု ကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများ၏ မတူကွဲပြားသော ရှုထောင့် များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပိုင်းခြားစိတ်ဖြာပြီး ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့် အရေး အကျပ်အတည်းများမှ ရိုဟင်ဂျာ များ၏ လက်ရှိအခြေအနေကို ဖယ်ထုတ်ထား၍ မရပေ။ ထို့ကြောင့် အာဆီယံ၏ အကောင်အထည်ဖော်မှု အစီအစဉ် တွင် ပင်လယ်ပြင်တွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာဒုက္ခသည် အရေအတွက် တိုးပွားလာမှုနှင့်၊ လုံခြုံမှုနှင့် လူ့ဂုဏ်သိက္ခာ အတွက် အာမခံချက်မရှိသော ရှေ့ပြေးစီမံချက်အရ မိမိတို့၏ ကိုယ်ပိုင်ဆန္ဒမပါပဲ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်ချေ အလားအလာများကို မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ဆိုသည့် အချက်ပါ ပါ၀င်သင့်သည်။

အထက်ပါ အချက်အားလုံးအား အကောင်အထည် ဖော်ဆောင်ရန်အတွက် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှု သည် အာဆီယံ ပဋိညာဉ်မူနှင့် သဟဇာတဖြစ်၊မဖြစ် ဦးစွာ ဆုံးဖြတ်ရမည်။ သို့မဟုတ်ပါက လုပ်ဆောင်ရန် ခက်ခဲလိမ့် မည်။

တချိန်တည်းမှာပင် အာဆီယံ ပဋိညာဉ်စာတမ်းတွင် “ကျွန်ုပ်တို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ပြည်သူများ” ဖြင့် အစပြုထား သည်။ အာဆီယံ၏ ရည်ရွယ်ချက် (၁၅)ခုအနက် အနည်းဆုံး (၁၀)ခုသည် အာဆီယံပြည်သူများနှင့် တိုက်ရိုက် သက်ဆိုင် နေသည်။ သို့သော် မြန်မာနိုင်ငံ အကျပ် အတည်းအပေါ် အာဆီယံ၏ တုံ့ပြန်မှုသည် ပဋိဉာဉ်စာတမ်းကို ဆန့်ကျင်နေပြီး မြန်မာ ပြည်သူများကိုလည်း လျစ်လျူရှုရာ ရောက်နေသည်။

အာဆီယံ ပဋိညာဉ်စာတမ်း၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့်တပြေးညီ မူ ၅ ချက်ကို ပြင်ဆင်ရေးဆွဲရန် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၏ ဦးဆောင် မှု အောက်တွင် အချိန်ကာလအားဖြင့် ၈ လထက်မနည်း ကျန်ရှိ နေသည်။

အာဆီယံအနေဖြင့် အဆိုပါအချက်များကို အကောင်အထည်ဖော်ရန် ပျက် ကွက်ခဲ့ပါက စစ်အုပ်စုက ကျူးလွန်သော ရက်စက်ယုတ်မာမှုများနှင့် ၎င်းတို့ ကြောင့် မြန်မာပြည်သူများ ကြုံတွေ့ခံစားနေသော ပူဆွေးသောက ဖြစ်ရမှုများ အတွက် ပူးပေါင်းကြံစည်သူများအဖြစ် အဓိပ္ပယ်သက်ရောက်စေမည် ဖြစ်သည်။

(၂၀၂၃ ဧပြီလ (၁၁)ရက်နေ့ထုတ် The Jakarta Post ၏ Time to reframe ASEAN five-point consensus in line with ASEAN Charter ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Adelina Kamal သည် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံညှိနှိုင်းရေးစင်တာ (ASEAN Coordinating Centre for Humanitarian Assistance – AHA Centre)မှ အမှုဆောင် ဒါရိုက်တာဟောင်း တဦး ဖြစ်သည်။ ဒေါ်ခင်ဥမ္မာသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Progressive Voice ၏ တည် ထောင်သူနှင့် ဥက္ကဋ္ဌတဦး ဖြစ်သည်။)


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia