ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

31 March 2023

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်
၁။ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော သက်ဆိုင်သူ များ (Stakeholders) က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး ဟူသည့် လုပ်ငန်းများကို ဆောင်ရွက်သွား ရန် ရည်ရွယ်၍ ရေးဆွဲအတည်ပြု ပြဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
၂။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့် ထပ်တူဖြစ်သော အထက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို အတိအလင်း ထည့်သွင်းပြဌာန်းထားပြီးဖြစ်သည်။
၃။ မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) တွင် ပါဝင်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ် အတွက် ချမှတ်ထား သော လမ်းညွှန်အခြေခံမူများထဲတွင် ပါဝင်သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ မိမိတို့၏ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးတွဲကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီး က သဝဏ်လွှာများ ပေးပို့ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ခရီးတွင် ပိုမို သွေးစည်း ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ရည်မှန်းလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများ တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ဦးဆောင်ဆွေးနွေးခဲ့ကြသူများ၏ အကြံဉာဏ်များအပါအဝင် ပြည်သူ လူထုတရပ်လုံးနှင့် တော်လှန်ရေး၏ အရေးကြီးသော Stakeholders များ၏ အကြံပြုချက်များ ကိုလည်း အလေးအနက်ထားထည့်သွင်းစဉ်းစားကာ ဆက်လက် လျှောက်လှမ်း သွားမည်ဖြစ်ပါ ကြောင်း ကတိပြုပြောကြားအပ်ပါသည်။


Download PDF

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia