Report 398 Views

ဖြတ်တောက်ခံထားရသော ဆက်သွယ်မှုများနှင့် ပျောက်ဆုံးနေသော လူ့ရပိုင်ခွင့်

March 28th, 2023  •  Author:   Athan - Freedom of Expression Activist Organization  •  1 minute read
Featured image

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစကာ မြန်မာနိုင်ငံ၏အင်တာနက် ရရှိနိုင်မှုအခြေအနေသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖြတ်တောက်ခြင်းမျိုးကို နည်းလမ်း (၃) မျိုးဖြင့် ကြုံရကြောင်း အသံအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန် အမှောင်ခေတ် သုတေသန စာတမ်းတွင် ဖော်ပြပြီးဖြစ်သည်။ မြန်မာပြည်သူလူထုအနေ ဖြင့် (၁) ရက်ရှည်ဖြတ်တောက်ခြင်း၊ (၂) သီးခြားအချိန် (သို့မဟုတ်) နေ့ရက်များတွင် ဖြတ်တောက်ခြင်း (၃) အင်တာနက်မြန်နှုန်းလျော့ချခြင်းနှင့် အင်တာနက်စျေးနူန်း မြင့်တက်ခြင်း ဟူသည့် ဆက်သွယ်ရေးဆိုင်ရာ ဖြတ်တောက်ခြင်းများကို ကြုံခဲ့ရခြင်းဖြစ်သည်။

ယခုသုတေသနတွင် ထပ်မံတွေ့ရှိသည်မှာ အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အရ ပြည်သူလူထုကြား ဆက်သွယ်ရေးကဏ္ဌာကို ပိုမိုဖြတ်တောက်ရန် ၂၀၂၂ ခုနှစ်လယ်ပိုင်းမှစကာ မြန်မာပြည်၏ ကျေးရွာအချို့မှ မြို့ကြီးများအထိ ဖုန်းလိုင်းများပါ ရံဖန်ရံခါ ကာလကို ဖြတ်တောက်လာခြင်းဖြစ်သည်။


Download full report

View the original