ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်မှ အစပြုခဲ့သည့် အဓမ္မအာဏာလုမှုကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာပြီဖြစ်သည်။ ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူများဟုဆိုရာတွင် စစ်အုပ်စုမှ ဖမ်းဆီးအကျဉ်းချ သို့မဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရပြီးနောက် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သောသူများကို ဆိုလိုခြင်းဖြစ်သည်။
View the original
View the English version