အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း အင်းအိုင်များနေ့ ထုတ်ပြန်ချက်

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း အင်းအိုင်များနေ့ ထုတ်ပြန်ချက်

“အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း အင်းအိုင်များနေ့”

ထုတ်ပြန်ချက်

စာ အ မှ တ် ၅ / ၂ ၀ ၂ ၃
(၁၄) ရက် နေ့ ၊ မ တ် လ ၊ ၂ ၀ ၂ ၃ ခု နှစ်

 

ယနေ့ မတ်လ ၁၄ ရက်နေ့၊ ၂၀၂၃ ခုနှစ် ကျရောက်သည့် (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ကို “Kachin National Forum – KNF” မှ ကြိုဆိုလိုက်ပါသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့၏ ဆောင်ပုဒ်မှာ “မြစ်ချောင်းအင်းအိုင်များရဲ့ အခွင့်အရေး” ဆိုသည့် အလျောက် မိမိပတ်ဝန်းကျင်ရှိ သဘာဝသယံ ဇတများကို ထိန်းသိမ်းစောင့်ရှောက်ရန် လူသားတိုင်း တာဝန်ဝတ္တရားများနှင့်အညီ စည်းစည်းလုံးလုံး အတူတကွပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံကို အာဏာရှင်ခေတ်အဆက်ဆက် နိုင်ငံ၏ သဘာဝသယံဇတများ၊ မြစ်ချောင်းအင်းအိုင်းများကို ထိန်းသိမ်းကာကွယ် စောင့်‌ရှောက်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့နေရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံ၏ အာဏာကိုသိမ်းယူခဲ့သည့် အချိန်မှစတင်ပြီး တဖန်း ပြည်တွင်း၌ သဘာဝသယံဇတများကို အလွန်းအကျိုး စက်န္တယားကြီးများနှင့် ပိုမိုလုပ်ဆောင်လာပါသည်။ ထို့အပြင် ချီဖွေမြို့နယ်အတွင်း သာမက နေရာအနှံ့အပြားတွင် မြေရှားသတ္တုတူးဖော်မှုကြောင့် မြစ်ချောင်းများတွင်ရှိသော ရေနေသတ္တဝါများကို ရှားပါးလာခြင်းနှင့် စားသုံးရန် ကြောက်ရွံ့လာခြင်းသာမက ရေကိုလည်း သုံးစွဲရန်ကြောက်ရွံ့လာပါသည်။ ကချင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာ ထိန်းသိမ်းကာကွယ် စောင့်ရှောက် လာခဲ့သည့် မေခ၊ မလိခ မြစ်တစ်လျောက်၊ တနိုင်းမြို့နယ်ရှိ တနိုင်းမြစ်ချောင်း တစ်လျောက် ရွေးတူဖော်ခြင်း နှင့် ဖားကန့်မြို့နယ်ရှိ ဥရုချောင်းလည်း ကျောက်စိမ်းအလွန်းအကျူး တူးဖော်မှုကြောင့် မြစ်ချောင်းများ တိမ်းကော်လာသည်။ သဘာဝမြစ်ချောင်း အင်းအိုင်များကို လွတ်လပ်စွာစီးဆင်းခွင့်ပေးခြင်းနှင့် ထိန်းသိမ်း ကာကွယ်ကြရမည် ဖြစ်သည်။

ထို့ကြောင့် ယနေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း အင်းအိုင်များနေ့တွင် မိမိတို့အဖွဲ့အစည်း “Kachin National Forum – KNF” မှ ကချင်ပြည်နယ်အတွင်း မြစ်ချောင်းအင်းအိုင်များတွင် အလွန်းအကျိုး သတ္တုတူးဖော်မှ ချက်ချင်းရပ်တန့်ပေးရန် ထုတ်ပြန်ကြေငြာလိုက်ပါသည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Documentation Center – KDC
3. Kachin Education Network – KEN
4. Kachin Environmental Group – KEG
5. Kachin Human Rights Watch – KHRW
6. Kachin Mining Watch – KMW
7. Kachin Political Study Group – KPSG
8. Kachin Women Network – KWN
9. Kachin Youth Network – KYN
10. Research and Analysis Group Kachin -RAGK
11. Rivers Network Kachin – RNK
12. Kachin Information Technology Network – KITN


Download full statement

View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia