ကြယ်စင်သို့ လွမ်းချင်း

03 March 2023

ကြယ်စင်သို့ လွမ်းချင်း

ကျော်ဇော/People’s Spring

“ကျွန်မသည် သာမန် ပြည်သူတစ်ဦးဖြစ်ပါသည်”ဟု သူ့ကိုယ်သူ မည်မျှပင် နှိမ့်ချခဲ့စေကာမူ သူသည် ‘နွေဦး’တွင် ကမ္ဗည်းတင်ကျန်ရစ်သူတစ်ဦး ဖြစ်ခဲ့ပြီ။

သူသည် ပြိုင်တူတွန်းလျှင် ရွေ့နိုင်မည်ဟု ယုံကြည်ထားသူတစ်ဦးလည်း ဖြစ်၏။ ထို့ကြောင့် စစ်တပ်က မတရားအာဏာ သိမ်းပြီး နောက်တစ်ရက် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၂ ရက်တွင် သူ့ရပ်တည်ချက်ကို ယခုလို ချပြခဲ့သည်။

“Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာ၀န်များနှင့် အခြား‌သော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်”ဟူ၍ ဖြစ်၏။

ထိုသို့ ယုံကြည်သည့်အတိုင်း သူ့ရပ်တည်မှုအား သိသာအောင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှတဆင့် ချပြခဲ့သူမှာ နွေဦးတော်လှန် ရေးလမ်းခုလပ်၌ ကြွေလွင့်ခဲ့ရသော ရွှေမန်းမြို့မှ မကြယ်စင်(ခ)အိန်ဂျယ် ဖြစ်ပါသည်။

မကြယ်စင်သည် ​စစ်အာဏာရှင်အလိုမရှိကြောင်း မန္တလေးမြို့ လမ်းမများပေါ် ဆန္ဒပြအရေးဆိုခဲ့သူများတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦး ဖြစ်၏။ ထိုစဥ် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက် ယခုလိုနေ့တွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

မကြယ်စင် ကျဆုံးရခြင်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော လူအုပ်ကြီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့၍ ဖြစ်သည်။ ကျဆုံးချိန်တွင် မကြယ်စင်၏အသက်မှာ ၁၉ နှစ်သာ ရှိသေးသည်။

နွေးဦးတော်လှန်ရေးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူများတွင် မကြယ်စင်အပါအဝင် ထိုအချိန်က ပြည်သူ ၄၉ ဦးရှိပြီ ဖြစ်ပါသည်။ ၂၀၂၁ မတ်လ ၃ ရက်သည် မန္တ​လေးအပါအဝင် နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်​ကောင်စီ​ကြောင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်ခဲ့​သော ပြည်သူအများဆုံး​သွေး​မြေကျ​ခဲ့​သော​နေ့တစ်​နေ့ဖြစ်သည်။

ယခုအခါနိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ အာဏာရှင်စနစ်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလတွင် ယခုနှစ် မတ် ၂ ရက်အထိ ကျဆုံးသူစုစုပေါင်း ၃၀၇၅ ဦးရှိပြီဖြစ်သည်။ ယင်းကျဆုံးသူများအနက် အမျိုးသမီးကျဆုံးမှုမှာ ဖေဖော်ဝါရီ လကုန်အထိ ၃၉၈ ဦးပင်ရှိ​နေပြီဖြစ်သည်။ ဒီမိုက​ရေစီနှင့်လူ့အခွင့်အ​ရေးအတွက် ဆုံးရှုံးမှူများခဲ့​သော်လည်း ကြယ်စင်ကဲ့သို့ပင် လူငယ်များကပင် ​တော်လှန်​ရေးတပ်ဦးတွင် ဦး​ဆောင်တိုက်ပွဲဝင်​နေကြဆဲဖြစ်သည်။

လွန်ခဲ့ သောနှစ်နှစ် ယနေ့လို မတ် ၃ ရက် မနက်ပိုင်းတွင် မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်နားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ် ဆင်နွှဲနေခဲ့သည်။

သပိတ်အင်အားစုများတွင် တီရှုပ်လက်တို အနက်ရောင်ကို ဂျင်းဘောင်းဘီနှင့်တွဲဝတ်ထားပြီး ကြောပိုးအိတ်လေးလွယ်ထားသော မကြယ်စင်လည်း ပါဝင်နေသည်။ ထိုနေ့က စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဖြိုခွဲမှုမလုပ်မီ ရိုက် ကူးထားသော ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သည်။

ရုပ်သံဖိုင်ပါ အခြေအနေအရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော လူအုပ်ကြီးကို လက်နက်ကိုင် ရဲနှင့် စစ်သားများက ပစ်ခတ်ဖြိုခွဲရန် ပြင်ဆင်နေပြီဖြစ်ပြီး လူအုပ်ရှိရာမျက်နှာမူလျှက် တရွေ့ရွေ့တိုးကပ်လာနေသည်ကို တွေ့ရသည်။

ထိုဆန္ဒပြလူအုပ်ကြီး၏ ရှေ့ဆုံးဒိုင်းကာအဖွဲ့နောက်နား ဆန္ဒပြကြွေးကြော်သံစာသားပါ ဗီနိုင်းဆိုင်ဘုတ်အနီးတွင် မကြယ်စင်အား အခြားသော လူငယ်အမျိုးသားများနှင့်အတူ တွေ့ရသည်။ သေနတ်ပစ်ဖောက်သံ တစ်ချက်နှစ်ချက်စကြားရချိန် သူ့ရှေ့မှ ဆန္ဒပြလူငယ်များအား “ဒိုင်းသမားတွေ ဒိုင်းသမားတွေ”ဟု မကြယ်စင် အော်ဟစ် သ တိပေးလိုက်သေးသည်။

သူ့ သတိပေးသံ မဆုံးခင်မှာပင် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားရတော့သည်။ ထိုစဥ် သူသည်လည်း အခြားဆန္ဒပြလူငယ်များနှင့်အတူ စစ်ကောင်စီတပ်သားများကို ကြောခိုင်းကာ ထွက်ပြေးခဲ့ရ၏။

သို့သော် မကြယ်စင်တစ်ယောက် ဝေးဝေးမပြေးနိုင်ခဲ့ပါ။ လူအုပ်အတွင်းပစ်ခတ်လိုက်သော ကျည်ဆံမှာ ဒိုင်းကာလူငယ်အချို့ကိုကျော်ပြီး အားယူပြေးနေသော မကြယ်စင်၏ ဦးခေါင်းသို့ ထိမှန်သွား၍ ဖြစ်ပါသည်။

“CDM လုပ်ထားတာတောင် ညီမလေးအတွက် တာဝန်မကျေသလိုခံစားနေရတယ်။ RIP ပါညီမလေး။ ညီမလေးဖေဖေရော ညီမလေးကိုရော လေးစားဂုဏ်ယူနေပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အရမ်းတက်ကြွလွန်းတယ်ကလေးရယ်။ ဘယ်လိုမှမခံစားနိုင်ဘူး။ မျက်ရည်တွေသူ့ဟာသူ ကျလာတယ်”ဟု မကြယ်စင်ကျဆုံးမှုအ ပေါ် CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။

ယခုနှစ် မတ် ၃ ရက် ယနေ့ဆိုလျှင် မကြယ်စင်ကျဆုံးခဲ့သည်မှာ နှစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့မနက်ပိုင်းတွင် မကြယ်စင်အား ရည်စူးကာ ကျန်ရစ်သူမိသားစုက ဘုရားအမှူးရှိသော သံဃာတော်များအား လှူဘွယ်ဝတ္ထုတို့ဖြင့် ကုသိုလ်ဒါနပြုခဲ့ကြသည်။

မကြယ်စင်ကိုယ်တိုင်ကမူ သူ မကျဆုံးမီ ၃ ရက်အလို ဖေ ဖော်ဝါရီ ၂၈ ရက်ကတည်းက “ခန္ဓာရဲ့ မည်သည့်အစိတ် အပိုင်းလိုလို လှူပါတယ်”ဟု သူ့ ဖေ့စ်ဘွတ်ခ်အကောင့်မှတဆင့် အသိပေးခဲ့သည်။

ယခုမူ သူ့ဆန္ဒအတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းများအား ပေးလှူနိုင်ယုံမက တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပါ စတေးပြခဲ့သော နွေဦး၏ ကြယ်စင်တစ်စင်းဟုပင် တင်စားခဲ့ရပြီ ဖြစ်ပါသည်။ သူမထို​နေ့က ဝတ်ဆင်ခဲ့​သောတီရှပ်​ပေါ်မှ စာတန်း”Everything will be OK”မှာလည်း​နွေဦး​တော်လှန်​ရေးတွင် အထင်ကရ စကားတစ်ခွန်းဖြစ်ခဲ့သည်။

မကြယ်စင် မကျဆုံးမီက သူ အဖြစ်ချင်ခဲ့ဆုံးဆန္ဒမှာအာဏာရှင်စနစ်ပြုတ်ကျပြီး ဒီမိုကရစီပြန်လည်ရရှိ​ရေးသာ ဖြစ်သည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက် ​ရွေး​ကောက်ပွဲတွင် တက်ကြွစွာမဲ​ပေးခဲ့ပြီး​နောက် “အသည်းကြားက လာတဲ့ ငါ့ရဲ့ ပထမဆုံး မဲ” ဟု ကြယ်စင်ဖေစ်ဘွခ်တွင် ရေးသားခဲ့သည်။ “နိုင်ငံအတွက် တာဝန်ကို ထမ်းဆောင်ခဲ့ပြီ” ဟု ရေးသားထားမှု​ကြောင့်​​ရွေး​ကောက်ပွဲတွင် မဲ​ပေးခဲ့မှုကို မည်မျှအ​လေးအနက်တန်ဖိုးထားခဲ့​ကြောင်းသိသာ​စေသည်။

ကမ္ဘာ့ကပ်​ရောဂါကြား၊စပ်အုပ်စု၏ခြိမ်း​ခြောက်မှုများကြားက ပြည်သူများတခဲနက်မဲ​ပေးခဲ့ပြီး​နောက် ​ရွေး​ကောင်ပွဲကိုအ​ကြောင်းပြ ၍မင်း​အောင်လှိုင်ဦး​ဆောင်​သော စစ်အုပ်စုက အာဏာသိမ်း​သောအခါ အ​မှောင်ခတ်သို့ပြန်မ​ရောက်လို၍ ရဲဝင့်စွာလမ်းမ​ပေါ်ထွက်ဆန္ဒပြသူများတွင် နိုင်ငံတစ်ဝန်းမှ လူငယ်များကဲ့သို့ ကြယ်စင်တစ်​ယောက်လည်းအပါအဝင်ဖြစ်သည်။

သူမကစည်းလုံးမှု၏ခွန်အားကိုလည်းယုံကြည်သည်။ထို့ကြောင့် သူက ပြည်သူတစ်ရပ်လုံးအား စစ်တပ်က အာဏာသိမ်းယူပြီး နောက်တစ်ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ယခုလို ဖွင့်ဟခဲ့သည်။

“ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်။ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြရ​အောင်”ဟုသည်။

တိုင်းပြည်အတွက် သူတာဝန်မ​ကျေသူဖြစ်မည်ကိုသူ​ကြောက်ရွံခဲ့သည်။ထို​ကြောင့် စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်​ရေးအတွက် သူ့အသက် ခန္ဒာစွန့်လွတ်ရလျှင်ပင်စွန့်ရဲသည်ဟု သူမ၏ သူငယ်ချင်းများကို​ပြောခဲ့သည်။

စိတ်ရိုင်းဝင်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်​များက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်မှုမတိုင်ခင် စက္ကန့်ပိုင်းအလိုတွင် ဆန္ဒပြလူအုပ်​ရှေ့နားမှ အိန်ဂျယ်​ပြောခဲ့​သောစကားများက သူမ၏ ရဲ့ဝင့်၊ပြတ်သတ်မှုကိုအတိုင်းသားမြင်​တွေရ​လေသည်။

“​ကြောက်တယ်​။ဒါ​ပေမယ့် ငါတို့လွတ်​​မြောက်ရေးအတွက် အဆုံးထိရ​အောင်တိုက်သွားမယ်” ။ ။

(စစ်အာဏာရှင် ပြုတ်ကျပြီး​တော့ ဒီမိုက​ရေစီရရှိ​ရေးအတွကို အသက်အန္တရာယ်ကိုမမှုဘဲ တိုက်ပွဲဝင်ခဲ့တဲ့ ကြယ်စင်​ကြွေလွှင့်ခဲ့တာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။ လူငယ်​တွေနဲ့တိုင်းပြည်အနာဂတ်အတွက် တိုက်ပွဲဝင်​ခဲ့တဲ့ သမီးငယ်ဆန္ဒပြပွဲမသွားခင် လက်မှာ လက်ပါတ်နီကို ချစ်ခြင်း​မေတ္တာအပြည့်နဲ့စည်း​နှောင်း​ပေးခဲ့တဲ့ဖခင်နဲ့ စစ်အာဏာရှင်ကို ​နောက်ဆုံးအချိန်တိုင်ဆန့်ကျင်​တော်လှန်ခဲ့တဲ့ ကြယ်စင်။ ဓါတ်ပုံ-အိန်ဂျယ်​ဖေစ်ဘွခ် ၊CJ)


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia