20 January 2023

၁၃၈၄ခုနှစ် ၊ ပြာသိုလပြည့်ကျော် (၁၅) ရက်
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်
၁။ ၂.၅.၂၀၂၂ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၂/၂၀၂၂) ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေအား အတည်ပြုပြဌာန်းခဲ့ပါသည်။ ၇.၆.၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာအမှတ် (၁၂/၂၀၂၂) ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ ကို စတင်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ် နယ်မြေများတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် သာမကပဲ နိုင်ငံတဝှမ်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီနှင့်လက်အောက်ခံများမှ ကျူးလွန် သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်း တင် ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေ၏ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် E police station အား ဖွဲ့စည်းလိုက်သည်။
(ပုံ) လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
View the original
19 May 2026

19 June 2026