18 January 2023
ကန္တာရဝတီတိုင်း (မ်)
ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် ကစလို့ စစ်တပ်အာဏာသိမ်း မှုအပါအဝင် လက်ရှိအချိန်ထိ ကျောင်းနေအရွယ် လူငယ်တွေဟာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေကြရပါတယ်။
ကရင်နီပြည်က လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြကြပြီး တချို့ကတော့ တောတောင်ထဲမှာ စစ်ရှောင်နေကြသလို တချို့ကလည်း ဆွေးမျိုးရှိတဲ့ ဒေသတွေကို သွားရောက်ရှောင်တိမ်းနေကြပါတယ်။
ကရင်နီပြည်က စစ်ပွဲရှောင်ရင်း ပညာသင်ကြားခွင့် ဆုံးရှုံးနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို CDM လုပ်တဲ့ ဆရာ၊ဆရာမတွေကနေ ကိုယ်ထူကိုထကျောင်းတွေဖွင့်လှစ်ပြီး သင်ကြားပေးတာတွေရှိနေပေမယ့် အစစ အရာရာမှာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။
အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျောင်းသားလူငယ်တွေ၊ ပညာရေး ဆောင်ရွက်နေတဲ့ အဖွဲ့ စည်းတွေက တတ်စွမ်းသလောက် လုပ်ဆောင်နေကြပါတယ်။
လက်ရှိ ကရင်နီပြည်တွင်း ဒေသတချို့မှာ ပညာရေးလမ်းစပျောက်နေတဲ့ လူငယ်တချို့ အတွက် ရည်ရွယ်ပြီး ကေးဖိုးဒူဆိုတဲ့ သင်တန်းကျောင်းတစ်ခုကိုဖွင့်လှစ်ထားပါတယ်။ ဒီသင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းတွေကနေ စုပေါင်းဖွင့်လှစ်ခဲ့တာြဖစ်ပါတယ်။
‘’ဒီအချိန်ဒီကာလမှာ နိုင်ငံရေးက အခက်အခဲဖြစ်တဲ့အခါကျတော့ ဒီဆယ်တန်းအောင်ပြီးတဲ့ လူငယ်လူရွယ်တွေနဲ့လူလွတ်တွေနဲ့ ပညာရေးနည်းလမ်း လမ်းစပျောက်တယ်ပေါ့။ ပျောက်နေတဲ့အခါကျတော့ ဒီလူငယ်တွေအားလုံးကို ပညာရေးလမ်းကောင်းဖြစ်ကောင်းဖြစ်မယ်ဆိုပြီးတော့ အဓိကကတော့ လူငယ်တွေရဲ့ ပညာရေးလမ်းစကိုရှာပေးတဲ့ ရည်ရွယ်ချက်တစ်ခုလဲ ဖြစ်တယ်ပေါ့’’ လို့ သင်တန်းကျောင်းတည်ထောင်သူက ပြောပါတယ်။
ဒါပေမယ့် ကေးဖိုးဒူသင်တန်းကျောင်းအပြင် စစ်ဘေးရှောင်စခန်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ဆရာဆရာမ မလုံလောက်တာက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။
ဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ အတွက် ကေးဖိုးဒူသင်တန်းကျောင်းက လူငယ်ကနေ လူငယ်တွေကို ပြန်လည်သင်ကြားပေးတဲ့ စနစ် ကိုအကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။ ကိုယ့်ဒေသအတွင်းက အခြေအနေအရပ်ရပ်အပေါ် နားလည်ပြီး ဦးဆောင်လမ်းပြလုပ်ပေးနိုင်တဲ့ လူငယ်လူရွယ်တွေကို သင်တန်းကျောင်းမှာ ဆရာအဖြစ်ခန့်အပ် သင်ကြားစေတာမျိုးကို ပြုလုပ်နေတာပါ။
“ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုဖျစ်ညှစ်ပြီးတော့ သင်ကြားပေးတဲ့ ဆရာ/မတွေအားလုံးကို ကျွန်တော့်အနေနဲ့ အတိုင်းထက်အလွန်ပေါ့ လေးစားတယ်၊ ဂုဏ်ပြုတယ်၊ ချီးကျူးတယ်။ ဘာဖြစ်လို့လဲဆို ဒီချိန်ဒီကာလမှာ ကိုယ့်ရဲ့ ညီအကိုမောင်နှမတွေကို စာအတူတူသင်ပေးပြီး ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်ကမပြုစုရင် ဘယ်သူပြုစုပေးမလဲပေါ့။ ဘာဖြစ်လို့လဲဆို ဒီကလေးတွေကလည်း ငယ်သွားမှာမဟုဘူး ကြီးလာမှာပဲဆိုတဲ့ဟာမျိုးပေါ့။” လို့ သင်တန်းကျောင်းတည်ထောင်သူတစ်ဦးကပြောပါတယ်။
ကေးဖိုးဒူ သင်တန်းကျောင်းဟာ ဖရူဆိုမြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖွင့်လှစ်တဲ့ ပထမဆုံး သင်တန်းကျောင်းဖြစ်ပါတယ်။
ကေးဖိုးဒူ သင်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူ (၃၀) ဦးကို ဆရာဆရာမ ၁၀ ဦးတို့က သင်ကြားပေးနေပြီး သင်တန်းကာလ (၃)လ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်စာ၊ ကရင်နီစာ၊ နိုင်ငံရေး နဲ့ စိုက်ပျိုးရေး ဘာသာရပ်အပါအဝင် ဘာသာရပ် ၇ ခု ကို သင်ကြားပေးနေပါတယ်။
လက်ရှိ လူငယ်တွေအတွက်ပညာရေးလမ်းစကို ရှာဖွေပေးနေတဲ့ ကေးဖိုးဒူသင်တန်းကျောင်းကို သင်တန်းကျောင်းကနေ ကောလိပ်အဆင့်ထိ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ကျောင်းတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
‘’ကျွန်တော်တို့က ကောလိပ်အထိရည်မှန်းထားတယ်ပေါ့။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ဒီအစီစဉ်တစ်ခုဆွဲနေတယ်။ ဒါကဘာဆွဲနေလဲဆို ကျွန်တော်တို့မှာ ဒီကြမ်းမူကို အတွေ့အကြုံရှိတဲ့ သင်ကြားပေးနိုင်တဲ့ ဆရာ/မတွေအကုန်ရှိတယ်ပေါ့။ မွေးထုတ်နိုင်တဲ့တစ်နေ့ကျရင်တော့ ကောလိပ်အထိကိုတော့ ကျွန်တော်တို့ သွားမယ်လို့ရည်မှန်းထားပြီးသားပါ။’’ လို့ သူက ပြောပါတယ်။
ကေးဖိုးဒူသင်တန်းကျောင်းမှာ အာဏာသိမ်းအစိုးရနဲ့မတူတဲ့ ပညာရေးစနစ်နဲ့ သင်ကြားပေးနေတာဖြစ်တဲ့အတွက် အသက် ၁၈ နှစ် မှ ၂၅ နှစ် ကြား လူငယ်တွေကိုသာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ကေးဖိုးဒူကျောင်းမှ သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီးတဲ့ ကျောင်းသားကျောင်းသူ တွေကိုတော့ ကျောင်းဆရာ၊ဆရာမများလိုအပ်တဲ့ နေရာတွေမှာဆရာ၊ဆရာမ အဖြစ် ပြန်လည်ခန့်အပ်တာ၊ ပညာဆက်လက်သင်ယူလိုတဲ့ သူတွေအနေနဲ့ ဆက်လက်သင်ယူနိုင်အောင် နည်းလမ်းတွေကို ရှာဖွေပြီးစေလွှတ်သွားမှာ ဖြစ်ပါတယ်။
ကေးဖိုးဒူ သင်တန်းကျောင်းကိုတော့ လုံခြုံတယ်လို့ ယူဆရတဲ့ နေရာမှာ ကျောင်းနေကျောင်းစား ထားပေးရတဲ့အတွက် စားနပ်ရိက္ခာ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ ကျောင်းတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
‘’စိန်ခေါ်မှုကအများကြီးရှိတယ်။ ခုနကကျွန်တော်တို့ပြောတဲ့ အလှူငွေတွေ၊ လုံခြုံမှု၊ လုံခြုံမှုကတော့ ဒီအချိန်မှာ ဘယ်သူမှ ဒီလုံခြုံတယ် ကိုယ်တိုင်လုံးဝလုံခြုံစိတ်ချရတယ် ယုံကြည်စိတ်ချရတယ်ဆိုတဲ့ ဒီကရင်နီပြည်မှာတော့ နေရာမျိုးတော့မရှိဘူးလို့တော့ ကျွန်တော်ယူဆတယ်ပေါ့။’’ လို့ သူက ပြောပါတယ်။
လက်ရှိကေးဖိုးဒူကျောင်းမှာ အပတ်စဉ် (၁) ကို ဖွင့်လှစ်ပေးနေတာ ၂ လ ကျော်လာပြီ ဖြစ်တဲ့အတွက် အပတ်စဉ်ပြီးဆုံးချိန်မှာ သင်ကြားထားတဲ့ ဘာသာရပ်တွေကို လက်တွေ့ အသုံးချနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
နောက်ထပ်ဖွင့်လှစ်မယ့် အပတ်စဉ်တွေအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူလိုတဲ့ လူငယ်တွေဘယ်သူမဆို ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း ကောလိပ်အဆင့် ကိုယ်ထူကိုယ်ထ ကျောင်းတွေဖြစ်ကြတဲ့ Youth Academy College နဲ့ Karenni Nursing University ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကျောင်း (၃) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီ လုပ်ငန်းယန္တာရား လည်ပတ်နိုင်တဲ့ လွိုင်ကော်မြို့တွင်းမှာတော့ အဆင့်မြင့်ပညာရေး တက္ကသိုလ်တွေ ဖွင့်လှစ်ပေမယ့် ကျောင်းသားကျောင်းသူတွေဟာ အာဏာဖီဆန်မှုမှာ ပါဝင်ကြပြီး အနည်းငယ်သာ တက်ရောက်ကြပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.