ငိုကြွေးနေသော ဘဝများ

27 December 2022

ငိုကြွေးနေသော ဘဝများ

ကရင်နီပြည်မှ စစ်ဘေးရှောင် ပြည်သူများအား  အာဏာရှင်စစ်တပ်မှ အစုအပြုံလိုက်အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း နှစ်ပတ်လည်နေ့ ဒီဇင်ဘာ ၂၄ ရက်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်းရန် ၂၀၂၀ ခုနှစ် “ရွေးကောက်ပွဲရလဒ် မဲမသမာမှုရှိသည်”ဟုသက်သေအထောက်အထား အခိုင်အလုံမရှိ၊ အကြောင်းမရှိအပြစ်ရှာကာပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရထံမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မတရားအာဏာသိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် မီဒီယာဆိုသည့် မဏ္ဍိုင်ကြီးလေးရပ်သည်အကြမ်းဖက်စစ်တပ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ထို့အပြင် နိုင်ငံအဝန်းတွင်လည်းတရား ဥပဒေ စိုးမိုးမှုမရှိ တော့ပေ။

သို့သော် ယခုလက်ရှိ အခြေအနေအရ အကြမ်း ဖက်စစ်တပ်၏  မတရား  အာဏာသိမ်းယူမှုကို  မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်များ၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ (PDF) ဆန့်ကျင် ခုခံတော်လှန်နေသည်မှာ ယနေ့မတရား အာဏာသိမ်းပြီး ၂ နှစ် နီးပါးရှိလာသည့်တိုင်သွေးအေးမသွားပဲ ဆင်နွှဲနေဆဲဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည်  တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားဒေသ ချင်း၊ ကရင်၊ ကချင်၊ ကယား(ကရင်နီ) နှင့် ယခင်က တိုက်ပွဲများမရှိခဲ့ဖူးသော ဗမာလူမျိုး အများစုနေထိုင်သည့် စစ်ကိုင်း၊ မကွေးဒေသများတွင်ပါမကျန် အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။ အကြမ်းဖက်စစ်တပ်သည် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် အရေးမလှသောကြောင့် နေ့စဉ် ရက်ဆက် လေကြောင်းအားကိုးပြီး ပိုမိုတိုက်ခိုက်လာနေသည်။


Download full report

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia