မင်းခန့် – စစ်ကိုင်းတိုင်းဒေသကြီးမှ LGBTIQ အရေးလှုပ်ရှားဆောင်ရွက်သော တက်ကြွလှုပ်ရှားသူ

21 December 2022

မင်းခန့် – စစ်ကိုင်းတိုင်းဒေသကြီးမှ LGBTIQ အရေးလှုပ်ရှားဆောင်ရွက်သော တက်ကြွလှုပ်ရှားသူ

ကျနော့်နာမည် မင်းခန့်လို့ ခေါ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးက LGBTIQ တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး HIV ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေကို လက်ရှိအချိန်ထိ လုပ်ကိုင်နေပါတယ်။ ပြီးတော့ လူ့အခွင့်အရေးနှင့် LGBTIQ အခွင့်အရေးသင်တန်းတွေကိုလည်း တက်ရောက်ခဲ့ပြီး ဆင့်ပွားသင်တန်းတွေကိုလည်း ပြုလုပ်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးက LGBTIQ တွေရဲ့ အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေ၊ ဒေသအာဏာပိုင်တွေက ချိုးဖောက်မှုတွေ၊ ART ဆေးဝါးရရှိရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွင်း ခွဲခြားခံရမှုတွေကို မှတ်တမ်းကောက်ယူတာတွေ၊ Advocacy လုပ်ဆောင်တာတွေနဲ့ ကွန်ရက်ရဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ အာဟာရထောက်ပံ့ပေးခြင်းနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လာရောက်ကမ်းလှမ်းတာခံရပေမယ့် မိမိ စိတ်ကြိုက်ပါတီ မဟုတ်တဲ့အတွက်ကြောင့် လက်မခံခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်စုဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး အဖမ်းအဆီးတွေ များလာချိန်မှာ လျှို့လျှို့ဝှက်ဝှက်နဲ့ အဖွဲ့ဖွဲ့ပြီး CDM တွေ၊ LGBTIQ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ IDP တွေနဲ့ တခြားတော်လှန်ရေးမိတ်ဖက်တွေကို အလှူရှင်တွေရှာပြီး ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ ဝရမ်းထုတ်ခံထားရပါတယ်။  ကျနော့်နေအိမ်ကို စကစက သုံးကြိမ်တိတိ လာရောက်ရှာဖွေခဲ့ပေမယ့် နေအိမ်ကနေ အမြန်ကြိုတင်တိမ်းရှောင်နိုင်ခဲ့တဲ့အတွက် အဖမ်းအဆီးကနေ လွတ်မြောက်ခဲ့ပါတယ်။ အခု လက်ရှိမှာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ရောက်ရှိနေပြီး လူ့အခွင့်အရေး လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။ IDP တွေအပါအဝင် အကူအညီ လိုအပ်သူတွေအတွက်  ထောက်ပံ့ပေးရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia