10 December 2022
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
(၁၁) ကြိမ်မြောက် ညီလာခံ ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ (၁၁) ကြိမ်မြောက်ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့များ၊ အကြံပေးအဖွဲ့များ၊ နည်းပညာအကြံပေးများ၊ ဖွဲ့စည်းတည်ထောင်သူများ၊ လေ့လာသူများ၊ လုပ်ငန်းတာဝန်ခံများနှင့် ဝန်ထမ်းများ စုစုပေါင်း (၉၄) ဦးဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါ သည်။
ဒဿမအကြိမ် ညီလာခံသက်တမ်း (၂၀၁၉ ခုနှစ်၊ ဧပြီလ မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ) အတွင်း ဆောင်ရွက် ခဲ့သော လုပ်ငန်းနှင့်ဘဏ္ဍာရေး အစီရင်ခံစာများတင်သွင်း ဆွေးနွေးအတည်ပြုခြင်း၊ အဖွဲ့ချုပ်၏ မျော်မှန်း ချက်၊ ဦးတည်ချက်၊ စံတန်ဖိုးများ၊ မူများ၊ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေများကိုသုံးသပ် ဆွေးနွေးပြီးနောက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ နိုင်ငံရေးကြေညာစာတမ်း ထွက်ရှိလာခဲ့သည်။
ဤညီလာခံတွင် အဖွဲ့ချုပ်၏နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်နှင့်အညီ စစ်အာဏာရှင်နှင့် အာဏာရှင် စနစ်အမျိုးမျိုး အဆုံးသတ်ရေး၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများအားလုံးပပျောက်ရေး၊ ကျား-မ တန်းတူရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး စသည့်ရှေ့လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ညီလာခံမှ (၁၁) ကြိမ်မြောက်ညီလာခံသက်တမ်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ) အတွင်း အဖွဲ့ချုပ်၏စံတန်ဖိုးများနှင့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်မည့် မူဝါဒရေးရာ ဉီးဆောင်အဖွဲ့ကို အဖွဲ့ဝင်အဖွဲ့ အစည်း (၁၂) ဖွဲ့မှ တာဝန်ပေးအပ်သည့် ကိုယ်စားလှယ်တစ်ဦးစီဖြင့် အတည်ပြုဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်သွားမည့် အဖွဲ့ဝင် (၃) ဦးပါဝင်သည့် အတွင်းရေးမှူးအဖွဲ့ကို အောက်ပါအတိုင်း ရွေးကောက် တင်မြှောက်ခဲ့ကြသည်။
အထွေထွေအတွင်းရေးမှူး – နာင်းမို့မို့
တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) – မွန်းနေလီ
တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) – နော်ထီးမူးဖော
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် သမိုင်းနောက်ခံစုံလင်သော တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ အစည်း (၁၃) ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အမျိုးသမီး နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ (၁၁) ကြိမ်မြောက်ညီလာခံတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဦးတည်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး အရေး တော်ပုံကို ပန်းတိုင်အရောက်လျှောက်လှမ်းချီတက်သွားဖြစ်မည်ကြောင်း မိမိတို့၏ နိုင်ငံရေးကြေညာ စာတမ်းနှင့် အတူ ထပ်လောင်းထုတ်ပြန်အပ်ပါသည်။
ဆက်သွယ်ရန်
အထွေထွေအတွင်းရေးမှူး – နာင်းမို့မို့
Signal + 959 456508944
မူဝါဒရေးရာ ဦးဆောင်အဖွဲ့ – ဇူးပဒုမ္မာ
Signal – +66 943078121
Download PDF
View the original
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.