စစ်ကောင်စီထံ လေယာဥ်ဆီရောင်းချနေသည့် ကုမ္ပဏီများကိုပိတ်ဆို့ပေးရန် UK နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဖက် လူမှုအဖွဲ့ ၅၀၀ ကျော် တောင်းဆို

9 December 2022

စစ်ကောင်စီထံ လေယာဥ်ဆီရောင်းချနေသည့် ကုမ္ပဏီများကိုပိတ်ဆို့ပေးရန် UK နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဖက် လူမှုအဖွဲ့ ၅၀၀ ကျော် တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၉

အာဏာသိမ်းစစ်ကောင်စီထံ လေယာဥ်ဆီရောင်းချရာ တွင် ဗြိတိသျှကုမ္ပဏီများတိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက် ၍ဖြစ် စေ ပါဝင်မှုမရှိစေဖို့ ဗြိတိသျှအစိုးရက ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ယနေ့ ရှေ့ပြေး အသံ (Progressive voice ) က သတင်းထုတ် ပြန်သည်။
ယင်းတောင်းဆိုချက်ကို မြန်မာအပါအဝင်ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းစုစုပေါင်း ၅၁၆ ဖွဲ့က လက်မှတ် ရေးထိုး၍ ဗြတိသျှနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေး စာအဖြစ် တောင်းဆိုခြင်းဖြစ်သည်။
ဗြိတိသျှကုမ္ပဏီများသည် မြန်မာနိုင်ငံသို့လေယာဥ်ဆီတင်ပို့နေသည့် သင်္ဘောများကို အာမခံဝန်ဆောင်မှုပေးနေ ခြင်း၊ အခြေခံအဆောက်အအုံများအတွက် အာမခံပေးသည့်ကုမ္ပဏီများ၊ အသိအမှတ်ပြုခြင်းနှင့် စိစစ်အတည် ပြုခြင်း ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများပါဝင်ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် စစ်အုပ်စုထံ လေယာဥ်ဆီတင်ပို့ရောင်းချရာ တွင် ပါဝင်သည့် မြန်မာကုမ္ပဏီများနှင့် နိုင်ငံပိုင်လုပ်ငန်းများ အပေါ် ချက်ချင်းဒဏ်ခတ်အရေးယူပိတ်ဆို့ပေးရန်တောင်းဆိုထားသည်။
လေယာဥ်တင်ဆီ တင်ပို့ရောင်းချမှုအားလုံး တားမြစ်ပိတ်ပင်လိုက်ပါက ပြည်တွင်းလေကြောင်း ခရီးစဥ်များအပေါ် သက်ရောက်မှုရှိနိုင်သည်ကို နားလည်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုလျှော့ချနိုင်ရန် တားမြစ် ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာအပေါ် လေယာဥ်ဆီတင်ပို့ရောင်းချမှု တားမြစ်ရေးဆောင်ရွက်ရာတွင် ဗြိတိသျှအစိုးအနေဖြင့် ဥရောပနိုင်ငံ များအပါအဝင် သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်နိုင်ရေးကြိုးစားပေးစေလိုကြောင်း ရှေ့ပြေး အသံက ထုတ်ပြန်သည်။
ယင်းအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စစ်အုပ်စုထံ လက်နက်၊ ခဲယမ်းနှင့် စစ်ရေးကိရိယာများအပါအဝင် စစ်ဘက်သင်တန်းနှင့် လက်နက်ခဲယမ်းတင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်သည့်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်နိုင်ရေးဗြိတိသျှအစိုးရအနေဖြင့် ကြိုးစားပေးရန်တိုက်တွန်းလိုကြောင်းပါဝင်သည်။

စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေပြီး စစ်အုပ်စု၏လေကြောင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅၀၀ သေဆုံးကာ လူပေါင်း ၂ ဒသမ ၅ သန်း အိုးမဲ့အိမ်မဲ့စွှန့်ခွာ တိမ်းရှောင်နေရသည်။


View the original

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia