25 November 2022
‘အမျိုးသမီး အနည်းဆုံး အယောက် ၄၀ သည် စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၂၀ မှာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရ’
စစ်ကောင်စီက အမျိုးသမီးငယ်များအပါအဝင် ၁၇ ဦးထက်မနည်းကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အာဏာသိမ်းမှုကြောင့် အသံတိတ်အောင် နှုတ်ပိတ်သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီးနှင့်မိန်းကလေးငယ် အယောက် ၃၀၀ ကျော်ကို အောက်မေ့ သတိရမှတ်တမ်းတင်အပ်သည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေးနေ့တွင် FEM က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကိုခံရသော အမျိုးသမီးများတွင် ကျောင်းသူများ၊ဆန္ဒပြသူများ၊ ဆရာမများ၊ သူနာပြု များ၊ ပြည်သူ့ဝန်ထမ်းများ၊ သီလရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဈေးဆိုင် အလုပ်သမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ခုခံတော်လှန်ရေးသမားများနှင့် အလုပ်သမားများ စသဖြင့် အမျိုးမျိုးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ အသတ်ခံရမှုကြောင့် ၎င်းတို့၏ အသံများနှင့် မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မည့် ၎င်းတို့၏ အလားအလာများသည်လည်း ထာဝရပျောက်ကွယ်သွားခဲ့ရပြီဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ အသက် ၁၂ နှစ်အောက် မိန်းကလေး အယောက် ၃၀ အသတ်ခံခဲ့ရပြီး ၎င်းတို့အနက်မှ အနည်းဆုံး ၁၂ ဦးသည် အသက် ရှင်စဉ်က ကျောင်းပင်မနေဖူးသေးသည့် ကလေးငယ်များဖြစ်ကြောင်း” FEM က ဆိုသည်။
အလားတူ အမျိုးသမီး အနည်းဆုံး အယောက် ၄၀ သည် စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၂၀ မှာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း ဖော်ပြသည်။
အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) ပြုလုပ်နေသော ပြည်သူ့ဝန်ထမ်း မထက်နေခြည်မင်းသည် ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလတွင် စစ်ကိုင်းအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်၏လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ ရသော အမျိုးသမီးအရေအတွက်မှာ ယခုထက် လွန်စွာများပြားကာ တိကျသည့်အရေအတွက် အတိုင်းအတာကို မသိနိုင် ပါဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၂၀၀၀ ပြည့်နှစ်တွင် ဆုံးဖြတ်ချက် (resolution) အမှတ် ၅၄/၁၃၄ ဖြင့် စတင်သတ်မှတ်ခဲ့သည်။
အကြမ်းဖက်မှုဟုဆိုရာတွင် လူမြင်ကွင်းတွင်ဖြစ်စေ၊ အိမ်တွင်းရေးဆန်သည့် ပုဂ္ဂလိကဘဝတွင် ဖြစ်စေ ကျူးလွန်သော ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ မတရားသဖြင့် လွတ်လပ်မှုကို ဆုံးရှုံးစေခြင်းတို့ အပါအဝင် အမျိုးသမီးနှင့်မိန်းကလေး များအပေါ် ကျူးလွန်သည့် ရုပ်ပိုင်း၊ လိင်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်စေမှု၊ သို့မဟုတ် ဆင်းရဲဒုက္ခများ အားလုံးပါဝင် သည်။
Original Post: Honest Information
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.