18 November 2022
နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၂
၂၀၂၂၊ နိုဝင်ဘာ ၁၇ နေ့တွင် အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၅၇၇၄) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည်လွှတ်ပေးမည်ဟု အကြမ်းဖက်စစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့ရာ ယခု ကြေညာချက်ထုတ်ပြန်ချိန်အထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၇၂) ဦးကိုသာ မှတ်တမ်းပြု ထားနိုင်လျက်ရှိသည်။
လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့်သာလွှတ်ပေးခဲ့ ခြင်းဖြစ်ပြီး နိုင်ငံရေးမျှော်လင့်ချက်အရ ဟန်ပြလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံတော်သမ္မတနှင့် နိုင်ံတော် အတိုင်ပင်ခံပုဂ္ဂိလ်များအပါအဝင် နိုင်ငံရေးအကျဉ်းသားတစ်သောင်းကျော်မှာ အကျဉ်းထောင်နောက်ကွယ်တွင် နိုင်ငံ ရေးအရ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်နှင့်အမျှ ခံစားနေကြရဆဲဖြစ်သည်။
မြန်မာနိုင်ငံ၌ မတရားဖမ်းဆီးမှုများ၊ မီးရှို့မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်အုပ်စုက နေ့စဉ်ရက်ဆက်ကျူးလွန်နေဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုနှင့်ပတ်သက်၍ အေအေပီပီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “အခု ပြန်လွှတ် ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းပြီးမှအခြေအမြစ်မရှိတဲ့ စွပ်စွဲ ချက်တွေနဲ့ တွေ့ကရာပုဒ်မတွေတပ်ပြီး ထောင်ဒဏ်တွေ ချမှတ်ခံထားရသူတွေပါ။ နောက်တော့ သူတို့တွေဟာ ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို နှစ်ပြည့်နီးပါး နေခဲ့ပြီးသားတွေဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်း၊ ပြည်ပ ဖိအားတွေကို ဖြေလျှော့ဖို့ ကြိုးစားချက်တစ်ခုသာဖြစ်ပါတယ်။ တချိန်တည်းမှာ အကြမ်းဖက်စစ်အုပ်စုက လူသားဖြစ်မှုကို ပိတ်ပင် တဲ့ လုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှ တရားလက်လွတ်ဆက်တိုက် ကျူးလွန်နေတာဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ထို့အပြင် “စစ်အာဏာသိမ်းချိန်ကစပြီးတောက်လျှောက် အကျဉ်းသားတွေလွှတ်ပေးခဲ့တဲ့ အရင်အကြိမ်တွေလိုပဲ ဒီ တစ်ခေါက် အကျဉ်းသားတွေလွှတ်ပေးတဲ့အခါမှာလည်း စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားဘယ်နှစ်ယောက် လွှတ်ပေးတယ်၊ သူတို့နာမည်တွေက ဘယ်သူ ဘယ်ဝါတွေဖြစ်သလဲဆိုတာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိပါ ဘူး။ ဒါဟာ နိုင်ငံတကာအစိုးရတွေကို လှည့်စားဖို့အကြံနဲ့ တမင်လုပ်တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်” ဟု အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်မှ ဆိုသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးနှင့် မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းများနှင့် လူမဆန်စွာသတ်ဖြတ် ခြင်းများကို ကျူးလွန်ခဲ့သူများအား အပြစ်ပေးအရေးယူမှု ပြုလုပ်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း စစ်အုပ်စုကို ဆက်လက်၍ ထိရောက်သည့် အရေး ယူဆောင်ရွက်မှုများကို အမြန်ဆုံး ပြုလုပ်ပေးရန် လေးနက်စွာ တိုက်တွန်းပါသည်။
ထောင်အသီးသီးမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းအား ဆက်လက်စုံစမ်းအတည်ပြု ပြီး ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။ လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားစာရင်းများအား နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း၏ Website – www.aappb.org, email – info@aappb.org နှင့် Facebook စာမျက်နှာ https://www.facebook.com/burmapoliticalprisoners များသို့ ဆက်သွယ်အကြောင်းကြား ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.