15 November 2022
၂၀၂၂ ခုနှစ် နို၀င်ဘာလ( ၁၅ )ရက်
ယနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အကြမ်းဖက်စစ်ကောင်စီ၏ “A Nang Pa (အနန့်ပါ)ဒေသ စစ်ရာဇဝတ်မှုအား နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်အဖြေရှာကြခြင်း” စာတမ်းတိုကို ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားဒေသများနှင့် ပြည်မများတွင်ပါမကျန် ပြည်သူလူထုအပေါ် နည်းလမ်းမျိုးစုံဖြင့် ၎င်းတို့အားဆန့်ကျင်သူများကို ရန်သူသဖွယ်ပစ်မှတ်ထားပြီး လူသားချင်းမစာမနာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းသည် လျော့နည်းမသွားပဲ၊ တနေ့တခြား ပို၍ဆိုးရွားလာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်တွင် code of conduct ဆိုသည့် စစ်တပ်မှ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်း လုံးဝမရှိတော့သည်ကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သော ဖားကန့်ဖြစ်စဉ်သည် အထင်အရှား သက်သေပြနေသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါ၌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပနေစဥ် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အထိမ်းအမှတ်ပွဲ တက်ရောက်နေသည့် ပြည်သူများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် KIO အရာရှိ၊ အရာထမ်းများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း များစွာရှိခဲ့သည်။ ပို၍ဆိုးရွားသည်မှာ ဒဏ်ရာရပြည်သူများကို ဖားကန့်မြို့သို့ သယ်ယူဆေးကုသခွင့်အား အကြမ်းဖက်စစ်တပ်မှ တားမြစ်ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကို ပေါ်ပေါ် တင်တင် အလေးမထားပဲ ချိုးဖောက်နေကြောင်း ပေါ်လွင်ထင်ရှားပါသည်။
အနန့်ပါဒေသ တိုက်ခိုက်ခံရမှုအပြီး အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် မြန်မာနိုင်ငံ နှင့် ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ရန် ဆုံးဖြတ်ခဲ့သည်မှာ မြန်မာပြည်သူများအတွက်တော့ ကျေနပ်အားရစရာ သတင်းကောင်းတစ်ခုတော့ မဟုတ်ခဲ့ပေ။ တစ်ဖက်၌လည်း တစ်ရက်ပြီးတစ်ရက် ပြည်သူအသက်ပေါင်းများစွာ အသတ်ခံနေရ သော်လည်း လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်မှ မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး စိတ်ရှည်သည်းခံဖို့လိုကြောင်း ပြောနေသည်မှာ အကြမ်းဖက်စစ်တပ်၏ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်မှုများကို မသိကျိုးကျွန် ပြုနေသကဲ့သို့ ဖြစ်နေသည်။ နိုင်ငံတကာ၏ အရေးယူလုပ်ဆောင်မှု ဆက်လက်ပြီး ထိုင်းမှိုင်းတုံ့ဆိုင်းနေပါက ကချင်ဒေသ ရှေ့အလားအလာတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် KIA အကြား မြို့တွင်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်းများစွာ အရှိန်အဟုန်မြင့်တက်လာနိုင်ပါသည်။
မြန်မာနိုင်ငံမှ ဖိနှိပ်ခံ ပြည်သူများအတွက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် ၎င်းတို့ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး၌ တရားရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်ဒဏ်ခံယူရမည်ဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည်လည်း မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှုများတွင် အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေမှုများအတွက် ပြန်လည်တာ၀န်ယူရမည် ဖြစ်သည်။
ဆက်သွယ်ရန်
မွန်းနေလီ
ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံသည်(KWAT)
[email protected]
ဒိုင်းမွန်းထူး
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)(ND-Burma)
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.