လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ အတွက် အထူးမေတ္တာရပ်ခံ တောင်းဆိုချက်

09 November 2022

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ အတွက် အထူးမေတ္တာရပ်ခံ တောင်းဆိုချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၉) ရက်

၂၀၂၁ ခုနှစ် မတရားအာဏာလုခဲ့ချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံခဲ့ရသည့် နစ်နာ ခံစားရသူများအတွက် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများထံသို့ အစီရင်ခံနိုင်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့မှ ပူးတွဲတောင်းဆိုချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းပြုချက်အရ အကြမ်းဖက်စစ်အုပ်စု၏ လက် ချက်ဖြင့် မုဒိမ်းကျင့်သတ်ဖြတ် (သို့မဟုတ်) သတ်ဖြတ်ပြီးနောက်မုဒိမ်းကျင့်ခြင်းခံခဲ့ရသည်ဟုဆိုနိုင်သော အရပ်သား ပြည်သူ အနည်းဆုံး (၁၂) ဦး ရှိခဲ့သည်။

အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များအတွင်း အကြမ်းဖက်စစ်အုပ်စုမှ ဗမာမဟုတ်သည့် တိုင်းရင်းသားများအပေါ် ဖိနှိပ်ရန်အတွက် အသုံး ပြုလေ့ရှိသော စစ်လက်နက်တစ်ခု၊ လုပ်ရိုးလုပ်စဉ်နှိပ်ကွပ်မှုတစ်ခုအဖြစ် တည်ရှိလာခဲ့သည်။

သို့သော်လည်း ၈လေးလုံးအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိသည့် ယခင့်ယခင်တော်လှန်ရေးလှုပ် ရှားမှုများ၌ ပါဝင်ပတ်သက်ခြင်းကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အထူးသဖြင့် အမျိုးသားအကျဉ်းသား သို့မဟုတ် သမရိုးကျ ကျား၊မအဖြစ် မခံယူသူများအနေဖြင့် ယခင်အတိတ်ကာလများ၌ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရသော အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့နှင့်ပတ်သက်၍ ၎င်းတို့အပေါ် ဆိုး ရွားစွာမတရားသဖြင့်ဆက်ဆံခဲ့မှုများအား ဖုံးကွယ်ထားလေ့ရှိခဲ့ကြသည်။

မေလ ၂၀၂၁ ခုနှစ်အတွင်းက စစ်အုပ်စုတပ်သားများနှင့် ရာဇဝတ်သားများ၏ အုပ်စုဖွဲ့မုဒိမ်းပြုကျင့်မှုကိုခံခဲ့ရသူ နိုင်ငံ ရေးအကျဉ်းသားဟောင်း *ကျော်ကျော်ကို အေအေပီပီအနေဖြင့် စက်တင်ဘာလ ၂၀၂၂ ခုနှစ်တွင် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

ပထမနှစ် တက္ကသိုလ်ကျောင်းသားကျော်ကျော်သည် အာဏာလုမှုဖြစ်ပေါ်လာပြီးနောက် ရန်ကုန်မြို့၌ ပြောက်ကျား သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၎င်းပါဝင်ခဲ့သော ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြောက်ကျားသပိတ်တစ်ခု၌ လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားသော စစ်သားများရောက်ရှိလာပြီး ဆန္ဒပြပွဲ ကို ဖြိုခွင်းခဲ့သည်။ ရိုဟင်ဂျာများအပေါ် ရက်စက် ကြမ်းကြုတ်သော “နယ်မြေရှင်းလင်းရေးများ” လုပ်ဆောင်ရာ၌ ပါဝင်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများလည်း ထိုနေရာ အနီး တဝိုက်၌ နေရာချထားခဲ့သည်ကို သူ့တွေ့ရှိခဲ့ရသည်။

ကျော်ကျော်သည် အနီးနားရှိ ဆိုင်တစ်ခုအတွင်းကို ဝင်ရောက်ပုန်းခိုရန် ကြိုးစားနေစဉ် ရဲနှင့် စစ်သားများရောက်ရှိ လာပြီး ဖမ်းဆီးခြင်းခံခဲ့ရကာ မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ၎င်းကို စစ်ကြောရန်အတွက် အခန်းတစ်ခု အတွင်း၌ ထားရှိခဲ့ပြီး ထိုင်ခုံပေါ်၌ ကြိုးတုပ်၍ ၎င်း၏မျက်နှာနှင့် ခန္ဓာကိုယ်ကို ရိုက်နှက်ခဲ့သည်။ အမိန့်ပေးအရာရှိသည် ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်းမှတဆင့်တိုး၍ လက်ချောင်းများကို လိမ်ခြင်း၊ ချိုးခြင်းများ၊ ဓားဖြင့်လည်ပင်းကို ထောက်ခြင်းများ ပြုလုပ်ခဲ့သည်။ လိုချင်သည့် အဖြေများမရသည့်အခါ ကျော်ကျော်၏ နားရွက်အတွင်းကို မီးညှိထား သည့် ဆေးလိပ်များ ထည့်ခဲ့သောကြောင့် ၎င်း၏ နားတစ်ဖက်မှာ ပြန်လည်ကုသ၍မရတော့ဘဲ အကြားအာရုံချို့ယွင်း ခဲ့ရသည်။ ထိုနေ့ညနေ၌ စစ်ကြောသူများသည် ၎င်းအား လိင်စိတ်ခံယူမှုကွဲပြားသူမှန်း သိရှိသွားသောအခါ “အထဲမှာ မင်းလိုကောင်တွေကို စားချင်တဲ့ ရာဇဝတ်သားတွေရှိတယ်” ဟု ပြောကြားခဲ့သည်။

ကျော်ကျော်ကို လက်ထိပ်ခတ်၍ ရာဇဝတ်သားသုံးဦး၊ စစ်သားနှစ်ဦးနှင့်အတူ အချုပ်ခန်းအတွင်း၌ ထည့်ထားခဲ့သည်။ မိနစ် ၃၀ ကျော်အတွင်း ကျော်ကျော်အား အဆိုပါ လူငါးဦးမှ အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခဲ့သည်။ ရာဇဝတ်သားတစ်ဦး သည် ကျော်ကျော်၏ နောက်ဖက်မှ နေပြီး စအိုပေါက်အတွင်းကို လိင်တံထည့်သွင်း၍ အဓမ္မပြုကျင့်ခဲ့ပြီး ကျန်လေးဦး မှာ ကျော်ကျော်ခန္ဓာကိုယ်ကို ဝိုင်း၍ မဖွယ်မရာ ကိုင်တွယ်ခဲ့ကြသည်။ အဓမ္မပြုကျင့်ပြီးနောက် ကျော်ကျော်ကို ၎င်း အား အဓမ္မပြုကျင့်ခဲ့သူနှင့်အတူ တစ်ခန်းထဲ အိပ်ခိုင်းခဲ့သည်။ ကျော်ကျော်သည် တစ်ညလုံး စအိုမှသွေးထွက်၍ နာကျင်မှုကိုခံစားခဲ့ရပြီး နောက်တစ်နေ့နံနက်တွင် သူ့အား ရွှေပြည်သာစစ်ကြောရေးသို့ လွှဲပြောင်းခဲ့သည်။ အဆိုပါနေရာ တွင် သူ့ကို နှစ်ရက်နှင့် နှစ်ညဆက်၍ ညှင်းပန်းနှိပ်စက်ခဲ့သည်။ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ရာ၌ AAPP ၊ WLB နှင့် အခြားသော လူ့အခွင့်အရေးအဖွဲ့များမှ မှတ်တမ်းတင်ထားသည့် စစ်တပ်၏ညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းများ အ တိုင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

“လူလို့ ဖြစ်တည်လာရင် သူတို့ရဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေအတွက် တရားမျှတမှုရရှိခွင့်နဲ့ ဣန္ဒြေ ဂုဏ်သိက္ခာထိန်းသိမ်းပိုင်ခွင့်တို့ကို ရထိုက်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ကျူးလွန်သူ အပေါင်းအပါတွေကို သိစေချင်တာကတော့ နောင်အနာဂတ်လွတ်လပ်တဲ့ဖက်ဒရယ်မြန်မာနိုင်ငံမှာ ခင်ဗျားတို့ရဲ့ ရာဇ ဝတ်မှုတွေအတွက် ခင်ဗျားတို့တာဝန်ခံရမယ်ဆိုတာပဲ” ဟု AAPP၏ အတွင်းရေးမှူး ဦးတိတ်နိုင်ကဆိုသည်။

လက်ရှိအချိန်တွင် ကျော်ကျော်သည် ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး လုံခြုံစိတ်ချရသောနေရာတစ်ခုတွင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏ တရားမျှတမှုရလိုစိတ်သည် သူမျှော်လင့်နေသည့် အနာဂတ်မြန်မာနိုင်ငံအတွက် ထားရှိ သော သူ့ဆန္ဒများနှင့် ထပ်တူထပ်မျှရှိနေသည်။ “ကျွန်တော့်အနေနဲ့ အခြားသူတွေကို ကိုးကွယ်ရာဘာသာ၊ အသား အရောင်၊ လိင်ကွဲပြားမှုတို့ မခွဲခြားဘဲ သူတို့အရည်အချင်းနဲ့ ထိုက်တန်တဲ့နေရာ ကိုယ်စီရရှိစေချင်ပါတယ်။ ကျွန်တော် တို့ နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုကို ရရှိခံစားစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ဒီမို ကရေစီနိုင်ငံတော်ကြီး ဖြစ်စေချင်တယ်” ဟု ကျော်ကျော်ကပြောသည်။

“အခုနွေဦးတော်လှန်ရေးက စစ်အာဏာရှင်ပြုတ်ကျရေးတင်မဟုတ်ဘဲ မြန်မာပြည်သူအများစုရဲ့ ရှေးရိုးစွဲအမြင်တွေ ကိုပါ ပြောင်းလဲပစ်နိုင်ခဲ့တယ်။ လူနည်းစုအခွင့်အရေးတွေကို ပိုပြီးအသိအမှတ်ပြုလာတယ်၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့ သူတွေအပေါ်မှာလည်း ပိုမိုလက်ခံလာကြတယ်။ တော်လှန်ရေးထဲမှာ အမျိုးသမီးများရဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍ ကို အသိအမှတ်ပြုလာသလို LGBT အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍစတဲ့ ခွဲခြားဆက်ဆံမှု အဟန့်အတားတွေကိုလည်း အတူဝိုင်းဝန်းတွန်းလှန်လာနေကြတယ်။ ဒါ့အပြင် မုဒိမ်းပြုကျင့်ခံရသူ အမျိုးသားတွေဟာလည်း သူတို့နစ်နာခံစားရမှု ကို သိုဝှက်မြိုသိပ်ထားနေရတဲ့ နောက်ထပ်အဟန့်အတားတစ်ခုကို ဖြိုချပြီး စစ်အုပ်စုရဲ့ရမ်းကားရက်စက်မှုတွေကို ထုတ်ဖော်ပြောဆိုလာနေပါပြီ ” ဟု AAPP၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်မှ ပြောကြားခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ တာဝန်ရှိသူတစ်ဦးက “အကြမ်းဖက်စစ်ကောင်စီက မုဒိမ်းမှုအပါအဝင် လိင်အ ခြေပြုအကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တစ်ခုအဖြစ် ကင်းလွတ်ခွင့်နဲ့ ကျူးလွန် နေတာ နှစ်ပေါင်းများစွာရှိပြီ။ ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်ပြီး ကင်းလွတ်ခွင့်ရနေသရွေ့ ကတော့ ကျမတို့ လူမှုအသိုင်းအဝိုင်းက ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ဒါကြောင့် ဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုကို ကျူးလွန်သူအားလုံး ကင်းလွတ်ခွင့် လုံးဝမရှိသင့်ဘူး။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ရာဇဝတ်မှုဖြစ် တယ်။ ဒါကြောင့် လုံးဝ အရေးယူမှုရှိရမယ်၊ တာဝန်ခံမှုရှိရမယ်” ဟု စစ်အုပ်စု၏ကျူးလွန်မှုများနှင့် ပတ်သက်၍ဆို သည်။

အဓမ္မပြုကျင့်ခံရသူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံရသူများအနေနှင့် လုံခြုံစိတ်ချရသည့် အခြေအနေ တွင် ရှိနေပါက လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့်သူများထံ ဆက်သွယ်၍ ဖြစ်စဉ်များကို ပြောကြား၍ မှတ်တမ်းတင်သိမ်းဆည်းမှုပြုလုပ်နိုင်ရန် ယခုအကျဉ်းချုပ်ဖော်ပြချက်ကို အထူးတောင်းဆိုမှုတစ်ခုနှင့် အဆုံးသတ်လိုပါသည်။ ဤအထူးတောင်းဆိုမှု၏ရည်ရွယ်ချက်မှာ နစ်နာခံစားရသူများအား ၎င်းတို့၏ဖြစ်စဉ်များကို ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိ မျှဝေနိုင်စေရေးအတွက် ခွန်အားဖြစ်စေရန်ဖြစ်ပါသည်။

ဆက်သွယ်ရန်

[email protected], [email protected]

[email protected]

ပြည်တွင်း၌ ကျန်ရစ်ခဲ့သော မိသားစုဝင်များကို ကာကွယ်ရန် ယခုဖော်ပြမှုတွင် အမည်ဝှက်များကိုသာ အသုံးပြုခဲ့ပါ သည်။ (ဤနေရာတွင်ကြည့်ပါ – စစ်အုပ်စုမှ ဓားစာခံဖမ်းဆီးခြင်းနှင့် ပစ္စည်းဥစ္စာများ သိမ်းယူခြင်းများအကြောင်း လေ့လာရန်)

English version.


Download PDF in English I Burmese.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia