12 October 2022
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှု ထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်
ရှမ်းပြည်တောင်ပိုင်းမိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့
၂၀၂၂ ခုနစ်စက်တင်ဘာလတွင် မိုးဗြဲမြို့နယ်၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရှိခဲ့သည်။
စက်တင်ဘာလ ၈ရက်နေ့တွင် စစ်ကောင်စီတပ် တပ်မ ၆၆ မှ အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကြောင်းသည် မိုးဗြဲမြို့နယ်ဝါရီးဆူးပလိုင်ကျေးရွာမှမိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် မိုးဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် မိုးဗြဲမြို့တွင်းရပ်ကွက်များဖြစ်သည့် ပွဲကုန်း(၁)၊(၂)၊(၃)တို့တွင် တိုက်ပွဲများ ပြင်းထန်စွာပြန်လည်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီမှမြို့အတွင်းသို့ လက်နက်ကြီးများ စတင်ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှုများ၊လက်နက်ကြီးပစ်ကူများအသုံးပြုခဲ့ပြီး ပွဲကုန်းရပ်ကွက် (၃) အတွင်း လက်နက်ကြီးများကျရောက်မှုကြောင့် ဒေသခံပြည်သူ ၁၅ဦးခန့်သည် ဂိုဒေါင်တစ်ခုအတွင်း ပုန်းရှောင်ခဲ့ရကာ တိုက်ပွဲကြားတွင် ပိတ်မိခဲ့သည်။ထိုနေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးသည် အဆိုပါ ဂိုဒေါင်အတွင်းသို့ ကျရောက်ကာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလက်နက်ကြီးထိမှန်ကာ သွေးထွက်လွန်သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦးဒဏ်ရာရခဲ့သည်။
ရက်သတ္တတပတ်ခန့်တိုက်ပွဲများပြင်းထန်ခဲ့ရာစက်တင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်စွဲထားရာမိုးဗြဲမြို့မယ်တော်ဘုရားကျောင်းမှဆုတ်ခွာခဲ့ပြီးနောက် မိုးဗြဲမြို့အတွင်းသို့ မိုးဗြဲအမြောက် တပ် နှင့် လွိုင်ကော်မြို့တွင်းမှနေ၍ လက်နက်ကြီး အလုံး ၃၀ခန့်ပစ်ခတ်ခဲ့ရာ မိုးဗြဲမြို့ပွဲကုန်းရပ်ကွက် (၁) နှင့် (၃) သို့ကျ ရောက်ကာ အသက် ၂၀ ဝန်းကျင်လူငယ် ၂ ဦးလက်နက်ကြီးထိမှန်ကာ ဒဏ်ရာရခဲ့သည်။
စက်တင်ဘာလ ၁၅ရက်နေ့နေ့ နှင့် ၁၆ရက်နေ့တို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီ တပ် သည် လက်နက်ကြီးများကို ဆက်တိုက်ပစ်ခတ်ခဲ့ရာ စက်တင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းတွင် မြို့မရပ် ကွက်ရှိ စစ်ဘေးရှောင်များတိမ်းရှောင်နေသော မွေတော်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးများကျရောက်ကာ အသက် ၇ နှစ်နှင့်ဆယ်နှစိအရွယ် ညီအစ်မနှစ်ဦးအပါအဝင် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား ၂ ဦးလက်နက်ထိမှန်သေဆုံးခဲ့ကာ ဆယ်ဦးကျော်ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ မိုးဗြဲမြို့အတွင်းပြန်လည်ဝင်ရောက်လာခဲ့ပြီး စစ်ရှောင် ၁၀၀ ကျော်နေထိုင်သော မွေတော်ဘုရားတွင် တပ်များဖြန့်ကျက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်သည်စစ်ရှောင် ပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ တိုက်ပွဲများကြားတွင် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၆ ရက်နေ့အထိ မွေတော်ဘုရားအတွင်း စစ်ရှောင်အချို့ပိတ်မိနေဆဲဖြစ်ပြီး အချို့မှာထွက်ပြေး လွတ် မြောက်လာခဲ့သည်။
ရက်သတ္တပတ် ၃ပတ်ကြာတိုက်ပွဲများကြောင့် မိုးဗြဲမြို့ ပွဲကုန်း (၁),၂,၃ ရပ်ကွက်တို့ရှိနေအိမ် ၁၀၀ ကျော်ခန့် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူအများစုသည် ထွက်ပြေးတိမ်းရှောင်နေရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည်မိုးဗြဲမြို့အတွင်းနှင့် မိုးဗြဲမြို့ပြင် စက်တော်ရာတောင်တို့တွင် တပ်စွဲနေထိုင်လျက်ရှိပြီး စစ်ရေးတင်းမာမှုများဆက်ရှိနေသည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
ယိင်းလျန်းဟန် +66 62 569 5220 (မြန်မာ)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.