ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦးမှ နွားကျောင်းထွက်လာသည့် လယ်သမားအား ရိုက်နှက်ကာ လည်ပင်းအားဓါးဖြင့်ခုတ်မှုဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦးမှ နွားကျောင်းထွက်လာသည့် လယ်သမားအား ရိုက်နှက်ကာ လည်ပင်းအားဓါးဖြင့်ခုတ်မှုဖြစ်ပွား

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်

ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့တွင် နွားကျောင်းထွက်လာသည့်လယ်သမားတစ်ဦးအား စစ်ကောင်စီတပ်သားသုံးဦးမှ ၄င်းတို့ စစ်တပ်စခန်းအနီးတွင် ရိုက်နှက်ကာ လယ်ပင်းအား ဓါးဖြင့်ခုတ်ကာ အကြမ်းဖက်နှိပ်စက်ခဲ့သည်။

၂၀၂၂ ခုနစ် သြဂုတ်လ ၃၁ ရက်နေ့နေ့လည် ၁နာရီ၀န်းကျင်တွင် မိုင်းနိမ်ကျေးရွာအုပ်စု နောင်ယုမ်းရွာမှ ဒေသခံလုံးရွှေထွန်းသည် ကျေးရွာအနီးရှိ စားကျက်မြေတွင် လွတ်ထားသော ၄င်းပိုင်ကျွဲ၊နွားများကိုစောင့်ကြည့်ရန် နေအိမ်မှ ကျေးရွာအပြင်ဘက်သို့ ထွက်လာခဲ့သည်။ နောင်ယုံးကျေးရွာအပြင်ဘက် ကျေးရွာနှင့် မြန်မာစစ်တပ် ခလရ ၁၃၁ တပ်နယ်မြေ ထိစပ်သောနေရာအရောက်တွင် ခလရ ၁၃၁ တပ်၀င်းထဲမှ စစ်ကောင်စီတပ်သား ၃ ဦးတို့သည် မိမိပိုင်နွားများအား တပ်၀င်းထဲမှနေ၍ သေနတ်ဖြင့်ပစ်ခတ်ရန်လုပ်နေကြသည်ကိုတွေ့သဖြင့် လုံးရွှေထွန်းမှ ၄င်းတို့ ကိုမပစ်ရန်သွားရောက်ပြောဆိုခဲ့သည်။

ထိုအခါ စစ်ကောင်စီတပ်သား ၃ ဦးသည် တပ်၀င်းထဲမှထွက်လာပြီး လုံး ရွှေထွန်းအား ”မင်းနွားတွေလား”ဟု မေး မြန်းရာ ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်သားများသည် လုံးရွှေထွန်းအား ဒူး ထောက်ခိုင်းရာ ၄င်းမှဒူးမထောက်သဖြင့် ၀ိုင်း၀န်းကာ လက်သီးဖြင့်ထိုးခြင်း၊ သေနတ်ဒင်ဖြင့်ရိုင်ခြင်းများ ပြုလုပ်ခဲ့ကြပြီး နောက်စစ်ကောင်စီတပ်သားတစ်ယောက်သည် လုံးရွှေထွန်း၏ပလိုင်း အတွင်း ပါလာသော တောင်ယာခုတ်သည့်ဓါးဖြင့်လည်ပင်း ကိုလှီးဖြတ်ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် ကျေးရွာသူရွာသား ၅ဦးခန့် ၀ိုင်းလာသဖြင့် စစ်ကောင်စီတပ်သားများသည် သေနတ်ဖောက်ကာ တပ်၀င်းအ တွင်းသို့ပြန်၀င် ပြေးသွားခဲ့သည်။

လုံးရွှေထွန်းအား ကျေးရွာသူရွာသားများမှ ၀ိုင်း၀န်ဆေးရုံပို့ပေးခဲ့ကြပြီး လည်ပင်းမှဓါးခုတ်ဒဏ်ရာမှအချက် ၃၀ ချူပ်ခဲ့ရပြီးကျေးသီးဆေးရုံ၌အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေရသည်။

လုံးရွှေထွန်း

အခင်းဖြစ်ပွားပြီးနောက်ညနေတွင် ခလရ ၁၃၁ တပ်မှ ဗိုလ်မှူးတစ်ဦးပါ၀င်သော တာ၀န်ရှိသူများသည် ကျေးသီးဆေးရုံသို့ရောက်ရှိလာကာ ဓါးဖြင့်ခုတ်သောစစ်ကောင်စီတပ်သားများကိုထိန်းသိမ်းထားပြီး အရေးယူသွားမည်ဖြစ်ကြောင်း နှင့် ဖြစ်စဥ်ဓာတ်ပုံများကို social media တွင်မတင်ရန်ပြောဆိုခဲ့သော်လည်း ဆေးကုသမှုစရိတ်အတွက် ငွေကြေးတစ်စုံတစ်ရာမှတာ၀န်ယူခဲ့ခြင်းမရှိသကဲ့သို့ အမှန်တကယ်အရေးယူမှုပြုလုပ်ခြင်း ရှိမရှိကို မည်သူမှမသိရပေ။

အသက် ၄၇ နှစ်အရွယ် လုံးရွှေထွန်းသည် သားသမီးနှစ်ယောက်ဖခင် မုဆိုးဖိုတစ်ဦးဖြစ်ပြီး တောင်ယာ လုပ်ငန်းလုပ်ကိုင်ကာ သားဖြစ်သူနှင့်အတူနေထိုင်သည်။ မိသားစုစား၀တ်နေရေးကို ၄င်းမှတာ၀န်ယူထားရသူဖြစ်ရာ ယခုကဲ့သို့ အကြမ်းဖက်ခံရပြီးနောက် ဆေးကုသရန်နှင့် စား၀တ်နေရေးတို့မှာ အခက်အခဲကြုံတွေ့နေရသည်။

ဓါးဖြင့်ခုတ်သော စစ်ကောင်စီတပ်သားများမှာ မိုင်းနောင်မြို့ရှိ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက် ခလရ ၁၃၁ မှတပ်သားများဖြစ်ကြသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်    +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)
စိုင်းဆန်လွယ် +66: 88 680 4913                   (ရှမ်း၊ မြန်မာ)
ယိင်းလျန်းဟန် +66 62 569 5220                (မြန်မာ)


Download PDF files: English I Burmese I Shan

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia