27 August 2022
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာအနီးတွင် ဩဂုတ် ၂၆ ရက်က စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူများကို ဩဂုတ် ၂၇ ရက်က မီးသင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ-ပေးပို့
စစ်တပ်က စစ်ကိုင်းတိုင်းအနောက်တောင်ပိုင်းရှိ ပုလဲ၊ ယင်းမာပင်၊ ကနီတကြောတွင် ရွာစဉ်လှည့် မီးရှို့ ဖျက်ဆီးနေသည်မှာ နှစ်ပတ်ကျော်ရှိပြီဖြစ်သည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။
စစ်ကိုင်းတိုင်းအနောက်ခြမ်းတွင် လမ်းပန်းဆက်သွယ်ရေးအရ မဟာဗျူဟာကျသည့် မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းတွင် ယမန်နေ့ (ဩဂုတ် ၂၆) က ၎င်းတို့အဖွဲ့ဝင်များ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သည် ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က အတည်ပြုသည်။
“ကွမ်းယာဆိုင်တစ်ဆိုင်မှာ နားနေတဲ့ မိုးခိုနေတဲ့အချိန်မှာ ပစ်တာပေါ့ဗျာ။ ကားတွေလည်း ရှို့ထား တယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူများမှာ အသက် ၂၀ မှ ၃၀ အရွယ် အမျိုးသားများဖြစ်ပြီး အနီးကပ် ပစ်သတ်ခံရသူများ ပါဝင်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
သတ်ဖြတ်ခံရသူများအနက် ၂ဦးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရိုးမဖိုက်တာမှ ဖြစ် ကြောင်း စုံစမ်းသိရှိရသည်။ ကျန်သူများ မည်သည့်အဖွဲ့မှဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။
စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီးနှင့် သေဆုံးသူနေသူနှစ်ဦး၏ ဓာတ်ပုံများလည်း တွေ့ရှိရသည်။
စစ်ကောင်စီတပ်သည် ကနီမြို့နယ် ဇီးပင်တွင်းရွာတွင် နှစ်ရက်ကြာတပ်စွဲကာ အိမ်ခြေ ၂၀ ကျော်ကို မီးရှို့ ဖျက်ဆီး ပြီးနောက် ယမန်နေ့(ဩဂုတ် ၂၆) ရက်က ပြန်ထွက်ကာ ချောင်းမရွာကိုဖြတ်စဉ် ဒေသခံ ကာကွယ်ရေး အဖွဲ့ဝင်များကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ထိုဒေသရှိ သတင်းရင်းမြစ်များက ပြောသည်။
အင်အား ၁၀၀ ကျော်ပါဝင်သည့် ထိုစစ်ကြောင်းသည် ယနေ့(ဩဂုတ် ၂၇) နံနက်ပိုင်းတွင် ချောင်းမရွ ာမြောက်ဘက်ကို ဦးတည် ထွက်ခွာနေကြောင်း၊ မင်းမရွာအနီးတွင် ဒေသ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ကြောင်း ဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ စုံစမ်း၍ မရသေးပေ။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာအနီးတွင် ဩဂုတ် ၂၆ရက်က စစ်ကောင်စီ မီးရှို့ခဲ့သည့် မော်တော်ယာဉ်နှင့် ရုပ်အလောင်းအချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
ထိုဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့မှာ ယခုလ ၁၁ ရက်က ယင်းမာပင်မြို့နယ်ရှိ ရွာကြီးတစ် ရွာဖြစ်သော ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်များဖြင့် ဝင်ရောက်ပစ်ခတ် စီးနင်းပြီးနောက် ဒေသတ ဝိုက်ရှိ ရွာများကို လှည့်လည်ဖျက်ဆီးနေခြင်းဖြစ်သည်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ပုလဲ၊ ယင်းမာပင်နှင့် ကနီ တကြောရှိ ကျေးရွာများကို ရွာစဉ်လှည့် ၍ နှစ်ပတ်ကျော်ကြာ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။
ထိုစစ်ကြောင်း ရင်ပေါင်တိုင်ရွာမှထွက်စဉ် ဓားစားခံအဖြစ် ဖမ်းခေါ်ခံရသည့် ဒေသခံ ၂၀ ဝန်းကျင်မှာ လည်း ယနေ့တိုင် အဆက်အသွယ်ပြတ်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များဘက်က ပြောသည်။
စစ်ကြောင်းဖြတ်သန်းရာ လမ်းတစ်လျှောက် ကျေးရွာများ မီးရှို့ခံရသလို ဒေသခံများလည်း သတ်ဖြတ်ခံနေရသည်။
ကနီမြို့နယ် မုံရွာ -ယာကြီး – ကလေးဝ လမ်းတလျှောက်နှင့် ချင်းတွင်းမြစ်ကမ်းဘေးတဝိုက် ကျေးရွာ များတွင် စစ်ရေးတင်းမာနေသည့်အတွက် ကျေးရွာပေါင်း ၆ အုပ်စုမှ ဒေသခံ ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ရရာလက်နက်ဖြင့် ခုခံမှုများ အားကောင်းသည့် စစ်ကိုင်း တိုင်းကို စစ်ကောင်စီက ကုန်ကြောင်း၊ လေကြောင်း သုံး၍ စစ်ဆင်နေသည်။ ထိုသို့ ရွာမီးရှို့ခံရမှုများ၊ ဒေသခံတို့ သေဆုံးရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.