23 August 2022
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၄ နေ့
၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ရှေ့ပြေးအသံအဖွဲ့မှ ခြောက်သွေ့ဒေသ မီးတိုက်ခံရခြင်း – မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း (Setting the Tinderbox Alight – The Humanitarian Crisis in Myanmar’s Dry Zone) ဟု အမည်ပေးထားသော စာတမ်းတိုကို မိတ်ဆက်ပေးမည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဤစာတမ်းတိုထဲတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒေသခံပြည်သူများ၏ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို အဓိကထား ဆွေးနွေးတင်ပြထားပါသည်။
စစ်အုပ်စု၏ အလွန်တရာဆိုးရွားသည့် “မြေလှန်စနစ်” စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှုနှင့် အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်လုပ်ဆောင်နေခြင်း များကြောင့် ဗမာတိုင်းရင်းသားလူမျိုးစု အများစုနေထိုင်သည့် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသတွင် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များ အမြောက်အများရှိလာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုလည်း ဖြစ်ပေါ်လာခဲ့စေသည်။ ယင်းအပူပိုင်းဒေသရှိ လူထုအသိုင်းအဝိုင်းများအနေဖြင့် ကြီးမားသော မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို မည်သည့်အခါကမျှ ကြုံတွေ့ခံစားရခြင်း မရှိခဲ့ဖူးသည့်အားလျော်စွာ ယခုကဲ့သို့ ကျယ်ပြန့်သော အကျပ်အတည်းတစ်ရပ်ကို တုံ့ပြန်ဆောင်ရွက်နိုင်သည့် ဒေသအခြေပြုယန္တရားများ ပြည့်စုံစွာ တည်ထောင်ထားခြင်း မရှိသကဲ့သို့ ကျင့်သုံးနေကျ တုံ့ပြန်ဆောင်ရွက်ရေး အစီအမံများလည်း ရှိမနေပေ။ သို့ရာတွင် ဒေသခံလူထုအသိုင်းအဝိုင်း များသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းအပေါ် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကျရှုံးနေသော တုံ့ပြန်မှုများအကြား အကူအညီဖြန့်ဝေမှုဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့ရခြင်းနှင့် အကူအညီများ ပေးဝေခြင်းဆိုင်ရာ အတွေ့အကြုံ နည်းပါးသည့်ကြားမှာပင် IDP များ၏ ကြီးမားလှသော ဘေးဒုက္ခ ခံစားရမှုများ သက်သာလျော့ပါးစေရန် အရေးကြီးသည့် လှုပ်ရှားဆောင်ရွက်မှုများကို ဒေသခံ လူထုအသိုင်းအဝိုင်းများက အလျင်အမြန် ဖော်ဆောင်လာခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သုတေသနအတွင်း ရှာဖွေတွေ့ရှိချက်များနှင့်အတူ အကြံပြုတိုက်တွန်းချက်များကို ရှေ့ပြေးအသံအဖွဲ့ဘက်က ပါဝင်ဆွေးနွေးမည့်သူများမှ ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ကိုင်နေသူလူငယ်တစ်ဦးမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စိန်ခေါ်မှုများ၊ ဒေသခံများ၏ အကူအညီပေးဝေရေး လုပ်ဆောင်ချက်များနှင့်ပတ်သက်သော သူမ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို မျှဝေပေးသွားမည်ဖြစ်ပြီး လူ့အသက်များ ကယ်တင်နိုင်ရန် အကျပ်အတည်းကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများနှင့် နည်းနာများကို တင်ပြရန်အတွက် ဆန်းစစ်သုံးသပ်ချက်များကိုလည်း ဆွေးနွေးဖလှယ်ပေးသွားမည် ဖြစ်သည်။
အွန်လိုင်းဆွေးနွေးပွဲကို မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ဘာသာစကား နှစ်မျိုးစလုံးအတွက် တိုက်ရိုက်ဘာသာပြန် စီစဥ်ပေးထားပါသည်။
နေ့ရက် – ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက် (ဗုဒ္ဓဟူးနေ့)
အချိန် – နံနက် ၁၀း၀၀ မှ ၁၁း၀၀ အထိ (ထိုင်းစံတော်ချိန်)
အမည်စာရင်းပေးသွင်းရန် – https://us06web.zoom.us/webinar/register/WN_WjsWjdD-Q9ytSS2WVibI1w
ပါဝင်ဆွေးနွေးမည့်ပုဂ္ဂိုလ်များ
Moderator – Rin Fujimatsu၊ ရှေ့ပြေးအသံအဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ
ပါဝင်ဆွေးနွေးသူများကို ဆွေးနွေးပွဲ မတိုင်မီနှင့် အပြီးတွင် အင်တာဗျူး မေးမြန်းနိုင်ပါသည်။ အင်တာဗျူးကို မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့် မေးမြန်းနိုင်ပါသည်။
ထပ်မံသိရှိလိုလျှင်ဖြစ်စေ မထုတ်ပြန်ရသေးသည့် စာတမ်းတို (Embargoed version) ကို ရယူလိုလျှင် ဖြစ်စေ Rin Fujimatsu, Advocacy Director: [email protected] သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.