15 August 2022
မကြာသေးမီက တွေ့ရသည့် မန္တလေး အိုးဘိုထောင်အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-Myanmar Now
ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅ – က ဖြင့် အမိန့်ချခံရသည့် ၂၆ နှစ်အရွယ် ကိုနောင်ထက်အောင် အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက်၊ တိုက်ပိတ်ခံထားရပြီး ဒဏ်ရာပြင်းထန်သည်ဟု သတင်းထွက်နေသည်။
By Myanmar Now
မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဆန္ဒပြစဉ် ရိုက်နှက်ခံရကာ ဒဏ်ရာပြင်းထန်သည်ဟု သတင်းထွက်နေသည့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကို တရားရုံးတင်စစ်ဆေးခြင်း မရှိဘဲ စစ်ကောင်စီက ဩဂုတ် ၁၀ တွင် ထောင် ၃ နှစ် ချမှတ်လိုက်သည်။
အသက် ၂၆ နှစ်အရွယ် ကိုနောင်ထက်အောင်မှာ ၂၀၂၁ တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူဖြစ်သည်။ ၎င်းကို ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅ – က ဖြင့် ထောင်ဒဏ်စီရင်ခြင်း ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ) ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ အာဏာသိမ်းမှုဆန့်ကျင်သူ အရပ်သား ၂ ဦးတို့ကို ကွပ်မျက်မှုအတွက် အစာငတ်ခံ ဆန္ဒပြသည့် ကိုနောင်ထက်အောင်ကို အိုးဘိုထောင်အတွင်း တိုက်ပိတ်ထားသည်။
ဩဂုတ် ၁ မှစ၍ အစာငတ်ခံဆန္ဒပြသည့် သူ့ကို ဩဂုတ် ၉ရက်တွင် ထောင်ဝန်ထမ်းများက ရိုက်နှက်နှိပ်စက်ကာ အလင်းရောင်နှင့် လေဝင်လေထွက် မရှိသလောက် နည်းပါးသော တိုက်ခန်းကျဉ်းသို့ ပို့ခဲ့ကြောင်း၊ အမှုထပ်တိုးမည်ဟု ဖိအားပေးခြိမ်းခြောက်နေသည်ဟု သိရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တာဝန်ရှိသူက ပြောသည်။
“ဝန်ထမ်းတွေရောက်လာပြီး ဝိုင်းရိုက်ကြတယ်။ လေးခွနဲ့ပစ်တယ်။ လျှပ်စစ်ရှော့တိုက်လက်နက်တွေ သုံးပြီး ဖိနှိပ်တယ်လို့ သိရတယ်။ နောက်ဆုံးသတင်းအရ ၁၆ ဦးကို တိုက်ပိတ်ထားဆဲလို့ သိရတယ်” ဟု ဗကသ သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။
“အစာငတ်ခံဆန္ဒပြသူတွေထဲ သူအပါအဝင် ၁၉ ဦး တိုက်ပိတ်ခံရတယ်လို့ သိရတယ်။ အရိုက်ခံရသူ ၃၆ ဦးလောက်ရှိပေမဲ့ အရိုက်ခံရပြီး တိုက်ပိတ်မခံရသူတွေလည်းရှိတယ်”
ကိုနောင်ထက်အောင်မှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု အထက်ပါ ဗကသတာဝန်ရှိသူက ပြောသည်။
“ရှေ့သွားသုံးချောင်းကျိုးတယ်။ ခေါင်းပေါက်တယ်။ ကျောကွဲတယ်….. ။ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူတွေလည်းရှိတယ်”ဟု ၎င်းက ဆိုသည်။
ကိုနောင်ထက်အောင်အပါအဝင် ရိုက်နှက်၍ တိုက်ပိတ်ခံရသူများကို ဆေးကုသခွင့်ပေးရန် ဗကသက တောင်းဆိုထားသည်။
အိုးဘိုထောင်အတွင်း အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူများကို ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးနေသည်။ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်ဆုံးနေသူများလည်းရှိသည်။
ယမန်နှစ် စက်တင်ဘာလဆန်းတွင် စစ်ကိုင်းမြို့ စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံရပြီး ထိုမြို့တွင် အခြေစိုက်သည့် တပ်မ ၃၃ ဝင်းအတွင်း ခေါ်ဆောင်သွားခြင်းခံရသူ စစ်ကိုင်းပညာရေးတက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌ မအေးနန္ဒာစိုးလည်း ယခုအချိန်အထိ သတင်းပျောက်ဆုံးနေသည်ဟု ဗကသက ပြောသည်။
အလားတူ ထိုကာလအတွင်း ဖမ်းဆီးခံရသည့် ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်းသား၊ ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုး၏ အခြေအနေကိုလည်း ယနေ့တိုင် စုံစမ်း၍ မရသေးပေ။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာချိန်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဗကသအဖွဲ့ဝင် ကျောင်းသားကျောင်းသူများ (၄၀) ကျော် ထိန်းသိမ်းထားခံရကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.