စစ်ကောင်စီကို အသိအမှတ်ပြုသလို ရေးသားခဲ့တဲ့ INGO တွေကို အရပ်ဘက်အဖွဲ့ သုံးရာကျော် ကန့်ကွက်

13 August 2022

စစ်ကောင်စီကို အသိအမှတ်ပြုသလို ရေးသားခဲ့တဲ့ INGO တွေကို အရပ်ဘက်အဖွဲ့ သုံးရာကျော် ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံဝန်ကြီးချုပ် အဖြစ် သုံးနှုန်းခဲ့တဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း (INGO) တချို့ကို ကန့်ကွက် ကြောင်း ပြည်တွင်း အရပ်ဘက်အဖွဲ့ ၃၈၆ ဖွဲ့က ဩဂုတ်လ ၁၂ ရက် မနေ့ညမှာ ထုတ်ပြန်ပါ တယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်အတွက် အာဏာသိမ်းစစ်ခေါင်း ဆောင်ဆီကို လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ Save the children ၊ World Vision International အပါအဝင် INGO ၁၂ ဖွဲ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ စစ် ကောင်စီကို အသိအမှတ်ပြုရာရောက်မယ့် ရေးသားဖော်ပြမှုတွေ ပါဝင်လို့ အခုလို ကန့် ကွက်ကြတာပါ။

အဲဒီစာထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ်၊ ဦးဝဏ္ဏမောင်လွင်ကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် သုံးနှုန်းထားပြီး ဒါဟာ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ပြည်သူတွေရဲ့ အားထုတ်အနစ်နာခံမှုကို စော်ကားရာရောက်တယ်လို့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းချိန်ကနေ အခုအချိန်အထိ လူပေါင်း ၂၁၈၉ ဦး သေဆုံးစေခဲ့သလို လူပေါင်း ၁၂၀၀၀ ကျော်ကို ဖမ်းဆီးအကျဉ်းချထားသူ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေရဲ့ အမြင်မှာလည်း စစ်ကောင်စီဟာ တရားဝင်မှုမရှိတဲ့အတွက် အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ကိုသာ ဒီစာပေးပို့သင့်တယ်လို့ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဒီစာကို INGO တွေအနေနဲ့ ပြန်ရုပ်သိမ်းပြီး တောင်းပန်ဖို့နဲ့ ဒီအခြေအနေဖြစ်ခဲ့တဲ့အပေါ် အဖွဲ့အစည်းအတွင်း စုံစမ်းစစ်ဆေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဒါဟာ သူတို့ရဲ့စီမံခန့်ခွဲမှု အမှားတစ်ခုသာဖြစ်ပြီး တခြားအဖွဲ့အစည်း ၁၁ ခုရဲ့ သဘောထားမဟုတ်ကြောင်းနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ သဘောမဟုတ် ကြောင်း လုမှုကွန်ရင်တွစ်တာကနေ မနေ့က ရေးသားထုတ်ပြန်ခဲ့ပါတယ်။

Save the children ကတော့ ဒီစာထဲမှာ ရေးသားဖော်ပြမှုဟာ သူတို့ရဲ့ သဘောထား ခွင့်ပြုချက် ရယူထားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia