28 July 2022
ယခုအစီရင်ခံသည့် ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လတလျှောက် မြန်မာစစ်တပ်သည် ဒီမိုကရေ စီ စံချိန်စံညွှန်းများနှင့် အခြေခံမူများအပေါ် မထီမဲ့မြင်ပြုနေသည်ကို ND-Burma အဖွဲ့ဝင်များက မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ စစ်အာဏာရှင်တို့ အရိုးစွဲအောင် ကျင့်သုံးနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဓ လေ့နှင့် အကြမ်းဖက် ကျူးလွန်မှုကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းကိုဖြစ်ပေါ်စေပြီး လူဦးရေ တသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ နိုင်ငံရေးအခြေအနေမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ထို့အတူ တခုပြိုလဲသွားပြီးနောက် ဆင့်ကဲ ရိုက်ခတ်မှုဖြစ်စဥ်အရ စစ်အာဏာရှင်တို့၏ တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖွဲ့စည်းခဲ့သည့် အတိုက်အခံအင်အားစုများအ ပေါ် ရိုက်ခတ်မှုရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရပြီး လအနည်း ငယ်အတွင်းမှာပင် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အားကောင်းလာသည်။ ပြည်သူ့ဝန် ထမ်းများဖြစ်သည့် ဆရာဝန်၊ ကျောင်းဆရာ၊ အင်ဂျင်နီယာနှင့် တခြားနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ က စစ်အာဏာရှင်အောက်တွင် တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း ငြင်းဆန်ကြေငြာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မတ်လတွင် CDM လှုပ်ရှားမှုသည် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံရ သည်။
ထို့ပြင် စစ်အာဏာရှင်တို့၏ အာဏာငမ်းငမ်းတက် ရယူလိုချင်မှုကြောင့် ၎င်းတို့ မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုပင် ပြန်လည်ချိုးဖာက်ကြောင်း နွေဦးတော်လှန်ရေး၏ ဗျူဟာမြောက် စုစည်း ကြိုးပမ်းမှုမှ တဆင့် ထုတ်ဖော်ပြသခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တို့ကို တရားဝင် ထိတွေ့ဆက်ဆံမှုနှင့် သံတမန် ဆက်သွယ်မှုအတွက် ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး (PDFs) အဖွဲ့များကိုလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် သည့် အရပ်သားများဖြင့် စစ်အာဏာရှင်တို့အား ဆန့်ကျင်တိုက်ခိုက်ရန် ဖွဲ့စည်းခဲ့သည်။ နောက်ခံ အခြေအနေအမျိုးမျိုးနှင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့ ညီညွတ်စွာဖြင့် အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လျှက်ရှိသည်။
ယခုအစီရင်ခံသည့် ကာလအတွင်း စစ်အာဏာရှင်တို့သည် အရပ်ဖက်အဖွဲ့အစည်းများနှင့် EROs အပါအဝင် ဒီမိုကရေစီအင်အားစုများ၏ ရဲရဲဝံ့ဝံ့ခုခံမှုကို ယှဥ်ပြိုင်အံတုနိုင်ခြင်းမရှိပေ။ ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံတွင်း အရေးပေါ်လိုအပ်မှုများအပါအဝင် အကြပ်အတည်းများနှင့် ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ရန် ပျက်ကွက်နေစဥ်တွင် နိုင်ငံတွင်းရှိ တက်ကြွလှုပ်ရှားသူများက စံပြအနေဖြင့် ရဲရင့်စွာ အသက်ကို ပဓာနမထားပဲ ၎င်းတို့၏ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသည်။
NUG အပါအဝင် ကာလကြာရှည်ဆောင်ရွက်နေသည့် လှုပ်ရှားတက်ကြွသူများနှင့် ယုံကြည်စွာ လက်တွဲ အလုပ်လုပ်ရမည့်အစား နိုင်ငံတကာအဖွဲ့အစည်းအချို့သည် စစ်အာဏာရှင်တို့နှင့် လက်တွဲ၍ ၎င်းတို့အား အသိ အမှတ်ပြုစေသည့် တရားဝင်မှုကို အရဲစွန့် ပေးနေသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OHA) နှင့် ASEAN ၏ လူသားချင်းဆိုင်ရာ ကူညီမှု အဖွဲ့သည် စစ်အာဏာရှင်တို့နှင့် ပူးပေါင်း၍ လူသားချင်းစာနာသည့် အကူအညီများအတွက် ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းပြင်နေသည်[4]။ အထောက်အပံ့ အကူအညီများကို တလွဲသုံးခြင်းနှင့် စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနှင့် အမိုးအကာများ အပါအဝင် အရေးတကြီးလိုအပ်နေသည့် အခြေခံလိုအပ်ချက်များအား ပိတ်ပင်တားဆီးနေသည့် စစ်အာဏာရှင်တို့ နှင့် လက်တွဲလုပ်ဆောင်ခြင်းဖြစ်သည်။ လက်တွေ့မြေပြင်တွင် လုပ်ဆောင်နေသည့် အားကိုးစိတ်ချ၊ ယုံကြည်ရသည့် အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်မည်လား? မြန်မာစစ်အာဏာရှင်တို့အား အရဲစွန့်၍ တရားဝင်မှုကို အသိအမှတ်ပြုမည်လား? ဟု အရပ်ဖက်အဖွဲ့အစည်းများက ကုလသမဂ္ဂအား မေးခွန်းထုတ် တောင်းဆိုနေကြသည်။ လူသားချင်းစာနာသည့် အကူအညီများအား တလွဲအသုံးပြုနေသည်ဟု မှတ်တမ်းရှိသည့် မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ အကူအညီများ ပေးပို့ဆောင်ရွက်သွားမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ဆုံးဖြတ်ချက်အား NUG ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန် ကြီးဌာနသည် ကရင်အမျိုးသားအစည်းအရုံး (KNU), ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့နှင့် ပူးပေါင်း၍ ကန့်ကွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် စစ်အာဏာရှင်တို့က လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများအပေါ် စက်ဆုတ်စရာကောင်းအောင် ကျူးလွန်သည့် ရာဇဝတ်မှု များတွင် ကြံရာပါအဖြစ် အရဲစွန့် လုပ်ဆောင်ခြင်းဖြစ်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.