လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) နောက်ဆုံးထွက်ရှိသည့် အစီရင်ခံစာတွင် မြန်မာ စစ်အာဏာရှင်တို့က လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း တွေ့ရှိထားသည်

28 July 2022

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) နောက်ဆုံးထွက်ရှိသည့် အစီရင်ခံစာတွင် မြန်မာ စစ်အာဏာရှင်တို့က လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း တွေ့ရှိထားသည်

၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ ND-Burma မှ အာဏာသိမ်းမှုအား ခုခံခြင်း” ဆိုသည့် ၆ လပတ်အစီရင်ခံစာထုတ်ပြန်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာစစ်အာဏာရှင်များ ကျူးလွန် သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြထားသည်။ လွန်ခဲ့သည့် ၆ လအတွင်း စစ်အာဏာရှင်တို့ သည် ပြစ်ဒဏ်ခတ် အရေးယူခံရခြင်းမရှိဘဲ ထောင်နှင့်ချီသည့် အိုးအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြည်သူများအား သတ်ဖြတ်နေသည်။ အကြမ်းဖက် ကျူးလွန်မှုများကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းများ ဖြစ်ပေါ်လျှက်ရှိပြီး သောင်းနှင့်ချီသည့် ပြည်သူများ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးရကာ ဆင်းရဲကြပ်တည်းစွာ နေထိုင်ကြရသည်။

ND-Burma အဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဒေသများတွင် ဆိုးရွားသည့် အကြမ်းဖက်မှုများကို မြန်မာ့တပ်မ တော် စစ်သားများက ကျူးလွန်နေသည်။ စစ်အာဏာရှင်တို့သည် ၎င်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် နေမှုအား ၎င်းတို့နားလည်သည့် တခုတည်းသောနည်းလမ်းဖြစ်သော အကြမ်းဖက်မှုဖြင့် တုန့်ပြန်သည့်အ တွက် ပြည်တွင်းပဋိပက္ခများ ပိုမိုများပြားလာသည်။ ထို့ကြောင့် ပြည်သူလူထု အများအပြားမှာ အဆက် မ ပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဖြစ်ပေါ်စေသည့် အထောက် အထားများဖြစ်သည်။

စစ်အာဏာရှင်တို့မှ တမင်ရည်ရွယ်၍ ‘ကြောက်မက်ဖွယ် လမ်းကြောင်းသို့ တွန်းပို့နေသဖြင့်’ ၎င်းတို့အား လက်မခံသရွေ့ ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို အာဏာရှင်တို့က ရပ်ဆိုင်းမည်မဟုတ်ပေ။

မြန်မာစစ်တပ်မှ ကျူးလွန်သည့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဥ်းပန်းနှိပ် စက်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခြင်း၊ လက်စတုန်းဖျောက်ဖျက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားများအပေါ် ဆန့်ကျင်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု များကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထားသည်။ စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှု များအတွက် တာဝန်ယူ တာဝန်ခံရန်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။

အရပ်သားပြည်သူများနေထိုင်ရာဒေသတွင် အကြမ်းဖက်ကျူးလွန်မှုများ ချက်ခြင်းရပ်တန့်ရန်နှင့် စစ်အာဏာရှင်တပ်များရုပ်သိမ်းရန် ND-Burma မှ တောင်းဆိုသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ASEAN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနဖြင့် စစ်အာဏာရှင်များ တာဝန်ယူ တာဝန်ခံမှု ရှိလာစေရေးအတွက် လက်တွေ့ကျသည့် အရေးယူများ ချမှတ်ဆောင်ရွက် ရမည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရေးကို ND-Burma မှ ထောက်ခံကြိုဆိုပါသည်။ မြန်မာ့အခြေအနေအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်အတွက် စစ်အာဏာရှင်တို့အပေါ် သံတမန်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေး အရေးယူရန် တောင်းဆို ပါသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသည် စစ်အာဏာရှင်လက်အောက်တွင် မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။

ပိုမိုသိရှိလိုပါက

ဆက်သွယ်ရန်

ကိုတိန်ဦး

+66 81 595 6138

[email protected]

ဒိုင်းမွန်းထူး

+66 96 759 5082

[email protected]

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်းအဖြစ်မှန်အမှန်တရားကိုစုပေါင်းအသုံးပြုကာ၊လောလောဆယ် စည်းရုံးတိုက် တွန်းတင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထိုအပြင် ပူးတွဲအစီရင်ခံ တင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏ လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့်အရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

တင်းပြည့်အဖွဲ့ဝင်များ

၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)

၄) အနာဂါတ်အလင်းတန်းဆုံမှတ်

၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉) ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁) ချင်းလူ့အခွင့်အရေးအဖွဲ့

၂) ပအိုဝ်းလူငယ်များအစည်းအရုံး

၃) ပဲခူး အရှေ့ – နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄) ရှေ့ပြေးအသံ

English version.


View the original.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia