27 July 2022
၂၀၂၂ ခုနစ် မေလလယ်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်သားများသည် ကျယ်ပြန့်လာသော ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၀င်များ၏ တိုက်ခိုက်မှုများကိုတုန့်ပြန်ရန်အတွက် ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ် မိုးဗြဲအင်းအရှေ့ ဘက်ခြမ်းတွင် မြေလှန်ဖျက်ဆီးသည့် စစ်ရေးလှုပ်ရှားမှုများကိုပြုလုပ်ခဲ့ရာ နေအိမ်အလုံးတစ်ရာကျော်ဖျက်ဆီးခံခဲ့ရပြီး လွယ်ပေါကျေးရွာအုပ်စုမှ ပြည်သူ ၄၀၀၀ ကျော်သည် နေရပ်စွန့်ခွာကာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မေလ ၁၂ ရက်တွင် ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ညောင်ရွှေမြို့တောင်ဘက် မိုးဗြဲညောင်ရွှေလမ်း မကြီး ပေါ်ရှိ စစ်ကောင်စီနှင့် ပအို၀့်ပြည်သူ့စစ် PNO တို့ပူးတွဲစခန်းချသည့် ထီရီကျေးရွာ ကင်းစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။
စစ်ကောင်စီတပ်မှ အထက်ပါတိုက်ခိုက်မှုကိုတုန့်ပြန်သည့်အနေဖြင့် အဆိုပါလမ်းကြီးတောင်ဘက်အတိုင်း နယ်မြေ ရှင်းလင်းမှုစစ်ဆင်ရေးကို ခမရ ၄၂၂ တပ်နှင့် PNO တပ်များအား ဖယ်ခုံမြို့ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းရှိ လွယ်ပေါ ကျေးရွာအုပ်စုအတွင်းသို့ တပ်ဖြန့်ကာ စတင်ခဲ့သည်။နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲပြီး မေလ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကိုလည်းပြုလုပ်ခဲ့ရာ လွယ်ပေါကျေးရွာအုပ်စုမှဒေသခံပြည်သူ ၄၀၀၀ ကျော်သည် နေရာအနှံ့ပြားသို့ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။ ထိုသို့တိမ်း ရှောင်ရာတွင်မြောက်ဘက်ရှိဆီဆိုင်၊ပင်လောင်းနှင့်တောင်ကြီးမြို့များသို့၄င်း တောင်ဘက်ရှိ ကရင်နီပြည် လွိုင်ကော်နှင့် ထိုင်းနိုင်ငံသို့၄င်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မေလ၁၆ရက်နေ့တွင် စစ်ကောင်စီတပ်သား များနှင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၀င် များသည် အင်းအရှေ့တောင် ဘက်ခြမ်းရှိ ဆီမီးလော့ကျေးရွာ အနီးတွင်တိုက်ပွဲဖြစ် ပွားခဲ့ပြီး နောက် တပ်မ၆၆မှ စစ်ကောင်စီ တပ်သားများသည် လွယ်ပေါကျေးရွာအပါအ၀င် မိုးဗြဲ-ညောင်ရွှေလမ်းတစ်လျောက် တပ်များဖြန့်ကျက်ကာအင် အားဖြည့်လာခဲ့သည်။
မေလ ၁၆ ရက်နေ့တွင် ဆောင်နန်းခဲကျေး ရွာတွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ် သား များသည် ညနေ ၄နာရီခွဲမှစတင်ကာ လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲ ကျေးရွာတစ်ရွာ လုံးကိုမီးရှို့ ဖျက်ဆီးခဲ့ကြသည်။ စစ်ကောင်စီတပ်သားများသည် နေအိမ်များကို ဓာတ်ဆီဖြင့်လောင်း ကာမီးရှို့ခဲ့ကြခြင်းဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ကျေးရွာအတွင်းရှိနေအိမ် ၄၀ ကျော်သည်မီး လောင်ပျက်စီးသွားခဲ့သည်။
၂၀၂၂ ခုနစ် မေလ ၁၇ ရက်နေ့ည ၁၁ နာရီ ၀န်းကျင်တွင် လွယ်ပေါကျေးရွာအုပ်စုတွင်နေရာယူထားသော စစ်ကောင်စီတပ်သားများသည် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲအင်းအလယ်တွင်ရှိသောလွယ်ပန်းစုံ (ရေလယ်ကျွန်း)ရွာကိုလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့်လွယ်ပန်းစုံဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသာ ပြည်သူ ၂ ဦး လက်နက်ထိမှန်ကာဒဏ်ရာရှိခဲ့ပြီး စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ပျက်စီးခဲ့သည်။
မေလ ၂၀ ရက်နေ့တွင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများသည် လွယ်ပေါကျေးရွာအုပ်စု နန်းပေါ်လုံကျေးရွာကို ညနေ၆နာရီခန့်မှစတင်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။မိုးများသည်းထန် စွာရွာသွန်းလာသဖြင့် နေအိမ် ၃ လုံးသာ မီးကူးစက်ခဲ့ပြီးပျက်စီးခဲ့သည်။
ထိုညပိုင်း၌ပင် စစ်ကောင်စီတပ်သားများသည် နန်းပေါ်လုံကျေးရွာနှင့်ထိစပ်လျက်ရှိသော လွယ်ပေါကျေးရွာနှင့် နန်းဆွန့် ကျေးရွာရှိနေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
မေလ ၂၆ ရက်နေ့တွင် လွယ်ပေါကျးရွာအုပ်စု အရှေ့ဘက်ရှိ လွယ်မကူးတောင်တွင် စခန်းချထားသော စစ်ကောင်စီ တပ်သားများသည် တောင်ပေါ်မှဆင်းလာကာ မခေခမ်းကျေးရွာမှ နေအိမ်များကို ည၇နာရီမှစ၍ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀ ကျော်မီးလောင်ပျက်စီးခဲ့ရသည်။
ဇွန်လ၃ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် လဟယ်ကျေးရွာသို့ ရောက်ရှိလာကာ လဟယ်ကျေးရွာရှိ နေအိမ်အလုံး၂၀ကိုမီးရှို့ခဲ့သည်။တစ်ချိန်တည်းမှာပင် ပိန္နဲကုန်းကျေးရွာအုပ်စုမှ နေအိမ်အများအပြားသည်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
လွယ်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ လုယက်မွေနှောက်ခံရသောအိမ်
ဆောင်နန်းခဲကျေးရွာတွင်စစ်ကောင်စီတပ်မှ မီးရှို့သောအိမ်
ဇွန်လ ၂၁ ရက်နေ့တွင် နန်းပေါ်လုံကျေးရွာတွင် စခန်းချနေထိုင်သော စစ်ကောင်စီ တပ်သားများသည် နန်းပေါ်လုံ ကျေး ရွာအတွင်းရှိ နေအိမ်၃လုံးမှဆိုင်ကယ်၊ ဓာတ်မြေသြဇာနှင့်ထွန်စက်များကို လုယက်ခိုးယူပြီးနောက် နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဇွန်လ ၂၂ ရက်နေ့ ည၆နာရီ၀န်းကျင်တွင်လည်း စစ်ကောင်စီတပ်သားများသည် လွယ်ပေါကျေးရွာရှိ နေအိမ် ၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
လွယ်မကူးတောင်ခြေတွင် စစ်ကောင်စီထောင်ထားသော မြေမြုပ်မှိုင်း
စစ်ကောင်စီတပ်သားများသည် လွယ်ပေါကျေး ရွာအုပ်စုအတွင်း ဆက်လက်စခန်းချနေထိုင် လျက် ရှိရာဒေသခံ ပြည်သူများအနေဖြင့်အိမ်ပြန်ရန် ကြောက်ရွံ့နေကြသည်။ စစ်ကောင်စီတပ်သားများသည် ၄င်းတို့ မွှေနှောက် လုယက်ထား သော နေအိမ်များတွင်စခန်းချနေထိုင်ကြပြီးကျေးရွာပတ် လည်တွင်မြေမြုပ်မိုင်းများ ထောင်ထားခြင်း ၊လွယ်မကူး တောင်ပေါ်မှနေ၍လမ်းမကြီး ပေါ်တွင် သွား လာသော ပြည်သူများကိုရမ်းသန်း ပစ်ခတ်ခြင်းများ ပြုလုပ်ကြသဖြင့်လမ်းမကြီးကို အသုံးပြုရန် ကြောက်ရွံ့နေကြသည်။
လွယ်ပေါကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူအများစုမှာ ရှမ်းလူမျိုးများဖြစ်ပြီး ၄င်းတို့အသက်မွေး ၀မ်းကျောင်းအတွက် ဆန်၊ပြောင်းနှင့်ထောပတ် တို့ကိုစိုက်ပျိုး ရာ ယခုနစ်တိုက်ပွဲများကြောင့် ၄င်းတို့၏ လယ်ယာလုပ်ငန်း များကိုလုပ်ကိုင်နိုင်ခြင်းမရှိပါ။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
စိုင်းဆန်လွယ် +66: 88 680 4913 (ရှမ်း၊ မြန်မာ)
ယိင်းလျန်းဟန် +66 62 569 5220 (ရှမ်း၊ မြန်မာ)
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.