20 July 2022
ရုရှားနှင့် မြန်မာ ပူးတွဲသဘာပတိလုပ် ကျင်းပသည့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ADMM Plus အစည်းအဝေးကို အမေရိကန်နည်းတူ ဩစတြေးလျ၊ နယူးဇီလန်တို့ကလည်း သပိတ်မှောက်ထားသည်။
ရုရှားနှင့် မြန်မာက ပူးတွဲသဘာပတိအဖြစ် ဦးဆောင်ကျင်းနေသည့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးအစည်းအဝေး (ADMM Plus) မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
အဆိုပါ အစည်းအဝေးကို ဦးဆောင်ကျင်းပနေသည့် ရုရှားနှင့် မြန်မာအနေဖြင့် အာဆီယံတန်ဖိုးကို ချိုးဖောက်ကြောင်းလည်း အမေရိကန်ကာကွယ်ရေးဌာနမှ ဒုဗိုလ်မှူးကြီး Martin Meiners က ပြောသည်။
“ရုရှားနဲ့ မြန်မာ စစ်အစိုးရတွေဟာ အပြစ်မဲ့ပြည်သူတွေအပေါ် သူတို့ကျူးလွန်ထားတဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေကို ဝါဒဖြန့်ဖုံးကွယ်ရေး၊ အစည်းအဝေးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ခံမှုရရေး ပူးတွဲသဘာပတိ လုပ်ပိုင်ခွင့်ကို တောက်လျှောက်အသုံးချနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ခဲ့သော ထိုအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးတွင် မြန်မာစစ်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ၎င်းတို့ဆန့်ကျင်သူများကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ရန် ပြတ်ပြတ်သားသားတောင်းဆိုခဲ့ဖူးသည်။
အမေရိကန်အနေဖြင့် အာဆီယံဗဟိုပြုမှု မူဝါဒကို ထောက်ခံသော်လည်း အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် မိတ်ဖက်နိုင်ငံများ၏ အစည်းအဝေး အသုံးချခံနေရသည့်အပေါ် ဒုဗိုလ်မှူးကြီး Martin Meiners က သတိပေးသည်။
“ADMM Plus ယန္တရားကို အသုံးပြုပြီး လက်တွေ့ကျတဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ယုံကြည်လက်ခံနိုင်ဖွယ်ရာ ဆွေးနွေးမှုတွေ ရှာဖွေဖို့ ဝါဒဖြန့်တာတွေ မလုပ်ဖို့ မိတ်ဖက်နိုင်ငံတွေ အားလုံးကို တိုက်တွန်းပါတယ်”
ရုရှားနှင့် မြန်မာဦးဆောင်မည့် အစည်းအဝေးကို မတက်ရောက်ကြရန် မြန်မာ့အရေးလှုပ်ရှားနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထုတ်ပြန်ချက်များဖြင့် တောင်းဆိုခဲ့သည်။
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ထိုအစည်းအဝေးတွင် မြန်မာစစ်တပ်ပါဝင်နေမှုအပေါ် ရိုးသားပွင့်လင်းမြင်သာမှုရှိရန် တက်ကြွလှုပ်ရှားသူအဖွဲ့ Justice For Myanmar က ဩစတြေးလျကာကွယ်ရေး ဌာနကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တင်ပြတောင်းဆိုခဲ့သည်။
ထို့နောက် အဆိုပါအစည်းအဝေးမှနေ၍ နုတ်ထွက်ကြောင်း ဩစတြေးလျ ကာကွယ်ရေးဌာန တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပြီး အိမ်နီးချင်း နယူးဇီလန်နိုင်ငံကလည်း အဆိုပါအစည်းအဝေး တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့သည်။
အဆိုပါ အစည်းအဝေး တက်ရောက်ခွင့်ရနိုင်ငံများတွင် အာဆီယံအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးများအပြင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည်။
ရုရှားနှင့်မြန်မာသည် ထိုကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၁ မှစ၍ ပူးတွဲသဘာပတိအဖြစ် သုံးနှစ်အလှည့်ကျ တာဝန်ယူခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.