17 July 2022
Kaung for You ကျောင်းမှ အဖမ်းခံရသည့် CDM ဆရာသုံးဦးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့စဉ်
By RFA Burmese
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းက နေအခမဲ့ စာသင်ပေးနေတဲ့ Kaung for You ကျောင်းက ဆရာ၊ ဆရာမတွေ အဖမ်းခံခဲ့ရ တာကြောင့် သူတို့ဆီမှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားမိဘတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
Kaung for You ကျောင်းတည်ထောင်သူ ဆရာ ဦးကောင်းသိုက်စိုး အပါအဝင် CDM ဆရာသုံးဦးကို ဇူလိုင်လ ၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက် မနေ့မှာ ထုတ်ပြန်ထားပါတယ်။
“ကျောင်းသူ၊ ကျောင်းသားတွေကိုပါ ဖမ်းတယ်ဆိုတာ ဘယ်လိုမှ မနှစ်မြို့ဘူး၊ မဖြစ်သင့်တဲ့ ကိစ္စပေါ့”
ဒါကြောင့် အဲဒီကျောင်းမှာအပ်ထားတဲ့ ကျောင်းသားမိဘတွေဟာ အမည်၊ မှတ်ပုံတင်နံပါတ် တွေနဲ့ ကိုယ်ရေး အချက်အလက်တွေ အတိအကျဖြည့်ပေးထားရလို့ လုံခြုံရေးအတွက် စိတ်ပူနေကြရတာပါ။
ဒါနဲ့ပတ်သက်လို့ မန္တလေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတစ်ဦး က သူ့ပူပန်မှုကို RFA ကို ပြောပါတယ်။
“ကိုယ့်ရဲ့အချက်လက်တွေ အကုန်လုံးကလည်း သူတို့အထဲမှာ ရောက်နေပြီ။ ဆရာ၊ ဆရာမတွေအတွက်လည်း စိတ်မကောင်းဘူး။ ကိုယ်တွေလုံခြုံရးကိုလည်း ဖုန်းနံပါတ် လက်ရှိအလုပ်လုပ်တဲ့ ဖုန်းကအစ ပေးထားရတာဆိုတော့ စိတ်ပူတယ်။ ကလေးပညာ ရေးလည်း လက်တလောမှာ ဒီကိုပဲ အားပြုပြီးတော့ ဒီမှာပဲသင်မယ်ဆိုပြီး ပျော်နေတာ။ ဆုံးဖြတ်ထားတာပေါ့။ နည်းနည်းလေး နားထားရတဲ့ကြားက မျှော်လင့်ချက်လေးတစ်ခု က ပျောက်သွားတယ်”
Kaung for You ကျောင်းဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းလောက်ကို အခမဲ့သင်ကြားပေးနေတဲ့ကျောင်းဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခုလိုအခြေအနေမှာ ပညာဆက်သင်ဖို့ ခက်ခဲသွားတာကြောင့် သင်ကြားရေးပိုင်း ခဏ ရပ်နားထားတယ်လို့ သားသမီးကို အဲဒီကျောင်းမှာ တတိယတန်းအပ်ထားတဲ့ မုံရွာမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသား မိဘတစ်ဦးက RFA ကို ပြောပါတယ်။
“စိတ်တော့မကောင်းဘူးပေါ့ ပါသွားတဲ့ကိစ္စကို။ ကလေးတွေက လက်ရှိတော့ ဘယ် ကျောင်းမှ ဆက်ပြီးတော့ မထားသေးဘူး။ အခြေအနေတော့ စောင့်ကြည့်ရဦးမယ်။ ဒါပေမဲ့ ဖြစ်ခဲ့ရင်လည်း မတတ်နိုင်ဘူးပေါ့။ ဖြစ်လာရင်လည်း ရှင်းရုံပဲရှိတာပေါ့”
သားသမီးတွေကိုယ်တိုင်က စစ်ကောင်စီဦးဆောင်တဲ့ ပညာရေးစနစ်မှာ ကျောင်းတက်ဖို့ စိတ်မဝင်စားတာကြောင့် ဒီကျောင်းမှာ ကျောင်းအပ်ဖြစ်တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ မနေ့ကထုတ်ပြန်ချက်ထဲမှာ Kaung for You ကျောင်းအုပ် CDM ဆရာ ဦးကောင်းသိုက်စိုးဟာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့်ခံထားရတဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးမိတဲ့ဆရာတွေဟာ အရက်သေစာသောက်စားဖို့ ငွေကြေးအတွက် ကျောင်း သားမိဘတွေဆီက လိမ်လည်တောင်းခံခဲ့သလို ဖမ်းမိတဲ့အချိန်မှာလည်း အောင်းပန်းမြို့က ပြည့်တန်ဆာအခန်းမှာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဒီလိုစွပ်စွဲတာဟာ သူတို့ကိုဆန့်ကျင်တဲ့သူတွေ ဖမ်းမိတိုင်း ပုံဖျက်လေ့ရှိတာဖြစ်လို့ ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ နိုင်င်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
“စစ်ကျွန်ပညာရေးနဲ့ ပြည်သူ့ပညာရေးကို ခွဲမြင်ဖို့လိုမယ်။ အာဏာလုတာကို ဆန့်ကျင် တဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပတ်သက် လို့ သူတို့ လုပ်ကြံဖန်တီးတဲ့ ဇာတ်ကွက်ပဲ။ ဒါတွေက အခုမှမဟုတ်ဘူး၊ သူတို့ကို ဆန့် ကျင်တဲ့၊ အန်တုတဲ့ အင်အားစုတွေအပေါ်မှာ အမျိုးမျိုး ဂုဏ်သိက္ခာ ညှိုးနွှမ်းအောင် ပုံရိပ် ထိခိုက်အောင်လုပ်တာ အခုမှမဟုတ်ဘူး ကြာခဲ့ပြီ”
Kaung for You ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဆီက အချက်အလက်ပေါက်ကြားပြီး ဖမ်းဆီးခံရ တာက ငြင်းလို့မရတဲ့အချက်မို့ အခုအချိန်မှာ ကျောင်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ လုံခြုံ ရေးက အရေးကြီးဆုံးဖြစ်နေတယ်လို့လည်း ဦးထွန်းကြည်က ဆိုပါတယ်။
ကျောင်းရဲ့ ဆရာ၊ ဆရာမတွေ အဖမ်းမခံရခင်ရက်ပိုင်းကလည်း ကျောင်းအပ်ထားတဲ့သူ တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လူမှုကွန်ရက်ပေါ်ပေါက်ကြားခဲ့ပြီးနောက် ကျောင်း သားမိဘတွေဆီ ဆက်သွယ်ပြီး ငွေတောင်းတာ ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ပညာသင်ကျောင်းတစ်ခုအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို စနစ် တကျ မထိန်းသိမ်းနိုင်ခဲ့တာဟာ ကိုယ်ရေးအချက်အလက်လုံခြုံခွင့်ကို ချိုးဖောက်မှုဖြစ်လို့ သက်ဆိုင်ရာ ကျောင်းစီမံခန့်ခွဲမှုအနေနဲ့ တာဝန်ခံရမယ်လို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာန က ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းအပ်ထားတဲ့မိဘတွေအနေနဲ့ ပေးထားတဲ့ အချက်အလက်ပေါ်မူတည်ပြီး ရှောင် တိမ်းနေတာမျိုး လုပ်သင့်တယ်လို့ ညီညွတ်သော ညီနောင်မဟာမိတ်များအဖွဲ့ (United Alliances-Uas) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးတိမ်က အကြံပေးပါတယ်။
“ကျနော်တို့အနေနဲ့ လက်ရှိမှာ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို တိုက်တွန်း လိုတာကတော့ Kaung for You ကို အချက်အလက် ပေးထားတယ်ပေါ့ဗျာ အချက် အလက်ပေးထားမိတာနဲ့ ကျနော်တို့က ဘာလုပ်ရမလဲဆိုရင် ကိုယ်ပေးထားတဲ့ အချက် အလက်၊ ဥပမာ မှတ်ပုံတင်နံပါတ် ပေးထားတယ်ဆိုရင် အထဲမှာပါထားတဲ့ အိမ်လိပ်စာ မျိုးမှာနေတာ ရှောင်သင့်ရင် ရှောင်ရမယ်။ ဒါ့အပြင် ရပ်ကွက်ထဲမှာ ကိုယ်နေထိုင်တဲ့ ဝန်းကျင်မှာ ကိုယ့်ရဲ့လုံခြုံရေးကို အထူးဂရုစိုက်ဖို့ လိုလာပြီပေါ့ဗျာ။ ငါ့သားကတော့ Kaung for You မှာ တက်နေတာဟေ့ စသဖြင့် ပြောဆိုတာမျိုးတွေရှောင်ဖို့ လိုလာ တယ်ပေါ့ဗျာ”
အင်တာနက်အွန်လိုင်းအသုံးပြုပြီး သင်ပေးနေတဲ့ ကျောင်းတွေအနေနဲ့ ကျောင်းသားနဲ့ မိဘတွေကို လုံခြုံရေး သင်တန်းတွေ ပေးဖို့လိုအပ်သလို ဖမ်းဆီးမှုတွေ ရှိလာချိန်မှာ လုပ်ဆောင်ရမယ့် အစီအစဉ်တွေကိုလည်း ကြိုတင်စီစဉ်ထားဖို့လိုမယ်လို့ ကိုမိုးတိမ်က ဆိုပါတယ်။
မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းကြောင့် ပညာသင်ခွင့် တစ်နှစ်ရပ်နားခဲ့ရသလို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုကြောင့်လည်း ပညာသင်ယူခွင့် ထပ်မံဆုံးရှုံးခဲ့ကြရပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၈ ရာခိုင်နှုန်းအထိ ကျောင်းဖွင့်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော ထားပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားကာလ စာသင်ကြားပေးနေသည်အား ၂၀၂၂ ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ် (Photo: Myaung Education Network)
စစ်ကောင်စီနဲ့မပူးပေါင်းတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ စစ်ကိုင်း တိုင်းက အလယ်တန်းပြ ဆရာတစ်ဦးကတော့ အခုလို ဖမ်းဆီးနေတာဟာ ပညာသင်ယူမှု ကို အနှောင့်အယှက် ပေးနေတာလို့ RFA ကို ပြောပါတယ်။
“ပညာရေး ယန္တရားတစ်ခုအနေနဲ့ ကလေးတွေအတွက်ကိုပဲ ဦးတည်တာလေ။ ကျောင်း သူ၊ ကျောင်းသားတွေ ရဲ့ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးအောင် မြေပြင်ကနေပဲ ဖြစ်ဖြစ်၊ အွန်းလိုင်းကပဲဖြစ်ဖြစ် သင်နေတာကို ပိတ်ပင်တားမြစ်တာပေါ့။ ဆိုးတာက ကျောင်းသူ၊ ကျောင်းသားတွေကိုပါ ဖမ်းတယ်ဆိုတာ ဘယ်လိုမှ မနှစ်မြို့ဘူး၊ မဖြစ်သင့် တဲ့ ကိစ္စပေါ့”
စစ်ကောင်စီဟာ Kaung for You အပါအဝင် အွန်လိုင်းကနေ ပညာသင်ပေးနေတဲ့ NUG အသိအမှတ်ပြု ကျောင်းတွေက ဆရာ၊ ဆရာမတွေကို လိုက်လံစုံစမ်းပြီး ဖမ်းဆီးနေတယ် လို့လည်း ဆိုပါတယ်။
လက်ရှိ အဲဒီကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသူတစ်ဦးပါ အဖမ်းခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
NUG ရဲ့ ပညာရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ကြားကာလ ပညာသင် ကြားရေး အစီအစဉ်ကို ဖျက်ဆီးဖို့ရည်ရွယ်တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာ ချုပ် အပိုဒ် (၃၊ ၂၈) နဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို ချိုးဖောက်နေတာလို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Kaung for You ကျောင်းမှာ အပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေး၊အဖမ်း ဆီးခံ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်လို့ NUG အစိုးရအနေနဲ့ ကူညီပေးသွားမှာ ဖြစ်ပြီး ခြိမ်း ခြောက်ငွေညှစ်တာတွေရှိရင် တိုင်ကြားဖို့ အရေးပေါ်တယ်လီဖုန်းလိုင်းတစ်ခု ဖွင့်လှစ်ပေး မယ်လို့လည်း ပြောထားပါတယ်။
Original Post: RFA Burmese
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.