17 July 2022
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် ပညာရေးဝန်ထမ်းများသပိတ်ကို တွေ့ရစဉ်
By RFA Burmese
ပုဂ္ဂလိကအွန်လိုင်းစာသင်ကျောင်း (Kaung For You – K4U) တည်ထောင်သူအပါအဝင် ဆရာသုံးဦးကို ဖမ်းဆီးတာဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ချိုးဖောက်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
ကျောင်းတည်ထောင်သူအပါအဝင် CDM ဆရာ သုံးဦးကို ဇူလိုင်လ ၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့မှာ ကြေညာခဲ့ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာဟာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈) နဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ပြဌာန်းချက်တွေကို ချိုးဖောက်ရာကျနေတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ရေးသားထားပါတယ်။
ဒီလိုဖမ်းဆီးမှုဟာ ကြားကာလပညာရေး ဖော်ဆောင်နေတဲ့ ကျောင်းတွေကို ဖျက်ဆီးဖို့ လုပ်လာတာဖြစ်တယ်လို့လည်း NUG ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် Kaung For You ကျောင်းမှာ အပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေး၊ အဖမ်းဆီးခံ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်လို့ NUG အနေနဲ့ ကူညီပေးသွားမှာဖြစ်ပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေကို တိုင်ကြားဖို့ Hot Line တစ်ခု ဖွင့်လှစ်ပေးမယ်လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုးဟာ မြစ်သားမြို့နယ်၊ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (က) နဲ့ အမှုဖွင့် ခံထားရသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့အတွင်း အသတ်ခံရတဲ့ ပညာရေးဝန်ထမ်း ၃၇ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက မေ ၁၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ် ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကမာရွတ်မြို့နယ်က အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့လည်း ကယားပြည်နယ်၊ လွိုင်လင်လေးမြို့က စစ်ကောင်စီကျောင်း မှာ လုပ်ကိုင်နေတဲ့ ဆရာ၊ ဆရာမ ခြောက်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့က ခေတ္တဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
Original Post: RFA Burmese
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.