ရုရှားနှင့်အကြမ်းဖက် မြန်မာစစ်ကောင်စီ ပူးတွဲ ဦးဆောင် ကျင်းပမည့် အာဆီယံနှင့်မိတ်ဖက်နိုင်ငံများ (ADMM-Plus) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက်ရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ ၄၄၈ ဖွဲ့တောင်းဆို

13 July 2022

ရုရှားနှင့်အကြမ်းဖက် မြန်မာစစ်ကောင်စီ ပူးတွဲ ဦးဆောင် ကျင်းပမည့်  အာဆီယံနှင့်မိတ်ဖက်နိုင်ငံများ (ADMM-Plus) ၏  အကြမ်းဖက်မှု တိုက်ဖျက်ရေးအစည်းအဝေးကို  သပိတ်မှောက်ရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ ၄၄၈ ဖွဲ့တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၄

ရုရှားနှင့်အကြမ်းဖက် မြန်မာစစ်ကောင်စီ ပူးတွဲ ဦးဆောင် ကျင်းပမည့် အာဆီယံနှင့်မိတ်ဖက်နိုင်ငံများ (ADMM-Plus) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက်ရန် အဖွဲ့ပေါင်း ၄၄၈ ဖွဲ့တောင်းဆိုလိုက်ကြသည်။

ရုရှားနိုင်ငံ မော်စကို၌ ဇူလိုင် ၂၀ မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ကျင်းပမည့် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကို အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့က ဖိနှိပ်ခံနေရသော မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကို ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ စစ်တပ်များက ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးကို ADMM ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ မတက်ရောက်ဘဲ သပိတ်မှောက်ကြရန် အရပ်ဘက်အဖွဲ့များက ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။

အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနှင့် ရုရှားတို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်မည့် အဝေးတွင် ပါဝင်တက်ရောက်ခြင်းသည် အစိုးရများအနေဖြင့် အခြား ADMM မိတ်ဖက်များနှင့် ကင်းကွာစေသည့် အန္တရာယ်ရှိရုံမက အကြမ်းဖက်ဝါဒဆိုင်ရာ ချဉ်းကပ်တုံ့ပြန်ရာတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားစစ်အုပ်စုနှစ်ခုလုံးကို ပံ့ပိုးအားပေးသည့် နိုင်ငံအဖြစ် ပုံဖော်ခံရနိုင်သည့် အန္တရာယ်သို့ ကျရောက်နိုင်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများအနေနှင့် အဆိုပါ ADMM- Plus Experts ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက်ခြင်းဖြင့် မြန်မာနှင့် ယူကရိန်းနိုင်ငံတို့ရှိ ပြည်သူများနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်ရန်လိုအပ်သည်ဟု ထောက်ပြထားသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က မတက်ရောက်ရန် တရားဝင်ကြေညာထားပြီးသားဖြစ်သည်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia