ဖလမ်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းဝင်စဉ် မသန်စွမ်းနှစ်ဦး အသတ်ခံရ

ဖလမ်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းဝင်စဉ် မသန်စွမ်းနှစ်ဦး အသတ်ခံရ

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ် ဗားလုံရွာတွင် စစ်တပ်က သတ်ဖြတ်ခဲ့သော ဒေသခံအမျိုးသမီး၏ ရုပ်အလောင်း။ (ဓာတ်ပုံ – ပေးပို့)   

လေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက ချင်းပြည်နယ်မြောက် ပိုင်းရောက်ရှိစဉ် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

By Myanmar Now

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ကို ဝင်ရောက်နေသော စစ်ကောင်စီစစ်ကြောင်းက မသန်စွမ်းနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ တစ်ဦးမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၂၉ ရက်တွင် ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဖလမ်းမြို့မြောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ ဗားလုံရွာ (Valung) ကို ရောက်ရှိစဉ် ဇွန် ၃၀ ရက်က အသက် ၆၀ ကျော်အရွယ် ဆွံ့အနားမကြားဖြစ်နေသူ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခြင်းဖြစ်သည်။

ဦးခေါင်းကို ပစ်သတ်ခံထားရသည့် ရုပ်အလောင်းကို ယမန်နေ့ (ဇူလိုင် ၃) တွင် ဗားလုံရွာအနီး၌ ဒေသခံများက တွေ့ရှိခြင်းဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“အလောင်းကလည်း ပျက်နေပြီဆိုတော့ ခေါင်းက ဒဏ်ရာပဲတွေ့တယ်။ ..ဆွံ့အနားမကြားဆိုတော့ ဒီလိုလုပ်မယ်လို့လည်း မထင်လို့ ထားခဲ့တာဖြစ်မယ်။ ရွာထဲမှာ ဒီအတိုင်းထားခဲ့တာဖြစ်မယ်။ ရွာထဲက လူတွေက အကုန်လုံး စစ်ရှောင်နေကြပြီ” ဟု ၎င်းက ပြောသည်။

ားလုံရွာမှ ၁၀ မိုင်ခန့်အကွာ လှာန်ဇောလ် (Hlanzawl) ရွာကို ဇူလိုင် ၂ တွင် ရောက်ရှိလာသော စစ်တပ် က မသန်စွမ်း အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“အောက်ပိုင်းချိနဲ့နေတဲ့သူကို လက်ပြန်ကြိုးတုပ်ပြီး တရွတ်တိုက်ဆွဲပြီးတော့ ပစ်ကြတယ်လို့ပြော တယ်” ဟု ဒေသခံများကို ကိုးကား၍ CNDF ပြောရေးဆိုခွင့်ရှိသူကပင် ပြောသည်။

ဇူလိုင် ၂ ရက်နေ့၌ပင် သတ်ဖြတ်ခံထားရသည့် အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သော်လည်း စစ်တပ်ရှိနေသဖြင့် ရွာနားမကပ်နိုင်ဘဲ နောက်တစ်ရက်မှသာ ရုပ်အလောင်းကောက်ယူပြီး မီးသဂြိုလ် ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းလာသည့် ထိုစစ်ကြောင်းသည် လှာန်ဇောလ်ရွာမှ သုံးမိုင်ကျော်အကွာရှိ ထင်းရှူးစခန်းဆိုသောနေရာတွင် ကတုတ်ကျင်းများတူးကာ အထိုင်ချတပ်စွဲရန် ပြင်ဆင်နေကြောင်း၊ ပါရ်သဲ၊ လုံဘန်း၊ လှာန်ဇောလ်အပါအဝင် ရွာ ၅ ရွာမှ ဒေသခံ တစ်ထောင်ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ချီတက်လာသည့်အတွက် ကလေး – ဖလမ်း ကားလမ်းကို ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် ချင်းအမျိုးသားအဖွဲ့ချုပ်က ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီကောင်တွေက လူစိတ်မရှိတော့ ကြုံတဲ့နေရာဖမ်း၊ ကြုံတဲ့နေရာသတ်ဆိုတော့ ခရီးမသွားဖို့ရယ်၊ တောင်ယာတွေ မသွားဖို့၊ လုံခြုံတဲ့နေရာတွေမှာ ရှောင်နေဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့် ချင်းပြည်နယ်ကို ပြီးခဲ့ သည့်နှစ်ကတည်းက အပြင်းအထန် တိုက်ခိုက်နေရာ လက်ရှိတွင် ပြည်နယ်မြောက်ပိုင်းကို အင်အား ဖြည့်တင်းနေရုံသာမက တောင်ပိုင်းရှိ မင်းတပ်မြို့နယ်တွင်လည်း ဇူလိုင် ၂ ရက်က ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia