30 June 2022
CDM မှာပါဝင်ကြဖို့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မှာ ဆန္ဒပြကြစဉ်။ – File Photo – AFP
By RFA Burmese
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ဆယ်ရက်တာကာလအတွင်း ဆရာ၊ ဆရာမ ခုနစ်ဦး စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM ဝင်ခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့က RFA ကို ပြောပါတယ်။
ဝက်လက်မြို့နယ် မင်းရွာ၊ ဝေါတော၊ တမာကန်၊ ဘုရားလေးကုန်း၊ ဆင်နင်း၊ လှတောရွာက ခြောက်ဦးနဲ့ ကန့်ဘလူမြို့နယ် ရွာသာယာရွာက တစ်ဦးဖြစ်ပါတယ်။ CDM ဝင်လာတဲ့ ဆရာ၊ ဆရာမတွေဟာ မူလတန်းကျောင်းအုပ်နဲ့ အလယ်တန်းပြ အဆင့်ရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် မထမ်းဆောင်ချင်တော့လို့ CDM ဝင်ဖို့ NUG လက်အောက်ခံ ဘုတ်အဖွဲ့ကို ဆက်သွယ်လာခဲ့တယ်လို့ ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တချို့က အရင်နှစ်ကုန်ကတည်းက CDM ဝင်ထားတယ်။ လစာယူမထားဘူး၊ တချို့က မနက်ဖြန်ကနေစပြီးဝင်မယ်၊ ဒီနယ်မှာ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ မရှိပါဘူး၊ တချို့ဝန်ထမ်းတွေက ရွာတွေမှာနေတာဆိုတော့ Non CDM ဝန်ထမ်းတွေအဖြစ် ဆက်မနေချင်ကြတော့လို့လည်း ဖြစ်ပါလိမ့်မယ်”
ဝက်လက်မြို့နယ်အတွင်းမှာ နောက်ထပ် CDM ဝင်မယ့် ပညာရေးဝန်ထမ်း နှစ်ဦး ရှိသေးတယ်လို့လည်း ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်း ၁၈၀၀ ခန့်ရှိပြီး အဲဒီထဲက ၁၄၀၀ လောက်ဟာ CDM ဝင်ထားတယ်လို့ ဘုတ်အဖွဲ့က ပြောပါတယ်။
CDM ဝင်ထားတဲ့ ဆရာ၊ ဆရာမတွေ များတာကြောင့် ဝက်လက်မြို့ပေါ်က ကျောင်းတချို့ကိုပဲ စစ်ကောင်စီက ပြန်ဖွင့်ထားနိုင်တယ်လို့ ဆိုပါတယ်။
Original Post: RFA Burmese
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.