ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစည်းဝေးမဖိတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၇၀ ကျော်က အာဆီယံကို တောင်းဆို

16 June 2022

ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစည်းဝေးမဖိတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၇၀ ကျော်က အာဆီယံကို တောင်းဆို

စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေး(ADMM)ကို မဖိတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၇၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လာမယ့် ဇွန်လ ၂၂ ရက်မှာကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်မယ်ဆိုတဲ့သတင်းထွက်ပေါ်နေချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေက အခုလို တောင်းဆိုလာတာပါ။

ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ လက်ရှိမှာ ရက်စက်တဲ့ရာဇဝတ်မှုတွေပေါ်ပေါက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်ကို စီမံခန့်ခွဲမှုအခန်းကဏ္ဍမှာပါဝင်နေသလို နိုင်ငံတကာဥပဒေတွေကို တိုက်ရိုက်ချိုးဖောက်ကြောင့် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့တာခံထားရသူဖြစ်တာကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုပါတယ်။

၂၀၂၁ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေတွေကနေ ဖယ်ချန်ခဲ့တာကို ကြိုဆိုပေမဲ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးချိန်မှာတောင် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွေမှာ စစ်တပ်ကို ဖိတ်ကြားခဲ့တာတွေရှိတာကိုလည်း အဖွဲ့က ထောက်ပြပြောဆိုပါတယ်။

ဒါကြောင့် အာဆီယံကာကွယ်ရေးဝန်ကြီးတွေအနေနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်တာတွေအပါအဝင် စစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ကူညီအားပေးရာရောက်စေတယ်လို့ ကန့်ကွက်တဲ့အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။

တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အခုအစည်းဝေးတင်သာမက အနာဂတ်အစည်းအဝေးတွေမှာပါ မဖိတ်ကြားဖို့ ၊ နောက်မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ရာ အမျိုးသားညီညွတ်ရေးအစိုးရတဲ့ ထိတွေ့ ပြောဆို ဆက်ဆံဖို့ကိုလည်း အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia