15 June 2022
ရန်ကုန်၊ ဇွန် ၁၅
ဇွန်လ ၂၁ ရက်နေ့ကျင်းပမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီး အစည်း အဝေး တွင် အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားခြင်းမပြုလုပ်ရန် မြန်မာနှင့် နိုင်ငံ တကာ အဖွဲ့ ၆၇၇ ဖွဲ့က ယနေ့တွင် လက်မှတ်ရေးထိုး တောင်း ဆို လိုက် ကြ သည်။
မကြာမီကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ASEAN Defense Ministers’ Meeting – ADMM) သို့ မြန်မာစစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားခြင်း မပြုလုပ်ပါရန် မြန်မာ၊ ဒေသတွင်း နှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၇၇ ဖွဲ့က အိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထား တောင်းဆိုကြောင်း ၊မြန်မာစစ်အုပ်စု၏ ကျူးလွန်မှု များသည် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများက ဖွင့်ဆိုထားသည့် အကြမ်း ဖက်မှု အဓိပ္ပါယ်နှင့် လုံးဝကိုက်ညီနေသည့်အပြင် စစ်အုပ်စုသည် ၎င်း၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော နိုင်ငံ တကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများအတွက်လည်း တာဝန်ရှိနေကြောင်း အရပ် ဘက်အဖွဲ့ အစည်းများက ထောက်ပြကြသည်။
စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းချိန်နောက်ပိုင်း မြန်မာ ပြည်သူများအပေါ် ကျူးလွန်သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၇၀၀,၀၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း၊ စစ်အုပ်စုသည် ပြည်သူလူထု၏ ခုခံတော်လှန်မှုနှင့်ကြုံနေရပြီး လူပေါင်း ၁,၉၀၀ ကျော်ကို သတ်ဖြတ်ခြင်း၊ လူဦးရေ ၁၄,၀၀၀ ကျော်ကို မတရားဖမ်းဆီးခြင်းနှင့် ညှဥ်းပန်းနှိပ်စက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် အရမ်း ကာရော ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းအပြင် ပြည်သူတို့၏ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်းများ လုပ်ဆောင် ကျူးလွန်နေ လျက်ရှိကြောင်း အရပ်ဘက်အဖွဲ့များက ရှင်းလင်းပြောဆိုထားသည်။
ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပရန် စီစဥ်ထားသည့် ၁၆ ကြိမ်မြောက် ADMM အစည်း အဝေးတွင် စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ် မြထွန်းဦး က မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်မည်ဟု သိရှိထား ကြောင်း ၊ ဗိုလ်ချုပ်မြထွန်းဦးသည် စစ်တပ်ကို စီမံခန့်ခွဲနေသည့် အရေးပါသော ဦးဆောင်မှုကဏ္ဍတွင် ပါဝင်နေပြီး လက်ရှိဖြစ်ပွားနေသော ရက်စက်ကြမ်း ကြုတ်သည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာ ကျူးလွန်နေမှု များအတွက် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများအတွက် မြထွန်းဦး၏ တိုက်ရိုက်တာဝန်ရှိမှု ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နယူးဇီလန် နိုင်ငံများက အသိအမှတ်ပြုထားပြီး ဖြစ်သကဲ့သို့ ၎င်းကိုလည်း ဒဏ်ခတ်အရေး ယူပိတ်ဆို့မှုများ လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း၊ မြထွန်းဦးသည် ၎င်း၏ ရာထူးအရ “အဆိုပါ ချိုးဖောက်မှုများအတွက် အမိန့်ပေးသည့်တာဝန် (Command Responsibility) ရှိသည်ဖြစ်ရာ အဆိုပါလုပ်ရပ်များအတွက် တာဝန်ခံ ရမည်ဖြစ်သည်” ဟု ယူကေနိုင်ငံ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ထို့ပြင် မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council – SAC) အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပြီး “ဗိုလ်ချုပ် မြထွန်းဦး သည် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံ၏လုပ်ငန်း ဆောင် ရွက်မှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ချရာတွင် တိုက်ရိုက် ပါဝင် ပတ်သက်မှု ရှိနေခြင်းကြောင့် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဆုတ်ယုတ်စေမှုအတွက် တာဝန်ရှိသည်” ဟု ဥရောပသမဂ္ဂက အသိအမှတ်ပြု ထုတ်ပြန်ထားသည်။
မြထွန်းဦးသည် မြန်မာစစ်တပ်၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ၎င်း၏ ပါဝင်မှုအခန်း ကဏ္ဍအ တွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး ၎င်းအား ADMM အစည်း အဝေးသို့ ပါဝင်တက်ရောက်ခွင့် ပေးခြင်းအားဖြင့် ဂုဏ်မပြုသင့်ဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် မင်းအောင် လှိုင်ကို ချန်လှပ်ထားခဲ့သကဲ့သို့ စစ်အုပ်စု၏ ဝဏ္ဏမောင်လွင် ကိုလည်း ၂၀၂၂ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက် ရောက်ခွင့် မပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း၊ သို့ရာတွင် ADMM သည် စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း ဝန်ကြီး ဌာနအဆင့် အပါအဝင် မင်းအောင်လှိုင်နှင့် ဝဏ္ဏမောင်လွင်တို့ကို အစည်းအဝေး တက်ရောက်ခွင့် မပေးခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်များသည် တသမတ် တည်း ရှိမနေသည်ကို စိုးရိမ်မိသည်ဟု အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုကြသည်။
စစ်ရေးလေ့ကျင့်မှုများ ပါဝင်သည့် ADMM နှင့် စစ်အုပ်စုတို့၏ ထိတွေ့ ဆက်ဆံမှုသည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကူညီထောက်ပံ့ ပေးခြင်းနှင့် အားပေး အားမြှောက်ပြုခြင်းကို ဦးတည်သွားစေလိမ့်မည် ဖြစ်ကြောင်း၊ အာဆီယံ အနေဖြင့် မြန်မာစစ်အုပ်စုအား တရားဝင်မှုမပေးရန် အလွန်အရေးကြီးပြီး ၎င်း၏ ပဋိညာဥ်စာတမ်းကို ကိုင်စွဲ၍ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ များကို လေးစားလိုက် နာသော အားဖြင့် စစ်အုပ်စုကို ADMM မှ ဖယ်ထုတ်ထားရမည် ဟု ထောက်ပြကြသည်။
ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းသည် အာဆီယံအနေဖြင့် စစ်အုပ်စုကို ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာ ဖြစ်ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ထဲတွင် ကြံရာပါအဖြစ် ရောက်သွားမည့်အန္တရာယ် ပိုရှိသည့်အပြင် နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေရန်အတွက် အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မည် ဟု အိတ်ဖွင့်ပေးစာတွင် သတိပေးထားသည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများအနေဖြင့် မြထွန်းဦးကို ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် နောင်အနာဂတ်တွင် ကျင်းပပြုလုပ်မည့် အခြားအစည်းအဝေးများ အားလုံးသို့ ဖိတ်ကြားခြင်း မပြုရန် တောင်းဆိုကြောင်း၊ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေး လုပ်ဆောင်ရန် တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.