14 June 2022
နေ့စွဲ – ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၄) ရက်။
စာအမှတ် – ရကလစ/ဗဟို/ထုတ်ပြန်/၀၁/၂၀၂၂။
၁။ (၂၀၂၂ – ၂၀၂၃) ပညာသင်နှစ်အတွက် ဇွန်လ (၂) ရက်နေ့မှ စတင်၍ ရခိုင်ပြည်၌ အခြေခံပညာသင် ကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပို့ချမှုများ စတင်နေပြီဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင် ကျေးရွာ၊ သင်္ဂနကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် နေထိုင်သော ကမန်ကျောင်းသားများအနေဖြင့် ပညာသင်ကြားရန် အခွင့်အလမ်းများအား ငြင်းပယ်ခံထားရကြောင်း ကြားသိရသည်။
၂။ အဆိုပါကျေးရွာများမှ ကမန်ကျောင်းသားများသည် သာယာကုန်းကျေးရွာရှိ အခြေခံပညာတွဲဖက် အထက်တန်းကျောင်းအား ပိတ်ထားသည့်အတွက် စစ်တွေမြို့နယ်ရှိ အမှတ်(၆)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းအပ်နှံရန် သွားရောက်ခဲ့ရာ ကျောင်းအပ်နှံခွင့် လုံးဝမရရှိခဲ့ကြောင်း သိရှိရပါသည်။
၃။ ကမန်တို့သည် မြောက်ဦးခေတ် ရခိုင်ဘုရင်များလက်ထက်ကတည်းက ရခိုင်ပြည်သားများအဖြစ် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြသူများဖြစ်သောကြောင့် ၎င်းတို့၏ ပညာသင်ကြားခွင့်အား ပိတ်ပင် တားဆီးမှုသည် “လူတိုင်းပညာသင်ခွင့်ရှိသည်” ဆိုသော အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် (၂၆) ကိုသာမက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်၍ ခွဲခြား ဆက်ဆံခြင်းဖြစ်သည်ဟု မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ မှတ်ယူသည်။
၄။ မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)အနေဖြင့် ဤမူဝါဒအား လက်ခံ အကောင်အထည်ဖော်နေကြသော စစ်ကောင်စီလက်အောက်ခံ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ရခိုင်ပြည်တွင်း မလိုလားအပ်သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံဆောင် နေကြသူများအဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက် ရခိုင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ယခုကဲ့သို့သော မတော်မတရားမှုများတွင် နှုတ်ဆိတ်မနေကြဘဲ ကမန်အဖွဲ့အစည်းများနှင့်လက်တွဲ၍ ဝိုင်းဝန်း အဖြေရှာသင့်ကြောင်း အလေးအနက်တိုက်တွန်းရင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
ဆက်သွယ်ရန်
ကိုညိုမင်းဝေ +၆၆(၀)၉၄၃၉၈၉၇၀၁
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.