စစ်ကောင်စီက ကျင်းပပေးမည့် ၂၀၂၃ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁၃၊ ၆၊ ၂၀၂၂)

13 June 2022

စစ်ကောင်စီက ကျင်းပပေးမည့် ၂၀၂၃ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁၃၊ ၆၊ ၂၀၂၂)

၁။ ယနေ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး တိုက်ပွဲဝင်အင်အားစု အသီးသီး၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်သည်။

၂။ ၂၀၂၃ ရွေးကောက်ပွဲသည် စစ်ကောင်စီအဖို့ အထက်ပါ ရည်မှန်းချက် ၃ ရပ်လုံးမှ ရှောင်ထွက်ရန်အတွက် ထွက်ပေါက်ဖြစ်သည်။ ဒီမိုကရေစီ၏အရွေ့ လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်း မျှသာ ဖြစ်သည်။

၃။ ၂၀၂၃ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအောက်တွင် ကျင်းပရမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲ ကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမို ခိုင်မြဲသွားစေမည် ဖြစ်သည်။

၄။ ၎င်းတို့ စီစဉ်ထားသည့်အတိုင်း ဖြစ်လာပါက စစ်အုပ်စုအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့် အဖက်ဖက်တွင် အရူးမီးဝိုင်းဖြစ်နေသည့် အခြေအနေမှ တစုံတရာ ဟန်ထုတ်ပြောပြ၍ ရနိုင်သည့် အနေ အထားအသစ်ကို ရရှိသွားမည် ဖြစ်သည်။

၅။ အရေးကြီးသည့် အဆစ်အချိုးကာလဖြစ်သည့်အတွက် မိမိတို့ တော်လှန်ရေးအင်အားစုများအတွင်း ညီညွတ် ရေးကို အစွမ်းကုန် ထိန်းသိမ်းပြီး စစ်ကောင်စီ၏ လှည့်စားမှုများအကြား ယိမ်းယိုင်မှု မရှိကြစေရန် အချင်းချင်း ပို၍ သတိပေးကြ၊ လက်တွဲကြရမည် ဖြစ်သည်။

၆။ နွေဉီးတော်လှန်ရေးအောင်ပွဲကို လူထုအားဖြင့်သာ၊ လူထု၏ နည်းသဏ္ဍာန်ပေါင်းစုံသော တိုက်ပွဲများဖြင့်သာ အရယူနိုင်မည်ဖြစ်သည်ဟု မိမိတို့အနေဖြင့် အလေးအနက် ယုံကြည်သည်။ သို့ဖြစ်ပါ၍ တော်လှန်ရေးအင်အားစု အသီးသီးက စစ်ကောင်စီ၏ အကြံအစည်များကို ဖွင့်ချဖော်ထုတ်ပြီး ၎င်းတို့၏ ထွက်ပေါက်မှန်သမျှကို အခိုင် အမာ ပိတ်ဆို့သွားကြပါရန် အလေးအနက် တိုက်တွန်းရင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

သဘောထားထုတ်ပြန်ရာတွင် ပါဝင်သည့်အဖွဲ့အစည်းများ

၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS
၂။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB
၃။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေသပိတ်တပ်ပေါင်းစု – GSC
၄။ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ – GSCN
၅။ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB
၆။ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် – TNC
၇။ ဒို့မြေကွန်ယက် (LIOH)
၈။ All Kachin Youth Union – AKYU
၉။ Ananda Data
၁၀။ Blood Money Campaign
၁၁။ Chin MATA Working Group
၁၂။ Chin Resources Center
၁၃။ Civil Information Network – CIN
၁၄။ Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
၁၅။ Justice Movement for Community – Innlay
၁၆။ Kachin Human Rights Watch – KHRW
၁၇။ Kachin State Civilian Movement (KSCM သပိတ်ကော်မတီ)
၁၈။ Keng Tung Youth
၁၉။ Kyauktada Strike Committee
၂၀။ Myanmar Alliance for Transparency and Accountability – MATA
၂၁။ Myanmar Cultural Research Society (MCRS)
၂၂။ Myanmar Labour Alliance
၂၃။ Muslim Youth Network
၂၄။ Nyan Lynn Thit Analytica
၂၅။ Shan MATA
၂၆။ Southern Youth Development Organization
၂၇။ Sitt Nyein Pann Foundation
၂၈။ Synergy – Social Harmony Organization
၂၉။ Student Union Representatives Committee – SURC
၃၀။ Tanintharyi MATA
၃၁။ Women Advocacy Coalition Myanmar
၃၂။ Yangon Medical Network – YMN
၃၃။ 7 anonymous CSO


Original post.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia