03 June 2022
By ခင်ဘုန်းမို့။ ။
ဆေးရုံတစ်ခုရဲ့ မွေးခန်းရှေ့မှာ အမျိုးသမီးတစ်ဦးဟာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပြီး အခန်းတံခါးကိုကြည့်ကာ နှုတ်ခမ်းကလည်း ခပ်တိုးတိုး ရေရွတ်ဆုတောင်းနေပါတယ်။
ဒီအမျိုးသမီးဟာမွေးလူနာရဲ့ မိသားစုဝင်ဆွေမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ မွေးလူနာအတွက် မိသားစုဝင်တွေ နည်း တူ စိတ်လှုပ်ရှားနေပါတယ်။
သူကတော့ ခက်ခဲနေတဲ့ ကိုယ်ဝန်ဆောင်တွေကို မီးဖွားစရိတ်ကူညီပေးနေတဲ့ MUDRA Women and Child Care Foundationကို ဦးစီးနေတဲ့အသက် ၃၈နှစ်အရွယ် မသီတဂူကိုကိုပါ။ မသီတဂူကိုကိုဟာ နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ၊ ဖမ်းဆီးခံထားရသူတွေရဲ့ ဇနီးသည်ကိုယ်ဝန်ဆောင်တွေ၊ CDMနဲ့ စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်တွေ အတွက် မီးဖွားစရိတ်ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
“ ကလေးလေးကိုမြင်ရတော့ ခံစားရတဲ့ပီတိနဲ့ သူတို့မိသားစုလေးပျော်နေတာမြင်ရတာက နောက်ထပ်မိသားစုတွေကို ကူညီဖို့အတွက်ခွန်အားဖြစ်ခဲ့ရတယ်”လို့ မသီတဂူကိုကိုက ပထမဆုံးကူညီတုန်းက ခံစားချက်ကိုပြောပြပါတယ်။
သူဟာ မူလက ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ကာ သားသမီးတွေကို ပြုစုရင်းဖြတ်သန်းနေသူတစ်ဦးဖြစ်ခဲ့ပေမယ့် စစ် အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ခဲ့ ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၂ ဇွန် ၁ အထိ ကျဆုံးသူအရေအတွက် ၁,၈၇၈ ဦးရှိပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၀,၈၅၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြ ထားတယ်။
ကျဆုံးသွားသူတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ ကျန်ရစ်သူဇနီးသည်တွေထဲက တစ်ချို့ဟာကိုယ်ဝန်လွယ်ထားရပြီး ခက်ခဲနေကြ ရပါတယ်။ ဒါကြောင့် မသီတဂူကိုကိုဟာ ကိုယ်တိုင်ကလည်းအမျိုးသမီးဖြစ်တဲ့အပြင် မိခင်တစ်ယောက်လည်းဖြစ်တဲ့ အတွက် တော်လှန်ရေးကာလမှာ ခက်ခဲနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ဘဝကို စာနာနားလည်ခဲ့ပြီး ဒီလိုခက်ခဲနေတဲ့ ကိုယ်ဝန်ဆောင်တွေကိုကူညီဖို့ ဆုံးဖြတ်ခဲ့ကာ မုဒြာကို ၂၀၂၁ ခုနှစ်မတ်လက စတင်တည်ထောင်ခဲ့တယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းတွေရပ်ရကာ ဝင်ငွေမရှိတော့ပေမယ့် ကိုယ်တတ်နိုင်တဲ့ငွေလေးနဲ့ မုဒြာကိုတည် ထောင်ခဲ့တာဖြစ်တယ်။
“ တော်လှန်ရေးကာလမှာ ဘာလို့ကိုယ်ဝန်ဆောင်တွေကို ကူညီဖြစ်တာလဲဆိုတော့ ကိုယ်ချင်းစာလို့ပါ” လို့ မသီတဂူကိုကို ကဆိုပါတယ်။
ဒီလုပ်ငန်းကိုစတင်ချိန်မှာ ကိုယ်တိုင်ကလည်း မီးဖွားပြီးခါစအချိန်ဖြစ်တဲ့အတွက် အခက်အခဲတွေကြားထဲက ဆောင်ရွက်ခဲ့ ရတယ်လို့ ဆိုပါတယ်။
လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်တွေကို အွန်လိုင်းကဆက်သွယ်ပြီး ကူညီထောက်ပံ့ရတာရှိသလို အိမ်တိုင်ရာရောက်သွားပြီး ထောက်ပံ့တာတွေလည်းရှိပါတယ်။ လုပ်ငန်းအစမှာတော့ ဆက်သွယ်ရခက်ခဲတာတွေရှိခဲ့တယ်။
“ တိုင်းပြည်အခက်အခဲ ကြုံတွေ့နေချိန်မှ မကူညီရင်ဘယ်အချိန်မှ ကူညီရမလဲလို့စဉ်းစားမိလို့ ကြိုးစားတည်ထောင်ခဲ့တာ ပါ” လို့မသီတဂူကိုကိုကပြောပါတယ်။
နွေဦးတော်လှန်ရေးမှာကျဆုံးသွားသူတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ကူညီထောက်ပံ့ပေးတာ ကြောင့် စစ်ကောင်စီရဲ့ စောင့်ကြည့်မှုကိုခံခဲ့ရပါတယ်။ ထပ်ပြီး မိသားစုလုံခြုံရေးထိခိုက်လာတာကြောင့် လွတ်မြောက်နယ် မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့နေရာမှာလည်း တိုက်ပွဲဖြစ်တာကြောင့် ကလေးတွေနဲ့ အခက်အခဲ တွေ့ခဲ့တယ်။
မသီတဂူကိုကိုဟာ ကိုယ်တိုင်လည်း စစ်ဘေးရှောင်အဖြစ်ဖြတ်သန်းရင်း တစ်ဖက်မှာလည်းခက်ခဲနေတဲ့ ကိုယ်ဝန်ဆောင် တွေကို ကူညီနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်။
အဖွဲ့အနေနဲ့အကြီးမားဆုံး အခက်အခဲကတော့ ငွေကြေးအခက်အခဲဖြစ်ပြီးနောက်ပိုင်းမှာတော့ မိတ်ဆွေတွေရဲ့ အလှူငွေနဲ့ လည်ပတ်နေနိုင်ခဲ့တယ်။
လိုအပ်တဲ့ကူညီမှုတွေလုပ်ရင်း မသီတဂူကိုကိုတစ်ယောက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိသလို ကျေနပ်အားရမိတဲ့အချိန် တွေလည်းရှိခဲ့တယ်။
“ စိတ်ဓာတ်ကျတဲ့အချိန်တွေဆိုရင် ကလေးလေးတွေရဲ့ ပုံလေးတွေ ပြန်ကြည့်ဖြစ်တယ်။ မီးဖွားဖို့ ကျွန်မကူညီပေးလိုက်တဲ့
မိသားစုတွေက ကျွန်မဆီကို သူတို့မွေးလာတဲ့ကလေးလေးတွေရဲ့ပုံလေးတွေပို့ပေးတယ်။ အဲ့ဒီကလေးလေးတွေကိုမြင်ရရင် ကျွန်မအရမ်းပီတိဖြစ်ရတယ်။ ကလေးလေးတစ်ယောက်ကို လူ့လောကထဲ ဘေးကင်းအောင်ခေါ်ပေးနိုင်ခဲ့ပြီဆိုတာ တွေး လိုက်မိရင် ကိုယ်လုပ်နေတာတွေအပေါ် စိတ်ကပြန်အားတက်လာတယ်လေ” လို့သူကဖွင့်ဟပါတယ်။
လက်ရှိအချိန်အထိ ကိုယ်ဝန်ဆောင် အယောက် ၅၀ဝန်းကျင်လောက်ကို ကူညီပေးနိုင်ခဲ့ပြီး ဆက်ပြီးအကူအညီ တောင်းခံ ထားတဲ့သူကတော့ အယောက်၃၀လောက်ရှိတယ်လို့ သူကဆိုပါတယ်။
အကူအညီတောင်းလာတဲ့သူတွေကို online ကနေ video callခေါ်ပြီး သူတို့အခြေအနေကို အတည်ပြုပါတယ်။ ထောက်ပံ့ တဲ့ပမာဏကတော့ နေရာနဲ့အခြေအနေကို မူတည်ပြီး အနည်းအများကွာခြားကာ အနည်းဆုံးပမာဏအနေနဲ့ ငွေကျပ် ငါးသောင်းထောက်ပံ့ပေးနေပါတယ်။
အဖွဲ့ကိုဆက်သွယ်လာတဲ့သူတွေထဲမှာ CDMတွေ၊ စစ်ဘေးရှောင်တွေ၊နေရပ်ကိုစွန့်ခွာလာရတဲ့သူတွေပါဝင်ပြီး သူတို့အနေ နဲ့ဝင်ငွေမရှိတဲ့အတွက် မီးဖွားစရိတ်ခက်ခဲတာ၊ နေအိမ်ကိုစွန့်ခွာခဲ့ရတဲ့အတွက် နေထိုင်စားသောက်ဖို့ ခက်ခဲတာတွေ ရှိတယ်လို့ မသီတဂူကိုကိုက ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ဘဝနဲ့စစ်ပြေးရင်း မုဒြာအဖွဲ့ရဲ့ အကူအညီနဲ့မီးဖွားနိုင်ခဲ့သူကတော့ အသက် ၂၀အရွယ် မရွှန်းလဲ့ပါ။
မရွန်းလဲ့ဟာ ကရင်ပြည်နယ်၊ လေးကေ့ကော်မှာနေထိုင်ခဲ့ပြီး မီးဖွားဖို့လအနည်းငယ်အလိုမှာ လေးကေ့ကော်မှာ တိုက်ပွဲဖြစ် တော့ ကိုယ်ဝန်အရင့်မာနဲ့ စစ်ပြေးခဲ့ရတယ်။ လေးကေ့ကော်ဆေးရုံမှာမွေးဖို့လုပ်ထားပေမယ့် တိုက်ပွဲဖြစ်တော့ ဆရာဝန် တွေသူနာပြုတွေကအစ ထွက်ပြေးရပြီး ဘယ်မှာမွေးရမှန်းမသိအောင်ဖြစ်ခဲ့ရတယ်။
မရွန်းလဲ့ကိုယ်ဝန်ဟာ အမွှာလေးဖြစ်တဲ့အတွက် အစထဲကခွဲမွေးဖို့စီစဉ်ထားပေမယ့် တိုက်ပွဲဖြစ်တာကြောင့် ကလေးမွေးဖို့ ကြံရာမရဖြစ်ခဲ့တယ်။ ထွက်ပြေးကြရင်းမဲဆောက်ကို ရောက်တော့လည်း ဆေးရုံစရိတ်က ကြီးတဲ့အတွက် ဆေးရုံတက်ဖို့ မစဉ်းစားရဲခဲ့ဘူး။ အဲ့ဒီနောက် မုဒြာနဲ့ချိတ်ဆက်မိကာ ကလေးမွေးဖို့အဆင်ပြေသွားခဲ့တယ်။
မုဒြာနဲ့သာ အဆက်အသွယ်မရခဲ့ရင် ကလေးမွေးဖွားဖို့မတွေးရဲဘူးလို့ မရွှန်းလဲ့ကဖွင့်ဟပါတယ်။
“ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရိုးရိုးဘဲမွေးလိုက်ရရင်မမျှော်လင့်တဲ့အရာတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ရိုးရိုး မွေးမရတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ရိုးရိုးမွေးလိုက်ရင် ကလေးရောမိခင်ပါ ဆုံးရှုံးဖို့များပါတယ်။ အသက်သခင်လည်း ဖြစ်သလို မုဒြာဆိုတာဒုတိယမိခင်ပါ”လို့ မရွှန်းလဲ့ကပြောပါတယ်။
MUDRAအနေနဲ့ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေက ကိုယ်ဝန်ဆောင်တွေရဲ့ ဆေးဝါးနဲ့အသုံးအဆောင်တွေ လိုအပ် တာ၊ မီးဖွားဖို့အတွက်ခက်ခဲတာ စတာတွေကို တတ်နိုင်သမျှကူညီထောက်ပံ့ပေးနေပါတယ်။ အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန် ဆောင်တွေအနေနဲ့ မုဒြာကိုဆက်သွယ်ချင်တယ်ဆိုရင် MUDRA facebook page (https://www.facebook.com/ MUDRAWCCFoundation/) ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။
MUDRA Foundation ကိုလည်း မိဘမဲ့ဂေဟာဖွင့်နိုင်ဖို့အထိကြိုးစားချင်တယ်လို့ မသီတဂူကိုကိုက သူ့ရဲ့ဆန္ဒကို ဖွင့်ဟ ပါတယ်။
ဒါ့အပြင် “ လွတ်မြောက်နယ်မြေထဲမှာ သားဆက်ခြားလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေ တန်းတူအခွင့်အရေးရဖို့ ကူညီဆောင်ရွက်ပေးသွားမယ်” လို့မသီတဂူကိုကိုက ဆိုပါတော့တယ်။
Original Post: Honest Information
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.