01 June 2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်
လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ အကူအညီတွေဖြန့်ဝေဖို့ အတွက် အာဆီယံအသင်းက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မေလ ၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့နောက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA နဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ရဲ့ သဘာဝကပ် ဘေးဆိုင်ရာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ AHA center တို့က မြန်မာနိုင်ငံကို အကူအညီတွေပေးရေးအစီအစဉ် စတင်သုံးသပ်အကဲဖြတ်နေပြီဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က သူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက်၊ လူသားချင်းစာနာမှု အကူအညီတွေကို၊ ကာကွယ်ရေးလက်နက်သဖွယ် အသုံးချနေတာ ကြောင့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းပြီး ပါဝင်သင့် ပါဝင်ထိုက်သူတွေ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ စုံညီအစည်းအဝေးတရပ် အမြန်ဆုံးခေါ်ယူဖို့ Alternative Asean အဖွဲ့၊ ရှေ့ပြေးအသံအဖွဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ ကရင်နီလူမှုအဖွဲ့၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ အရပ်ဖက်လူထုအဖွဲ့တွေက မေလ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒီလို ပါဝင်သင့်သူတွေအားလုံးပါဝင်မှသာ အကူအညီအရေးပေါ်လိုအပ်နေတဲ့ ပြည်သူတွေ အတွက် ထောက်ပံ့နိုင်မှာဖြစ်တာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ရှေ့ပြေးအသံအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အခုလို အကူအညီလိုအပ်သူတွေကို ကူညီထောက်ပံ့ရေး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်ရာရောက်သလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ရာရောက် တယ်ဆိုတာကို ထောက်ပြခြင်းလည်းဖြစ်တယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ အမျိုးသားညိညွတ်ရေး အစိုးရ NUG ရဲ့ လူသားချင်း စာနာ ကူညီရေးနဲ့ သဘာဝကပ်ဘေးစီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ ကရင်၊ ကရင်နီ၊ ချင်းပြည်နယ် တွေက လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး အာဆီယံရဲ့ လူသားချင်း စာနာကူညီရေး အစီအစဉ်မှာ ပါဝင်သင့်သူတွေ မပါဝင်တဲ့အပေါ် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ပါသေးတယ်။ အဲဒီပြည်နယ် ၃ ခုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်ခံရတဲ့ ဒေသ တွေဖြစ်ပါတယ်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်က နော်ဝါကူရှီးက ဒေသခံတွေရဲ့ ဆုံးဖြတ် ချက်၊ ပူးပေါင်းပါဝင်မှု အကောင်အထည်ဖော်မှုတွေ မပါဝင်ဘဲ ထိရောက်တဲ့ ကူညီမှုတွေ မရနိုင်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ၊ နေရပ်စွန့်ခွာရတဲ့ သက်ကြီးရွယ်အိုတွေ၊ မီးလောင်တိုက်သွင်းခဲ့ရတဲ့ ကျေးရွာတွေ၊ ဒါတွေ ဟာ ကုလသမဂ္ဂ နဲ့ AHA center တို့ ဖြေရှင်းရမယ့်ကိစ္စတွေဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခ စတင်ပေါ်ပေါက်ရာဖြစ်ကြောင်း ပြောပါတယ်။
၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ နေအိမ်တွေကို တွေ့ရစဉ် (ဓာတ်ပုံ – မှိုင်းတေဇ(Yesagyo PDFတပ်ရင်းမှူး)
ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်း ဇာအုပ်လျန်းကလည်း အကူအညီတွေကို စစ်တပ်က တစ်ဆင့် ပေးနေတာတွေဟာ စစ်တပ်အတွက် စစ်ဆင်ရေးမှာ မြေလှန်စနစ်ကို သုံးစွဲတိုက် ခိုက်ဖို့ဖြစ်ကြောင်း၊ ရပ်ရွာအဖွဲ့အစည်းချင်း မဆက်သွယ်နိုင်အောင်လည်း ဖြတ်တောက် ထားတာကြောင့် စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ ကြောင်း ပြောဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူသားချင်းစာနာမှုအကူအညီ လိုအပ်တဲ့ မြန်မာ နိုင်ငံအတွက် အာဆီယံအသင်းက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စကို စိတ်ပျက်မိတဲ့အကြောင်းနဲ့ စိုးရိမ်ပူပန်ကြောင်း မေလ ၇ ရက်နေ့က ထုတ်ပြန်ပြော ဆိုခဲ့ပါတယ်။
စစ်ကောင်စီကဖွဲ့ထားတဲ့ လုပ်ငန်းအဖွဲ့ကိုပဲ အာဆီယံလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်မှုမှာ အဓိကကျတဲ့နေရာမှာ လုပ်ပိုင်ခွင့် ရရှိစေခဲ့တယ်လို့လည်း NUG က ထောက်ပြဝေဖန်ထားပါတယ်။
အလားတူ မြန်မာနဲ့ နိုင်ငံတကာက အဖွဲ့အစည်းပေါင်း ၇၆၅ ဖွဲ့ကလည်း အာဆီယံကနေ စစ်ကောင်စီကို လူသားချင်း စာနာမှုအကူအညီတွေ ဖြန့်ဝေခွင့်ပေးခဲ့တဲ့အပေါ် လက်မှတ် ရေးထိုး ကန့်ကွက်ခဲ့ကြပါတယ်။ အာဆီယံရဲ့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးချိုးဖောက် နေတဲ့ စစ်ကောင်စီကို လူသားချင်းစာနာမှုအကူအညီတွေ လက်နက်လိုအသုံးချခွင့် ပေး လိုက်တဲ့သဘောပဲလို့လည်း မေလ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောဆို ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.