01 June 2022
ရက်စွဲ။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်။
ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) သတင်းထုတ်ပြန်ချက်။
ကချင်အမျိုးသမီး အစည်းအရုံး- ထိုင်းနိုင်ငံမှ ထုတ်ပြန်သော အစီရင်ခံစာသစ်သည်လွန်ခဲ့သော ခြောက်လ အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုင်ငံတော် စီမံခန့်ခွဲရေး ကောင်စီ (စကစ)၏ တပ်ဖွဲ့များက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၏ အသေးစိတ် မြေပုံများအပါအဝင် အထောက်အထားများကို ဖော်ပြထားသည်။
“ဝေဟင်မှ ခြိမ်းခြောက်မှု အသစ်များ” အစီရင်ခံစာသည် မဟာဗျူဟာမြောက် ထောက်ပို့လမ်းကြောင်းများ တလျှောက် ပဋိပက္ခများအတွင်း ဆုံးရှုံးမှုများကို သိသာစွာ လက်စားချေသည့်အနေဖြင့် ကချင်ပြည်နယ်ရှိ လူထူထပ်သော ကျေးရွာများအပေါ် လူသေစေနိုင်သော လမ်းကြောင်းတိုက်ခိုက် အသစ်များကို ဖော်ထုတ်ထားသည်။ ယခုနှစ် အစောပိုင်း လများအတွင်း ပူတာအို၊ ဖားကန့်နှင့် ဧရာဝတီမြစ်ကြောင်းတလျှောက် လေကြောင်းတိုက်ခိုက်မှု ငါးခုသည် ရွာသား (၂) ဦးကို သေဆုံးစေပြီး ဒဏ်ရာရသူ (၁၃)ဦးတွင် ကလေး (၆)ဦး အပါအဝင်ဖြစ်သည်။
မြေပုံများတွင် နာမည်ဆိုးနှင့်ကျော်ကြားသော စကစ၏ တိုက်ခိုက်ရေး တပ်မများဖြစ်သည့် တပ်မ ၃၃, ၈၈ နှင့် ၉၉ တပ်ဖွဲ့များက အရပ်ဘက်နယ်မြေများ အတွင်းသို့ လက်နက်ကြီးများ တိုက်ရိုက် ပစ်နေသည်ကို ပြထားသည်။ လွန်ခဲ့သည့် ခြောက်လ အတွင်း လက်နက်ကြီး ပစ်ခတ်မှု ဆယ့်သုံးကြိမ်တွင် ရွာသား (၈)ဦးသေဆုံးပြီး ကလေး(၆)ဦး အပါအဝင် လူ(၂၀)ဦး ဒဏ်ရာရခဲ့သည်။
မြေပုံများက စကစ တပ်ဖွဲ့များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတွက် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ် မည်ဟု ဆက်လက် ယုံကြည်နေမှု၏ အထောက်အထားကိုလည်း ဖော်ြပထားသည်။ ဧပြီလ ၁၂ ရက်က ကွတ်ခိုင်တွင် စကစ စစ်သား၏ မုဒိမ်းကျင့်ရန် ကြိုးပမ်းအားထုတ်မှုသည် လွန်ခဲ့သောနှစ် နိုဝင်ဘာလက တပ်ရင်း တစ်ရင်းထဲမှာ စစ်သား တစ်ဦးက အသက်အရွယ်ကြီးသော အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်သည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်သာကွာသော နေရာတွင် ဖြစ်ပွားခဲ့သည်။
အစီရင်ခံစာက စကစ တပ်ဖွဲ့များ၏ ရမ်းသန်းပစ်ခတ်မှု ဆယ့်သုံးကြိမ်တွင် အရပ်သား (၇)ဦး ဒဏ်ရာရပြီး မြစ်ကြီးနားတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီးနောက် အရပ်ဖက်န အိမ်များအကြား ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တွင်အိပ်နေသော အသက်(၇)နှစ် အရွယ် ကောင်လေး အပါအဝင် (၁၁)ဦးသေဆုံးခဲ့ရကြောင်း မှတ်တမ်းတင်ထားသည်။
ကချင်ပြည်နယ်အနှံ့အပြားတွင် စကစ တပ်ဖွဲ့များ၏ ဥပဒေမဲ့ ဖမ်းဆီးမှုကြောင့် လူပေါင်း (၂၃)ဦး ဖမ်းဆီးခံရသည်။ ယင်းတို့အနက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သို့မဟုတ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များဟု ဝင်ခံအောင် ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပမ်းခြင်းခံရသော လူ(၇)ဦးလည်း အပါအဝင်ဖြစ်သည်။ အမျိုးသမီးများ အပါအဝင် ဒါဇင်နှင့်ချီသော ရွာသားများသည် မိုးမောက်၊ ဖားကန့်နှင့် နမ္မတူတို့တွင် စကစ စစ်သားများ၏ လူသားဒိုင်းများအဖြစ် အတင်းအဓမ္မ လမ်းလျှောက်ခိုင်းခြင်း ခံခဲ့ရသည်။
ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စကစ ၏ ချိုးဖောက်ကျူးလွန်မှုများကြောင့် လွန်ခဲ့သည့် ခြောက်လအတွင်း မြန်မာပြည်မြောက်ပိုင်း တလျှောက် ရွာသား ၅၇၀၀ ကျော်သည် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်အသစ် များအဖြစ် ရွှေ့ပြောင်းမှု ဖြစ်ပေါ်စေခဲ့သည်။
စစ်တပ်က ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသပ်စေရန် နှင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားရသော အစိုးရထံ အာဏာ လွှဲပြောင်းပေးနိုင်စေရန်အတွက် စစ်အုပ်စုအပေါ် သံတမန်ရေးနှင့် စီးပွားရေး ဖိအားများ တိုးမြှင့်ပေးရန်အတွက် ကချင်အမျိုးသမီးများ အစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) က အရေးပေါ် တောင်းဆို လိုက်သည်။
ပိုမိုသိရှိလိုပါက –
မွန်းနေလီ (+ ၆၆ ၈၅၅၂၃၃၇၉၁)
ဆန်ထွယ် (+၉၅ ၉၇၆၁၁၁၃၅၅၈)
ဝေဟင်မှ ခြိမ်းခြောက်မှု အသစ်များ အစီရင်ခံစာရယူရန်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.