ဖမ်းဆီးထောင်ချခံရသည့် ကျောင်းသားများဖြစ်သော မင်းညီညီကွန်း၊ စောဥက္ကာဦး၊ ရဲဝင်းထွန်း၊ ပြည့်စုံအောင်။ (ဓာတ်ပုံ-ပေးပို့)
ကျောင်းသားလူငယ်လေးဦးကို စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုပြီးနောက် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ကိုးလစီ ချမှတ်လိုက်သည်။
By Myanmar Now
စစ်တပ်က အာဏာသိမ်းသည့် ယမန်နှစ် ဖေဖော်ဝါရီလကတည်းက အဖမ်းခံထားရသည့် မန္တလေးမြို့မှ ဆန္ဒပြကျောင်းသားလေးဦးကို ယမန်နေ့ (မေ ၂၅) တွင် စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်နီးပါးစီ ချလိုက်သည်။
အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်သည့် ကျောင်းသားလေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ တို့ဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် တစ်နှစ်နှင့် ကိုးလစီ ချလိုက်ခြင်း ဖြစ်သည်။
တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခံရသည့် ကျောင်းသားလူငယ်များမှာ နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) မှ အသက်၂၉ နှစ်အရွယ် ကိုစောဥက္ကာဦး၊ ရတနာပုံတက္ကသိုလ်မှ အသက် ၃၀ ကျော်အရွယ်များဖြစ်သော ကိုမင်းညီညီကွန်း၊ ကိုရဲဝင်းထွန်းနှင့် ကိုပြည့်စုံအောင်တို့ ဖြစ်သည်ဟု သိရသည်။
ထိုကျောင်းသားလူငယ် လေးဦးမှာ မန္တလေးမြို့မှ ထင်ရှားသည့် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာတေဇာစန်း ဦးဆောင်၍ စစ်တပ်က အာဏာသိမ်းပြီး သုံးရက်အကြာ၌ ပြုလုပ်သော ဆန္ဒပြပွဲမှ လူစုခွဲပြီးအပြန်တွင် အဖမ်းခံရခြင်းဖြစ်သည်။
“နှစ်မှုပေါင်းပြီး ချလိုက်တာ။ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ၉ လဆိုပြီး ချလိုက်တာလို့ ပြောတယ်။ ဘယ်ပုဒ်မအတွက် ဘယ်နှစ်နှစ်ဆိုတာမျိုး ခွဲမသိရဘူး။ သူတို့ ကျန်းမာရေးလည်း ကောင်းကြပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုကျောင်းသားလူငယ် လေးဦးကို လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါရှိရန် စစ်ကောင်စီက ထောင်အတွင်း ညွှန်ကြားစာထုတ်ထားကြောင်း မန္တလေးမြို့မှ ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။
“သူတို့နောက်မှာ ဖမ်းခံရတဲ့လူတွေ ၅၀၅ သမားတွေတောင် လွတ်လာကြပေမဲ့ သူတို့ ဘယ်လွတ်ငြိမ်းထဲမှ မပါခဲ့ဘူး။ ထောင်ထဲမှာ သူတို့လေးဦးအပါအဝင် လူ ၁၀၀ ကျော်ကို လွတ်ငြိမ်းမပေးဖို့ စာထုတ်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
“သူတို့အမိန့်မချခင် တိုက်လည်းပိတ်ခံရတယ်။ သူတို့ကို အဆောင်ပြောင်းခိုင်းတာ မပြောင်းလို့ဆိုပြီး ပိတ်တာလို့ သိရတယ်။ ထောင်အတွင်းကနေ ထွက်လာတဲ့သတင်းပေါ့”
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ ) မှ တာဝန်ရှိသူတစ်ဦးကလည်း ဖမ်းဆီး အကျဉ်းချခံထားရသည့် ယင်းလူငယ်လေးဦးအတွက် ဂုဏ်ယူကြောင်း ပြောသည်။
“အာဏာသိမ်းခံရစဉ်က လူထုက ဝေဝေဝါးဝါးဖြစ်နေတဲ့အချိန် ဒီလိုလုပ်မှရမယ်ဆိုတာမျိုး ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး ပြသသွားခဲ့တဲ့ ရဲဘော်တွေပါ။ သူတို့ကို တကယ်ကို လေးစားဂုဏ်ယူတယ်။ သူတို့ရဲ့ ဂုဏ်ယူဖွယ် သမိုင်းမှတ်ကျောက်တစ်ခုလည်းဖြစ်တယ်”
Original Post: Myanmar Now
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.