၂၀၂၂ ခုနှစ် မေလ ၁၁ ရက်
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အတိုင်ပင်ခံ အစည်းအဝေးမှ မြန်မာနိုင်ငံအတွက် ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဝေရေးကို စစ်အုပ်စုအား ထိန်းချုပ်ခွင့် ပေးလိုက်သည့် ဆုံးဖြတ်ချက်အပေါ် အောက်တွင် လက်မှတ်ရေးထိုးထားသည့် မြန်မာနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၇၆၅ ဖွဲ့တို့က အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်။ ထိုဆုံးဖြတ်ချက်သည် စစ်အုပ်စုကို တရားဝင်မှု ပိုမိုရရှိစေမည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုကျူးလွန်နိုင်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို လက်နက်သဖွယ် အသုံးချခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု မိမိတို့ အဖွဲ့အစည်းများက ယုံကြည်သည်။
အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘော ဆွေးနွေးပွဲတွင် ယင်းဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန်နှင့် ယုံကြည်စိတ်ချရသော ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများ မှတစ်ဆင့် ဖြန့်ဝေပို့ဆောင်ပေးမည့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးပို့ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များနှင့် ပြည်တွင်းအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် မိမိတို့မှ အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်သည်။
လက်ရှိအာဆီယံ၏ အလှည့်ကျဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံမှ ကမကထပြု ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးဆောင်သည့် စစ်အုပ်စု၏ အလုပ်အဖွဲ့ (Task Force) ကို ပါဝင်တက်ရောက်စေခဲ့သည့်အတွက် မိမိတို့မှ အံ့ဩစိတ်ပျက်ရပါသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ ကိုယ်စားလှယ်များမှ ဖွဲ့စည်းထားသည့် NUG နှင့်အတူ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် EAO များ၏ ပါဝင်မှုကိုမူ ဖယ်ထုတ်ချန်လှပ်ထားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် H.E. Noeleen Heyzer သည် ပါဝင်သက်ဆိုင်သူတစ်ဦးအနေဖြင့် ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအစိုးရက မှားယွင်းစွာထုတ်ပြန်ထားပြီး အမှန်တကယ်စင်စစ်မှာ မြန်မာစစ်အုပ်စု၏ ဖိအားပေးမှုကြောင့် အာဆီယံက သူမအား အစည်းအဝေးပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့မှုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။
ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ရှိနေသည့် အာဆီယံသည် မြန်မာစစ်အုပ်စုအတွက် တံခါးဖွင့်ပေးထားချိန်တွင် NUG နှင့် အခြားသော သက်ဆိုင်သူများနှင့်မူ ထိတွေ့ဆက်ဆံရန် ဆက်လက်တွန့်ဆုတ်နေပြီး ယင်းမှာ အားလုံးပါဝင်မှုရှိသည့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသော အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်နှင့် လုံးဝဆန့်ကျင်ကွဲလွဲနေသည်။ NUG၊ ဖမ်းဆီးထိန်းသိမ်းခံထားရသော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ EAO များနှင့် တွေ့ဆုံခြင်းမပြုဘဲ စစ်အုပ်စု ခေါင်းဆောင်များနှင့်သာ တွေ့ဆုံခဲ့သည့်အပြင် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်ကို ရယူခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်နှင့် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့၏ ခရီးစဉ်ကိုလည်း မိမိတို့မှ ရှုတ်ချခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ၏ “ထင်ရာစိုင်း သံတမန်ဆက်ဆံရေ” ငါးလကြာမြင့်သည်အထိ အာဆီယံသည် ချန်လှပ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA Centre) မှတစ်ဆင့် မြန်မာနိုင်ငံသို့ အကူအညီများ မည်ကဲ့သို့ ပေးပို့မည်ကို စစ်အုပ်စုဦးဆောင်သည့် အလုပ်အဖွဲ့အား စီမံဆုံးဖြတ်ခွင့်ပေးသည့် အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် မိမိတို့အနေဖြင့် အလွန်ပင် စိုးရိမ်ထိတ်လန့်မိပါသည်။ အကူအညီပေးရေး လုပ်သားများနှင့် အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ ခြိမ်းခြောက်တိုက်ခိုက်မှုများ ဆက်လက်ရှိနေသော်ငြား ၎င်းစစ်အုပ်စု၏ အလုပ်အဖွဲ့က EAO နယ်မြေများ အပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများအားလုံးထံ အထောက်အပံ့များ ဖြန့်ဝေပို့ဆောင်ပေးနိုင်စွမ်းရှိသည်ဟု အာဆီယံက ဆက်လက်ရှုမြင်နေခြင်းကို မိမိတို့မှ အံ့ဩတုန်လှုပ်မိပါသည်။ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို လက်ခံသဘောတူပြီး တစ်နှစ်ကျော်ကြာသည့်အထိ လိုက်နာဆောင်ရွက်ခြင်း မရှိနေသော စစ်အုပ်စု၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် ၎င်း၏ကတိများသည် နိုင်ငံရေးအကျိုးအမြတ်ကိုသာ မျှော်ကိုးသည့် မယုံကြည်ထိုက်သော ကတိကဝတ်များသာ ဖြစ်ပေသည်။
မြန်မာစစ်အုပ်စု ဦးဆောင်သည့် အလုပ်အဖွဲ့နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်မည့် အစီအစဉ်အား ရှေ့ဆက်တိုး အကောင်အထည်ဖော်ဆောင်ရွက်မည့် အာဆီယံ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ပြည်တွင်း အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးကို ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းသည့် မြန်မာပြည်သူလူထုနှင့် ကမ္ဘာတစ်ဝှမ်းမှ အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။ အာဆီယံအနေဖြင့် NUG၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူများ အားလုံးကို ဆက်လက်ဖယ်ကြဥ်ထားမည်ဆိုပါက အာဆီယံအနေဖြင့် အဓိပ္ပါယ်ရှိသော ဖြေရှင်းချက် တစ်စုံတစ်ခုမျှ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ကြောင်း မိမိတို့၏ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားလိုပါသည်။ ထို့အပြင် အာဆီယံ၏ ဆုံးဖြတ်ချက်သည် နောက်ပြန်ဆုတ်ယုတ်မှုကို ဖြစ်စေမည့်အပြင် မြေပြင်တွင် စစ်အုပ်စုက ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်အဓွန့်ရှည်စေရန် အတွက်သာ အားပေးအားမြှောက်ပြုရာရောက်မည် ဖြစ်သည်။
Washington DC တွင် ကျင်းပမည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးမတိုင်မီ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အလွတ်သဘော အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်ရေး နှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အာဆီယံနှင့် ၎င်း၏ ခေါင်းဆောင်များကို မိမိတို့မှ အောက်ပါအချက်များ တိုက်တွန်းတောင်းဆိုလိုက်သည်။
- မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်လည် စဥ်းစား သုံးသပ်ရန်၊
- အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်း မရှိနေသော စစ်အုပ်စုနှင့် ၎င်း၏ ကိုယ်စားလှယ်များမှ အာဆီယံ၏ မဟာဗျူဟာအစည်းအဝေးများ တက်ရောက်ခြင်းကို ထိရောက်စွာ ချက်ချင်းဆိုင်းငံ့ထားရန်၊
- ယုံကြည်စိတ်ချရသော ဒေသခံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ မှတစ်ဆင့် ဖြန့်ဝေပို့ဆောင်ပေးမည့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း များနှင့် ပြည်တွင်းအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်၊
- မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊
- အာဆီယံ၏ ကိုယ်စားပြုမှုကို သေချာစေရန်နှင့် မြန်မာပြည်သူလူထု၏ သဘောဆန္ဒကို ထောက်ခံအားပေးရေးအတွက် ပါဝင်ပတ်သက်သူအားလုံးနှင့် ထိရောက်သော ညှိနှိုင်းဆွေးနွေးမှုများ သေချာစွာ လုပ်ဆောင်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ဖြစ်စေရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍနှင့် ခန့်အပ်မှုဆိုင်ရာ ယန္တရားကို ပြန်လည်သုံးသပ် ပြင်ဆင်ရန်။
နောက်ဆုံးအနေဖြင့် စစ်အုပ်စုမှ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်နှင့်စပ်လျဥ်း၍ မည်သည့်တိုးတက်မှုမျှ ဆောင်ရွက်ခြင်း မရှိနေသည့်အပေါ် အာဆီယံကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူ နိုင်ငံများအနေဖြင့် ထို သဘောတူညီချက် (၅) ချက်ကို ကျော်လွန်၍ ရှေ့တိုးလုပ်ဆောင်ရန် မိမိတို့မှ အထူးတောင်းဆိုလိုက်သည်။ အာဆီယံခေါင်းဆောင်များအနေဖြင့် ငြိမ်ချမ်းရေးနှင့် ဒီမိုကရေစီကို လိုလားသော မြန်မာပြည်သူလူထု၏ သဘောဆန္ဒကို ဖြည့်ဆည်းပေးခြင်းနှင့် ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်း တို့အတွက် စစ်အုပ်စုမှ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်ပေးခြင်းအားဖြင့် ၎င်းတို့ပြုထားသော ကတိကဝတ်များကို သက်သေပြရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် – ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ
လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများတွင် အောက်ပါ အမည်ဖော်ပြထားသည့် အဖွဲ့အစည်း ၄၅၁ ဖွဲ့နှင့် အမည်မဖော်ပြလိုသော မြန်မာအဖွဲ့အစည်း ၃၁၄ ဖွဲ့တို့ ပါဝင်သည်။
- 8888 Generation (New Zealand)
- 8888 New Generation (Mohnyin)
- Aa Linn Eain Literary Force (Japan)
- Academy Zenith (Education)
- Action Against Myanmar Military Coup (Sydney)
- Active Youths (Kalay Myo)
- Ah Nah Podcast – Conversation with Myanmar
- All Arakan Students’ and Youths’ Congress (AASYC)
- All Burma Democratic Face in New Zealand
- All Burma Student Democratic Front – Australia Branch
- All Religions Strike Column
- All Sagaing Township Basic Education Students’ Union
- All Schools of Aungmyaythazan Township Strike Group
- All Young Burmese League (AYBL)
- Alternative Solutions for Rural Communities (ASORCOM)
- ALTSEAN-Burma
- Anti-coup Forces Coordination Committee (AFCC)
- Anti-Dictatorship in Burma – DC Metropolitan Area (ADB-DCMA)
- Anti-Myanmar Dictatorship Movement
- Anti-Myanmar Military Dictatorship Network (AMMDN)
- ASEAN Parliamentarians for Human Rights
- Asia Democracy Network
- Asia Justice and Rights (AJAR)
- Asia Pacific Solidarity Coalition (APSOC)
- Asian Dignity Initiative
- Asian Forum for Human Rights and Development (FORUM-ASIA)
- Asian Resource Foundation
- Assistance Association for Political Prisoners (AAPP)
- Association of Human Rights Defenders and Promoters (HRDP)
- Association of United Nationalities in Japan (AUN-Japan)
- Athan – Freedom of Expression Activist Organization
- Auckland Kachin Community NZ
- Auckland Zomi Community
- Aung Myay Tharzan Basic Education Students’ Union-ABFSU
- Aung Pin Lal Main Strike Group
- Australia Burma Friendship Association, Northern Territory
- Australia Karen Organisation
- Australia Karen Organization WA Inc.
- Australia Myanmar Doctors, Nurses and Friends
- Australia Myanmar Youth Alliance (AMYA)
- Australian Burmese Muslim Organisation
- Australian Chin Community (Eastern Melbourne Inc)
- Australian Karen Organisation (AKO)
- Back Pack Health Workers Team
- Bago Basic Education Students’ Union
- Bamar Community Tasmania
- Banglar Manabadhikar Suraksha Mancha (MASUM)
- Bank Trade Unions Federation of Myanmar – BTUFM
- BEHS-1, Hpa-An Basic Education Students’ Union
- BEHS-1, Mandalay Basic Education Students’ Union-ABFSU
- BEHS-11, Aungmyethazan Basic Education Students’ Union-ABFSU
- BEHS-24, Mahaaungmyay Basic Education Students’ Union-ABFSU
- BEHS-4, Mandalay Basic Education Students’ Union-ABFSU
- BEHS-8, Aungmyethazan Basic Education Students’ Union-ABFSU
- Best Friends Forever Group
- Blood Money Campaign
- Burma Action Ireland
- Burma Campaign UK
- Burma Human Rights Network (BHRN)
- Burma Lawyers’ Council (BLC)
- Burma Medical Association
- Burma Task Force
- Burman Suomalaiset (Finland)
- Burmese Canadian Network
- Burmese Community Development Collaboration (BCDC)
- Burmese Community in France
- Burmese Community Support Group (BCSG)
- Burmese Community, Australia
- Burmese Friendship Association
- Burmese Medical Association Australia (BMAA)
- Burmese Rohingya Organisation UK
- Burmese Rohingya Welfare Organisation New Zealand
- Burmese Women’s Union
- Campaign for a New Myanmar
- Canberra Karen Association
- CDM Support Team Mandalay
- Centre for Human Rights and Development, Mongolia
- Chanayetharsan Basic Education Students’ Union
- Chanmyathazi Township People Strike Group
- Chin Community of Auckland
- Chin Community of Western Australia Inc.
- Chin Community SA
- Chin Community Tasmania
- Chin Human Rights Organization
- Chin MATA Working Group
- Chin Resources Center
- Chin Youth Organization (Matupi)
- Chin Youth Organization, Australia
- Citizens of Burma Award (New Zealand)
- CIVICUS: World Alliance for Citizen Participations
- Co-operative University Student Strike Group
- Coalition of Mandalay Engineers
- Colorful Spring
- Combat Support Corps-Japan (CSC-Japan)
- Commission for the Disappeared and Victims of Violence (KontraS)
- Committee Representing Mandalay Region Hluttaw
- Cooperative University Student Strike Column
- CRPH & NUG Supporters Ireland
- CRPH Funding Ireland
- CRPH Support Group, Norway
- CRPH, NUG Support Team Germany-Deutschland
- CRPH/NUG Support Group Australia
- Daik-U Basic Education Students’ Union
- Daung Sit Thi
- Dawei Basic Education Students’ Union
- Dawei Youth’s in Japan (DYJ)
- Dawei Youths’ Revolutionary Movement Strike Committee
- Defense of Human Rights & Public Service, Pakistan
- Democracy for Burma
- Democracy for Myanmar – Working Group (NZ)
- Democracy Movement Strike Committee – Dawei
- Democracy, Peace and Women’s Organization
- Democratic Youth Council
- Demoso Basic Education Students’ Union
- Dragon Dawn (Charity Organization)
- Education Family Strike Group
- Educational Initiatives Myanmar
- Equality Myanmar
- Ethnic Youth General Strike Committee (Mandalay)
- European Karen Network
- Falam Community, Australia
- Family Private School Basic Education Students’ Union-ABFSU
- Federal FM Mandalay
- Federal Myanmar Benevolence Group (NZ)
- Federation of General Workers Myanmar
- Federation of Workers’ Union of Burmese Citizens (in Japan)
- Federation of Workers’ Union of the Burmese Citizens (Japan)
- Free Burma Action Committee – Chico
- Free Burma Action Committee (Central Valley)
- Free Burma Action Committee (Sacremento)
- Free Burma Action Committee (San Francisco & Bay Area)
- Free Rohingya Coalition
- Freedom for Burma
- Future Light Center
- Future Thanlwin
- General Strike Committee of Nationalities
- Generation Wave
- GenY For Revolution – Japan (GenY)
- Global Action For Myanmar Peace and Federal Democracy
- Global Movement for Myanmar Democracy (GM4MD)
- Global Myanmar Spring Revolution (Japan)
- Global Myanmar Spring Revolution (Korea)
- Golden Heart Organization
- Grass-root People
- Helping Hands for Burma (H2B)
- HER (Art, Recycling Center)
- Hinthada Basic Education Students’ Union-ABFSU
- Hlaing Thar Yar Basic Education Students’ Union
- Hope For Youth – Kyushu Japan
- Hopin Basic Education Students’ Union
- Human Rights Foundation of Monland
- India For Myanmar
- Indonesian Legal Aid Foundations (YLBHI)
- Industrial Training Centre (ITC) Family Sydney
- Info Birmanie
- Initiatives for International Dialogue
- Inter-Faith Strike Column
- Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
- Interim Teachers’ Union -Thanlyin Technological University
- International Campaign for the Rohingya
- International Karen Organisation
- International Society of Myanmar Scholars and Professionals (ISMSP-MM)
- Japan Myanmar Future Creative Association (JMFCA)
- Joint Action Committee for Democracy in Burma (JACDB)
- Justice 4 Myanmar – Hope & Development
- Justice For Myanmar
- Justice Movement for Community-Innlay
- Kachin Affairs Organizintion – Japan (KAO Japan)
- Kachin Association Australia
- Kachin Association of Australia WA Inc.
- Kachin Human Rights Watch
- Kachin Women’s Association Thailand
- Kanbung Youth (Matupi)
- Kanpetlet Land Development Organization
- Karen Community in Netherlands (KCNL)
- Karen Community, Australia
- Karen Environmental and Social Action Network
- Karen Human Rights Group
- Karen National League Japan-KNL
- Karen Peace Support Network
- Karen Swedish Community (KSC)
- Karen Women’s Organization
- Karenni Federation of Australia
- Karenni Human Rights Group
- Karenni National Society (KNS) Japan
- Karenni National Women’s Organization
- Karenni Society New Zealand
- Karenni/Kayah Community
- Katha Basic Education Students’ Union
- Kayan Internally Displacement Supervising Committee
- Kayan Rescue Committee
- Kayin Community Tasmania
- Keng Tung Youth
- Khanthar Farmers Network
- Khumzup Local Development Committee
- Kobe Myanmar Community
- Korean House of International Solidarity (KHIS), Korea
- Kyaukse Basic Education Students’ Union
- Kyaukse University Students’ Union
- Kyauktada Strike Committee (KSC)
- Labor Union Federation
- Labutta Basic Education Students’ Union-ABFSU
- Land in Our Hand (LIOH)
- Langkho Basic Education Students’ Union
- Lashio Basic Education Students’ Union
- Latsinu Women Agency
- Launglon Basic Education Students’ Union
- League For Democracy in Burma (L.D.B Japan)
- Letpadan Basic Education Students’ Union-ABFSU
- LGBT Union Mandalay
- LGBTIQ Strike Group
- Loka Ahlinn
- Los Angeles Myanmar Movement
- Magway People’s Revolution Committee
- Mahaaungmyay Township People Strike Group
- Mandalar College Students Strike Group
- Mandalar University Students Union
- Mandalay Alliance Coalition Strike Group
- Mandalay Based University Student Unions
- Mandalay Civil Society Organization
- Mandalay Computer University Student Union
- Mandalay Engineers Group
- Mandalay People Strike Group
- Mandalay Poets’ Union
- Mandalay Private Universities Students Union
- Mandalay Regional Youth Association
- Mandalay Technology University (MTU) Students Union
- Mandalay Universities, Degree and College Teachers and Staffs Strike Group
- Mandalay University Alumni Strike Group
- Mandalay University of Foreign Languages Students Union
- Mandalay Wholesale Centers Strike Group
- Mandalay Women Strike
- Mandalay Youth Strike Group
- Matu Chin Community, Australia
- Matu Forum Committee
- Matu Women Association
- Mawkmai Basic Education Students’ Union
- Mawlamyine Basic Education Students’ Union
- Medical Family Mandalay (MFM)
- Meikhtila Basic Education Students’ Union-ABFSU
- Metta Campaign – Mandalay
- Midwifery Training School Students Union (Mandalay)
- MIIT Student Strike Column
- MilkTeaAlliance Calendar Team
- MilkTeaAlliance Galleries
- MilkTeaAlliance Malaysia
- Minbu Basic Education Students’ Union-ABFSU
- Mindat Chin Community
- Mindat Community, Australia
- Mindat Emergency Response Team (MERT)
- Minority Affairs Institute – MAI (Myanmar)
- Mizo Community, Australia
- Mogaung Basic Education Students’ Union
- Mohnyin Basic Education Students’ Union
- Mon Families Group
- Mon National Council
- Mon Youth For Federal Democracy
- Monywa Basic Education Students’ Union – ABFSU
- Monywa People Strike Steering Committee
- MRJ (Maraja)
- Mudon Basic Education Students’ Union
- Muslim Youth Network
- Muslim Youths Association
- Mya Taung Strike Group
- Myanmar Alliance for Transparency and Accountability
- Myanmar Buddhist Community of South Australia
- Myanmar CDM Association
- Myanmar Community Coffs Harbour (MCC)
- Myanmar Community Ireland
- Myanmar Cultural Research Society (MCRS)
- Myanmar Democracy and Peace Committee (Australia)
- Myanmar Democratic Force in Denmark
- Myanmar Democratic Movement (MDM)
- Myanmar Development Support Group (MDSG)
- Myanmar Diaspora Group (Finland)
- Myanmar Emergency Fund (Canada)
- Myanmar Engineering Association of Australia (MEAA)
- Myanmar Engineers – New Zealand
- Myanmar Global Support Foundation
- Myanmar Gonye (New Zealand)
- Myanmar Institute of Information and Technology (Mandalay) Students Union
- Myanmar Labour News
- Myanmar Medical Online Campus
- Myanmar Nationalities’ Support Organization – Japan (MNSO)
- Myanmar People Alliance (Shan State)
- Myanmar People Residing in Canberra
- Myanmar Professionals Association Australia (MPAA)
- Myanmar Railway Division (3) CDM Staffs Strike Group
- Myanmar Student Association Ontario (MSAO)
- Myanmar Students’ Association Australia (MSAA)
- Myanmar Students’ Union in New Zealand
- Myanmar Youth and Student Association, Japan-MYSA
- National University of Arts and Culture
- National Youth League for Politics and Leadership
- National Youth Organization
- Netherlands Myanmar Solidarity Platform
- Network for Advocacy Action
- Network for Human Rights Documentation Burma (ND-Burma)
- New Rehmonnya Federated Force
- New Zealand Doctors for NUG
- New Zealand Karen Association
- New Zealand Myanmar Ethnics Council
- New Zealand Zo Community Inc.
- No (12) Basic Education Middle School Student Union
- No (7) Basic Education High School Alumni Strike Group
- No.12 Basic Education Middle School (High Branch) Basic Education Students’ Union
- Northern Spectrum Youth Association
- Nursing Training School Students Union (Mandalay)
- Nursing University (Mandalay) Student Union
- Nyaunglebin Basic Education Students’ Union
- Okinawa Myanmar Association
- Olive Organization
- Open Development Foundation
- Overseas Mon Association – New Zealand
- Padaung Basic Education Students’ Union-ABFSU
- Pan Pa Wash People Strike Column
- Paramedical Technical University (Mandalay) Student Union
- Patriotic War Veterans of Burma (PWVB)
- PEC Private School Basic Education Students’ Union
- People’s Solidarity for Participatory Democracy (PSPD), Korea
- People’s Hope Spring Revolution (PHSR)
- Perth Myanmar Youth Network
- Phayagye Peace Strike Column
- Phayagyi Peace Strike Group
- Private pre school Teachers’ Association
- Progressive Voice
- Pyay Basic Education Students’ Union-ABFSU
- Pyigyidagon Strike Group
- Pyin Nyar Nan Daw Private School Basic Education Students’ Union
- Pyin Oo Lwin Basic Education Students’ Union
- Pyinmana Basic Education Students’ Union-ABFSU
- Pyithu Gonye (New Zealand)
- Queensland Kachin Community (QKC)
- Queensland Myanmar Youth Collective (QMYC)
- Queensland Rohingya Community
- Red Campaign Nirvana Exhortation Group
- Remonya Association of WA (Mon Community)
- Representing The Arrested People Strike
- Revolution Tokyo Myanmar (R.T.M)
- Rohingya Action Ireland
- Rohingya Women Webinar Series
- Rvwang Community Association New Zealand
- Saga Myanmar Overseas Student Association
- Saitama Pamphlet Campaign (SPC)
- Sangha Union Strike Group
- Save and Care Organization for Ethnic Women on the Border Areas
- Save Myanmar – USA
- Save Myanmar Fundraising Group (New Zealand)
- SEA Junction
- Sein Pan Strike Column
- Seinban Strike Group
- Seven Star
- Shan Community (New Zealand)
- Shan Community in Japan (SCJ)
- Shan MATA
- Shan Women Development Network
- ShizuYouth for Myanmar
- Shwe Chin Thae Farmers Network
- Shwe Minn Tha Foundation (Myanmar)
- Shwe Youth Democratic Alliance (SYDA)
- Sintgaing Basic Education Students’ Union
- Sisters 2 Sisters
- Sitt Nyein Pann Foundation
- Skills for Humanity
- Southcare Medical Centre
- Southeast Asia Freedom of Expressions Network (SAFENET)
- Southern Youth Development Organization
- Southerner News Agency
- Spring Revolution Interfaith Network (SRIN)
- Spring Revolution Myanmar Muslim Network (SRMMN)
- Spring University Myanmar (SUM)
- Strike Column of Representatives of Arbitrarily Arrested People
- Students and Youth Congress of Burma (SYCB)
- Students for Free Burma (SFB)
- Support for Myanmar
- Support Group for Democracy in Myanmar (The Netherlands)
- Swedish Burma Committee
- Sydney Friends for Myanmar Unity
- Ta’ang Legal Aid
- Ta’ang Women’s Organization
- Taekwando Sport Association
- Taekwondo Federation
- Tai Youths Network Japan (TYNJ)
- Taiwan Alliance for Myanmar (TAM)
- Tampawadi People Strike Group
- Tanintharyi MATA
- Tanintharyi People’s Voice
- Taunggyi Basic Education Students’ Union
- Technological Teachers’ Federation (TTF)
- Technological University (Yadanabon Cyber City) Students Union
- Technological University Mandalay (TUM) Students Union
- Tha Pyay Nyo Periodical
- Thapaynyo News Letter
- Thaton Basic Education Students’ Union
- The Institution of Professional Engineers Myanmar
- Thint Myat Lo Thu Myar Organization
- Twitter Team for Revolution
- U.S. Campaign for Burma
- Uakthon Local Social Development Organization
- Unitarian Universalist Service Committee
- United Myanmar Community of South Australia
- University of Computer (Mandalay) Students Union
- University of Dental Medicine (Mandalay) Students Union
- University of Medical Technology (Mandalay) Students Union
- University of Medicine (Mandalay) Students Union
- University of Nursing (Mandalay) Students Union
- University of Pharmacy (Mandalay) Students Union
- University of Traditional Medicine (Mandalay) Students Union
- University Youth Prayer Committee (YUPC)
- US Advocacy Coalition for Myanmar (USACM)
- VEC Private School Basic Education Students’ Union
- Victorian Burmese Care Community (VBCC)
- Victorian Myanmar Youth
- Vietnamese Women for Human Rights
- Voice For Justice (VFJ)
- We Love Motherland-MM (Malaysia)
- We Pledge CDM (Australia)
- We Support (Japan)
- Western Australia Myanmar Democratic Network
- Wetlet Basic Education Students’ Union-ABFSU
- Winemaw Civil Society Network
- Women Activists Myanmar
- Women Advocacy Coalition Myanmar (WAC-M)
- Women Alliance Burma
- Women’s League of Burma
- Wundwin Basic Education Students’ Union-ABFSU
- Yadanabon University Students Union
- Yadanapone University Student Union (Ya. Ta. Ka. Tha)
- Yadanar Foundation
- Yangon Medical Network
- Yedashe Basic Education Students’ Union-ABFSU
- Yokohama Pamphlet Campaign (YPC)
- Young Changemakers Community
- Youth Poets’ Union
- YUOE Debate Club
- Zabuthiri Basic Education Students’ Union-ABFSU
- Zo Community, Australia
- Zomi Association Australia Inc.
- Zomi Community Queensland
- Zomi Community South Australia
- ခိုင်မြဲသစ္စာဖွံ့ဖြိုးရေး ကော်မတီ
- ပြည်သူ့ရင်သွေးနွေဦးတော်လှန်ရေး
- ပြည်သူရင်သွေးနွေဦးတော်လှန်ရေး(ဂျပန်)
- မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
- မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် – ကိုရီးယား
- မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)
- ရေအေးမိတ်ဖက် ဖွံ့ဖြိုးရေးကော်မတီ
- အနာဂါတ်အလင်း ဖွံ့ဖြိုးရေးကော်မတီ
- အလင်းရောင်ပန်းတိုင် ဖွံ့ဖြိုးရေးကော်မတီ
- အလင်းသစ္စာဖွံ့ဖြိုးရေးကော်မတီ
- အလင်းသစ်ပရဟိတ
- အားမာန်သစ် ဖွံ့ဖြိုးကော်မတီ
သတ်မှတ်ချိန် ကျော်လွန်ပြီးနောက်ပိုင်း ထောက်ခံလက်မှတ် ထပ်မံပေးပို့လာသော အဖွဲ့အစည်းအမည်များကို အောက်ပါအတိုင်း ဖြည့်ထည့်ထားပါသည်။
- Burmese Rohingya Association in Japan (BRAJ)
- Coalition Myanmar-Québec
- Myanmar Doctors for Human Rights Network
- Nyan Lynn Thit Analytica
- Synergy
English version.
PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ