11 May 2022
၂၀၂၂ ခုနှစ် မေလ ၁၁ ရက်
ယခုနောက်ဆုံးရလူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ အချက်အလက်များသည် ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အတွင်း ၂၀၂၂ ခုနှစ် ဖေဖော်၀ါရီလမှဧပြီလထိ စစ်ကောင်စီတပ်သားများမှ ကျူးလွန်ခဲ့သောအချက်အလက်များဖြစ်သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပါ၀င်သော ရွာငံမြို့နယ်သည် မူလကအခြေစိုက်ထားသော စစ်ကောင်စီတပ်တခုမှမရှိခဲ့ပါ။ သို့သော်လည်းထိုဒေသရှိ အင်အားကြီးမားလာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ခုခံတော်လှန်မှုကို ဖြိုခွင်းရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလောအခြေစိုက် ခမရ ၁၁၂ နှင့် ၁၁၅၊ရပ်စောက်အခြေစိုက် ခမရ ၅၀၈ နှင့် ၅၀၉ တို့ဖြန့်ကျက်၀င်ရောက်လာခဲ့သည်။
ထိုကာလအတွင်း အပြစ်မဲ့ဒေသခံပြည်သူ၁၀ဦးအသတ်ခံခဲ့ရပြီး (၄င်းတို့ထဲမှ၉ဦးမှာ ညဥ်းပန်းနှိပ်စက်ခံရကာ အစုလိုက်အပြုံလိုက်သတ်ခံခဲ့ရ) ၂၅ ဦးဖမ်းဆီးခံခဲ့ရသည်။ နေအိမ် ၆ လုံးမွှေနှောက် လုယက်ခံခဲ့ရပြီး ၇ လုံးမီးရှို့ဖျက်ဆီး ခံခဲ့ ရသည်။ အဆိုပါအကြမ်းဖက်မှုဖြစ်စဥ်များကြောင့် နွားဘန်းကြီး၊ လွှစင်၊လယ်ကိုင်းနှင့်ပဲရင်းတောင် ကျေးရွာများမှ ဒေသခံပြည်သူ ၈၀၀ ကျော်သည် ၄င်းတို့၏ နေအိမ်များကိုစွန့်ခွာကာ ကျေးရွာအနီးရှိ တောတောင်များအတွင်းရှောင်တိမ်းနေထိုင်နေရသည်။
စစ်ကောင်စီတပ်သားများမှ ဆိုင်ကယ်မောင်းလာသောပြည်သူတစ်ဦးကိုပစ်သတ်ခဲ့
ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအုပ်စု နွားဘန်းကြီးကျေးရွာတွင် ၂၀၂၂ ခုနစ် ဖေဖော်၀ါရီလ ၁၅ ရက်ညနေပိုင်းက အသက်၂၁ အရွယ်ရှိမောင်ဇင်မင်းခိုင်သည် ၄င်း၏ မော်တော်ဆိုင်ကယ်ဖြင့် ၄င်းတို့ မိသားစုပိုင်သံပုရာခြံမှ အိမ်သို့ ပြန်လာရာ လမ်းတွင် နွားဘန်းကြီးကျေးရွာအတွင်းသို့ မောင်းနှင်လာသော စစ်ကောင်စီကားပေါ်မှ စစ်ကောင်စီတပ်သားများ၏ပစ်သတ်ခြင်းကိုခံခဲ့ရသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် ခမရ ၁၁၂ နှင့် ခမရ ၁၁၇ မှဖြစ်ပြီး ရွာအတွင်းသို့ အရှိန်ဖြင့် မောင်းနှင်လာခြင်းဖြစ်သည်။ မောင်ဇင်မင်းခိုင်အားပစ်သတ်ပြီးနောက် ၄င်းတို့သည် သူ၏ရုပ်အလောင်းကို ကလောဆေးရုံသို့ ယူဆောင်သွားကာ မိသားစုကိုအကြောင်းမကြားဘဲ မီးသင်္ဂြိုလ်ခဲ့သည်။
မောင်ဇင်မင်းခိုင်သည် ကရင်နီပြည် မော်ချီးသတ္တုတွင်းမှ ရွာငံမြို့နယ်ရှိမိသားစုနှင့် နေထိုင်ရန် ပြန်လာသောသာ မာန်အလုပ်သမားတစ်ဦးသာဖြစ်သည်။
ပြည်သူများမတရားဖမ်းဆီးချုပ်နှောင်မှုများ
၂၀၂၂ ခုနစ်မတ်လ ၁၈ ရက်နေ့ မနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်သား၈ဦးခန့်သည် နန်းခုံကျေးရွာအုပ်စု ပဲရင်းတောင်ရွာမှ အမျိုးသား ၃ ဦးကို ၄င်းတို့၏နေအိမ်တွင်ဖမ်းဆီးခဲ့ကာ ရွာငံမြို့နယ်သို့ခေါ်ဆောင် သွားခဲ့သည်။ ၄င်းတို့ကိုယခုအချိန်အထိ မည်သည့်နေရာတွင်ထိန်းသိမ်းထား သည်ကိုမသိရပေ။
၂၀၂၂ ခုနစ် ဧပြီလ ၂၂ ရက် မနက် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် ပဲရင်းတောင်ရွာမှ ပြည်သူ ဦးနေ ၀င်းကိုဖမ်းဆီးကာ ညောင်ရွှေမြို့အနီးရှိ တောင်လေးလုံးထောင်သို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနစ် ဧပြီလ ၂၆ ရက်နေ့ မနက် ၆ နာရီခန့်တွင်စစ်ကောင်စီတပ်သားများသည် လယ်ကိုင်းကျေးရွာအုပ်စု လယ် ကိုင်းရွာသို့ရောက်လာပြီး ရွာအတွင်းရှိလူငယ်များ၏ဖုန်းကိုစစ်ဆေးကာ လူငယ်၂၁ ဦးကို ကလောရှိ၄င်းတို့တပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ယနေ့အချိန်အထိ ထိုလူငယ်များနှင့် အဆက် အသွယ်ပြတ်တောက် လျက်ရှိသည်။
ရွာသူရွာသားများ၏နေအိမ်များကို လုယက်ခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်း
၂၀၂၂ ခုနစ်မတ်လ ၂၀ ရက် မနက် ၂နာရီ၀န်းကျင်ခန့်တွင် ပဲရင်းတောင်ကျေးရွာရှိနေအိမ် ၅လုံးကို စစ်ကောင်စီတပ်သားများမှ မွေနှောက်ရှာဖွေကာပစ္စည်းများကိုလုယက်သွားခဲ့သည်။
၂၀၂၂ ခုနစ် ဧပြီလ ၁၂ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာ၌ CDM လှုပ်ရှားမှု တွင်ပါ၀င်ခဲ့သည့် ဒေါ်ဆွေ၀ါ၀ါ၏နေအိမ်ကို ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါစစ် ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲနေထိုင်နေသည်မှာ တစ်လခန့်ရှိနေပြီး ကျေးရွာအတွင်းသို့ ဖြတ်သွားဖြတ်လာ သူများကို စစ်ဆေးလေ့ရှိသည်။
၂၀၂၂ ခုနစ်ဧပြီလ ၁၃ ရက်နေ့မနက် ၁နာရီခန့်တွင် စစ်ကောင်စီတပ်သား ၂၀ခန့်သည် နန်းခုံကျေးရွာအုပ်စု လွှစင် ကျေးရွာအတွင်းသို့ ကားများဖြင့်ရောက်ရှိလာကာ ဦးနီနှင့်ဦးစီတို့၏ အိမ်နှစ်လုံးကိုမီးရှို့ဖျက်ဆီး ခဲ့သည်။
၂၀၂၂ ခုနစ်ဧပြီလ ၁၈ ရက်နေ့ ည၈နာရီတွင် စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ကို၀င်းခိုင်၏နေအိမ်ကိုမီးရှို့ခဲ့ကြသည်။
၂၀၂၂ ခုနစ် ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားများသည်နွားဘန်းကြီးကျေးရွာရှိ ကိုဖိုးခိုင်၏နေအိမ်ကိုမီးရှို့ဖျက်ဆီးရာမိုးရွာလာသောကြောင့် မီးမလောင်သဖြင့်စစ်ကောင်စီတပ်သားများသည် တူများဖြင့်ထုရိုက်ဖျက်ဆီးခဲ့ကြသည်။
၂၀၂၂ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာရှိ ကိုသက်ဦး၏ နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြသည်။
၂၀၂၂ ဧပြီလ ၂၂ ရက်နေ့ မနက် ၁နာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် ပဲရင်းတောင်ကျေးရွာရှိ ဦးနေ၀င်း၏ ခြံ၀င်းတစ်၀င်းတည်းရှိနေအိမ်နှစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။
ညဥ်းပန်းနှိပ်စက်ကာအစုအပြုံလိုက်သတ်ဖြတ်မှုများ
၂၀၂၂ ခုနစ်ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သားများနှင့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၀င်များအကြား ဧပြီလ ၁၅ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တောထဲတွင် ပုန်းရှောင်နေရသော ပဲရင်းတောင်ကျေးရွာမှ အမျိုးသား ၉ ဦးတို့သည် ရွာသို့ပြန်လာရာတွင် စစ်ကောင်စီတပ်သားများ၏ဖမ်းဆီး ခြင်းကိုခံခဲ့ရသည်။ စစ်ကောင်စီတပ်သားများသည် ရွာသားများ၏ လက်နှင့်၀မ်းဗိုက်တို့ကို ဓားဖြင့်မွန်းကာနှိပ်စက်ခဲ့ပြီး နောက်ပစ်သတ်ကာ ပဲရင်းတောင်ကျေးရွာ အနောက်ဘက်ရှိကွင်းပြင်ထဲတွင် ၄င်းတို့၏ရုပ်အလောင်းကို ကားတာယာများဖြင့်မီးပုံရှို့ခဲ့ကြသည်။
ဧပြီလ ၂၀ ရက်နေ့တွင် ရွာသားများသည် မီးရှို့ခံထားရသော ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရသည်။ အချို့ရုပ်အလောင်းများမှာ တစ်စိတ်တစ်ပိုင်းသာ မီးးလောင်ခဲ့သဖြင့် ဓားဒဏ်ရာများနှင့် သေနတ်ကျည် ရာများကိုတွေ့ မြင်ခဲ့ ရသည်။ ရွာသားများသည် ရုပ်အလောင်းများကို မီးသင်္ဂြိုလ် ခဲ့ကြသည်။
သေဆုံးသူများမှာကိုတင်ဖေ (၄၈နှစ်) ကိုလှစိုး (၃၀နှစ်)၊ ကိုထွန်းဦး (၄၃နှစ်)၊ ကိုသက်အောင်(၃၇နှစ်)၊ ကိုမျိုးထွေး (၂၇နှစ်)၊ ကို၀င်းနိုင် (၅၀)နှစ်၊ ကိုဗထူး၊ ကိုလှရွှေ၊ ကိုဖိုးပြောင်တို့ဖြစ်ကြသည်။
ပဲရင်းတောင်ဒေသခံအများစုမှာ ဆက်လက်တိမ်းရှောင်နေကျပြီး အိမ်ပြန်ရန်ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
ယိင်းလျန်းဟန် +66 62 569 5220 (ရှမ်း၊ မြန်မာ)
စိုင်းဆန်လွယ် +66: 88 680 4913 (ရှမ်း၊ မြန်မာ)
PDF ဖိုင်ကို ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ I ရှမ်းဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.